အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူးဂိုးသမား အယ်လီဆန် ပါမှာ မဟုတ်ဘဲ အယ်ဒရီယန် ပွဲထွက်မှာ ဖြစ်ပါတယ်။ အယ်လီဆန်ဟာ ပွဲကြို လေ့ကျင့်ရေးမှာ ဒဏ်ရာရသွားပါတယ်။ ထရန့်ကတော့ ပါဝင်နိုင်မှာဖြစ်ပါတယ်။

အက်စတွန်ဗီလာပွဲအတွက် ခရီးသွား လူစာရင်းမှာတော့ ဆာလက်၊ ထရန့်တို့အပြင် အသင်ခေါင်းဆောင် ဟန်ဒါဆန်လည်း ပါဝင်သွားပါတယယ်။

ကာရာဘောင်းပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ လီဗာပူး လူငယ်လေး ရိုစ့် ဝီလီယမ်ဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံခဲ့ပါတယ်။ ဒါကြောင့် ရိုစ့်နဲ့ ကာတစ်ဂျုံးတို့ဟာ သူတို့ရဲ့ ပထမဆုံးသော ယူ-၂၁ အသင်းအတွက် ကစားပေးမှုတွေကို လာမယ့်အပတ်ထဲ ပြုလုပ်ပေးသွားနိုင်မှာပါ။

လီဗာပူးက အကြိမ်ကြိမ် ကင်းထောက် စောင့်ကြည့်နေတဲ့ အန်ဒါလက်အသင်းမှ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမား ဒိုကူကို ပြင်သစ်ကလပ် ရီးနက်စ်အသင်းက ယူရို ၂၇ သန်ဖြင့် ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေပါပြီ။

လီဗာပူးက သဘောကျတဲ့ ဒေါ့မွန်မှ ရေနာကို စောင့်ကြည့်နေတယ်လို့ နွေကတည်းက သတင်းထွက်နေပြီး ဆယ်ကျော်သက်လေးကလည်း ဒီရာသီမှာ ဒေါ့မွန်အတွက် ခြေစွမ်းပြလာနိုင်တာကြောင့် မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကျောက်ရိုင်းတွေကို မြင်နိုင်စွမ်းမှာ လက်ဖျားခါလောက်တယ်ဆိုတဲ့ ထောက်ခံမှုတွေ မြင့်တက်နေပါတယ်။

လီဗာပူးတိုက်စစ်သမား မာနေးနဲ့ ကွင်းလယ်လူ သီယာဂိုတို့ဟာ ကိုဗစ် ကူးစက်ခံထားရမှုကြောင့် ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့် အက်စတွန်ဗီလာနဲ့ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ပေမယ့် နိုင်ငံတကာပွဲအပြီး ပြန်လည် ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် အစောပိုင်း ၃ ပွဲမှာတင် ရမှတ် ၅ မှတ်လျော့ကျခဲ့တဲ့အပေါ် မေးခွန်းထုတ်ခံရရာမှာ သူ့အသင်းနဲ့ ပက်သက်လို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆန်က စကိုင်းစပေါ့က သူ့ရဲ့ သုံးသပ်မှု အစီအစဉ်မှာ ကားတစ်ဂျုံးရဲ့ အနေအထားကို ထည့်ပြောခဲ့ပြီး လီဗာပူးကနေ ထွက်ခွာသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

မန်စီးတီးအသင်းက လိဒ်ယူနိုက်တက်နဲ့ သရေကျခဲ့အပြီးမှာ မန်စီးတီး ကစားသမားဟောင်း မီဂါရစ်ချက်က အမှတ်ပေးဇယားကို လီဗာပူးက ရမှတ် ၉၀ ကျော်ဖြင့် ဦးဆောင်သွားဦးမှာပါလို့ ထုတ်ပြောလိုက်ပါတယ်။

ယူ-၁၈ အဆင့်ပွဲမှာ လီဗာပူးလူငယ်လေး လေသန် စတီးဝပ်ဟာ ဘလက်ဘန်းဘက်ကို hat-trick သွင်းနိုင်တာကြောင့် ဒီရာသီမှာ သုံးပွဲကစား သွင်းဂိုး ၆ ဂိုးထိ ရလာခဲ့ပါပြီ။

လီဗာပူးတစ်သင်းလုံးဟာ အခုချိန်မှာ ပိုမိုထက်မြက်ပြီး အာရုံစူးစိုက်မှု ပိုကောင်းလာသလို ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့အတွက် ပိုပြီးတော့တောင် ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်နေတယ်လို့ ဝိုက်နယ်ဒန်က ဆိုပါတယ်။

ZAWGYI

အက္စတြန္ဗီလာနဲ႔ပြဲမွာ လီဗာပူးဂိုးသမား အယ္လီဆန္ ပါမွာ မဟုတ္ဘဲ အယ္ဒရီယန္ ပြဲထြက္မွာ ျဖစ္ပါတယ္။ အယ္လီဆန္ဟာ ပြဲၾကိဳ ေလ့က်င့္ေရးမွာ ဒဏ္ရာရသြားပါတယ္။ ထရန္႔ကေတာ့ ပါဝင္ႏုိင္မွာျဖစ္ပါတယ္။

အက္စတြန္ဗီလာပြဲအတြက္ ခရီးသြား လူစာရင္းမွာေတာ့ ဆာလက္၊ ထရန္႔တို႔အျပင္ အသင္ေခါင္းေဆာင္ ဟန္ဒါဆန္လည္း ပါဝင္သြားပါတယယ္။

ကာရာေဘာင္းပြဲေတြမွာ ေျခစြမ္းျပခဲ့တဲ့ လီဗာပူး လူငယ္ေလး ရိုစ့္ ဝီလီယမ္ဟာ အဂၤလန္ ယူ-၂၁ အသင္းအတြက္ ေရြးခ်ယ္ခံခဲ့ပါတယ္။ ဒါေၾကာင့္ ရိုစ့္နဲ႔ ကာတစ္ဂ်ံဳးတို႔ဟာ သူတုိ႔ရဲ႕ ပထမဆံုးေသာ ယူ-၂၁ အသင္းအတြက္ ကစားေပးမႈေတြကို လာမယ့္အပတ္ထဲ ျပဳလုပ္ေပးသြားႏုိင္မွာပါ။

လီဗာပူးက အၾကိမ္ၾကိမ္ ကင္းေထာက္ ေစာင့္ၾကည့္ေနတဲ့ အန္ဒါလက္အသင္းမွ အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမား ဒိုကူကို ျပင္သစ္ကလပ္ ရီးနက္စ္အသင္းက ယူရို ၂၇ သန္ျဖင့္ ေခၚယူႏုိင္ဖို႔ အေတာ္ေလး နီးစပ္ေနပါျပီ။

လီဗာပူးက သေဘာက်တဲ့ ေဒါ့မြန္မွ ေရနာကို ေစာင့္ၾကည့္ေနတယ္လုိ႔ ေႏြကတည္းက သတင္းထြက္ေနျပီး ဆယ္ေက်ာ္သက္ေလးကလည္း ဒီရာသီမွာ ေဒါ့မြန္အတြက္ ေျခစြမ္းျပလာႏုိင္တာေၾကာင့္ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ေက်ာက္ရိုင္းေတြကို ျမင္ႏုိင္စြမ္းမွာ လက္ဖ်ားခါေလာက္တယ္ဆိုတဲ့ ေထာက္ခံမႈေတြ ျမင့္တက္ေနပါတယ္။

လီဗာပူးတိုက္စစ္သမား မာေနးနဲ႔ ကြင္းလယ္လူ သီယာဂိုတို႔ဟာ ကိုဗစ္ ကူးစက္ခံထားရမႈေၾကာင့္ ဒီကေန႔ ယွဥ္ျပိဳင္ကစားရမယ့္ အက္စတြန္ဗီလာနဲ႔ပြဲကို ပါဝင္ကစားႏုိင္မွာ မဟုတ္ေပမယ့္ ႏုိင္ငံတကာပြဲအျပီး ျပန္လည္ ယွဥ္ျပိဳင္ရမယ့္ အဲဗာတန္နဲ႔ပြဲမွာ ပါဝင္လာႏုိင္ပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာဟာ ပရီးမီးယားလိဂ္ အေစာပိုင္း ၃ ပြဲမွာတင္ ရမွတ္ ၅ မွတ္ေလ်ာ့က်ခဲ့တဲ့အေပၚ ေမးခြန္းထုတ္ခံရရာမွာ သူ႔အသင္းနဲ႔ ပက္သက္လို႔ ေက်နပ္တယ္လို႔ ဆိုပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္း ေပါလ္မာဆန္က စကိုင္းစေပါ့က သူ႔ရဲ႕ သံုုးသပ္မႈ အစီအစဥ္မွာ ကားတစ္ဂ်ံဳးရဲ႕ အေနအထားကို ထည့္ေျပာခဲ့ျပီး လီဗာပူးကေန ထြက္ခြာသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

မန္စီးတီးအသင္းက လိဒ္ယူႏုိက္တက္နဲ႔ သေရက်ခဲ့အျပီးမွာ မန္စီးတီး ကစားသမားေဟာင္း မီဂါရစ္ခ်က္က အမွတ္ေပးဇယားကို လီဗာပူးက ရမွတ္ ၉၀ ေက်ာ္ျဖင့္ ဦးေဆာင္သြားဦးမွာပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

ယူ-၁၈ အဆင့္ပြဲမွာ လီဗာပူးလူငယ္ေလး ေလသန္ စတီးဝပ္ဟာ ဘလက္ဘန္းဘက္ကို hat-trick သြင္းႏုိင္တာေၾကာင့္ ဒီရာသီမွာ သံုးပြဲကစား သြင္းဂိုး ၆ ဂိုးထိ ရလာခဲ့ပါျပီ။

လီဗာပူးတစ္သင္းလုံးဟာ အခုခ်ိန္မွာ ပိုမိုထက္ျမက္ၿပီး အာ႐ုံစူးစိုက္မႈ ပိုေကာင္းလာသလို ပရီးမီးယားလိဂ္ဖလားကို ကာကြယ္ဖို႔အတြက္ ပိုၿပီးေတာ့ေတာင္ ခက္ခက္ခဲခဲ ႀကိဳးစားေလ့က်င့္ေနတယ္လို႔ ဝိုက္နယ္ဒန္က ဆိုပါတယ္။