လီဗာပူးအသင်းဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ ၇-၂ ဆိုတဲ့ ရလဒ်နဲ့ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တယ်။

ဒီပွဲမှာ ဗီလာဟာ အသိအမှတ်ပြုရမယ့် ပြိုင်ဘက်ဖြစ်သလို လီဗာပူးအသင်းကလည်း ရာနှုန်းပြည့် မစွမ်းဆောင်နိုင်ခြင်းနဲ့အတူ ဒီလောက် ဂိုးပြတ် အရေးနိမ့်ခဲ့တာအတွက် အသင်းက လူတိုင်းက တာဝန်ယူရပါမယ်လို့ ဗန်ဒိုက်က ပြောပါတယ်။

ဗန်ဒိုက်က ” ပထမဆုံးအနေနဲ့ အက်စတွန်ဗီလာရဲ့ အကောင်းဆုံး လုပ်နိုင်မှုကို ချီးကျူးပါတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကိုယ်ဘာသာ ပြန်ကြည့်မယ်ဆိုရင်လည်း ပွဲအစကနေ ပွဲအဆုံးထိ ရာနှုန်းပြည့် မလုပ်ဆောင်နိုင်ရင် ဒီလို စွမ်းဆောင်ရည်မျိုး ထွက်လာမယ်လို့ ခံစားရတယ်။

ကျနေ်ာတို့ ပေးလိုက်ရတဲ့ ပေးဂိုး အနေအထားတွေမှာ အခုထက်ပိုပြီး ကောင်းကောင်း ခုခံမှုတွေ လုပ်နိုင်ခဲ့သင့်တယ်ဆိုတာ မှန်ပါတယ်။ ကျနေ်ာတို့မှာ အခွင့်အရေးတွေလည်း အများကြီး ရခဲ့ပြီး အဲ့အခွင့်အရေးတွေကိုလည်း ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့သင့်ပါတယ်။

အားလုံးမှာတော့ ကျနေ်ာတို့ စိတ်ပျက်ခဲ့ရတယ်။ ဒီကနေ့ ကျနေ်ာတို့ အရေးနိမ့်ခဲ့တဲ့ ဂိုးအရေအတွက်နဲ့ မရံှူးသင့်ပါဘူး။ အခုချိန်မှာတော့ အတူတကွ ဆက်ပြီး ကြိုးစားကြဖို့ကပဲ အဓိက ဖြစ်ပါတယ်။ ဒီလိုရလဒ်မျိူး ထပ်မထွက်လာဖို့က အရေးကြီးပါတယ်။

အက်စတွန်ဗီလာက အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ကျနေ်ာတို့ကလည်း ပွဲထဲမှာ လုပ်ခဲ့တာထက် ပိုကောင်းကောင်း လုပ်ခဲ့သင့်တာဖြစ်တယ်။ ခြေလှမ်းတွေ ပြန်တိုးနိုင်ဖို့ အရေးကြီးကိစ္စဖြစ်တယ်။ ဒီပွဲနဲ့ အာဆင်နယ်ကို ရင်ဆိုင်ခဲ့တဲ့ လိဂ်ပွဲကြားမှာ ကွာခြားမှုက ကြီးပါတယ်။ အသင်းက လူတိုင်းက ဒီရလဒ်အတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ” လို့ ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ မနက္က ယွဥ္ျပိဳင္ကစားတဲ့ အက္စတြန္ဗီလာနဲ႔ပြဲမွာ ၇-၂ ဆိုတဲ့ ရလဒ္နဲ႔ ဆိုးဆိုးရြားရြား အေရးနိမ့္ခဲ့တယ္။

ဒီပြဲမွာ ဗီလာဟာ အသိအမွတ္ျပဳရမယ့္ ျပိဳင္ဘက္ျဖစ္သလို လီဗာပူးအသင္းကလည္း ရာႏႈန္းျပည့္ မစြမ္းေဆာင္ႏိုင္ျခင္းနဲ႔အတူ ဒီေလာက္ ဂိုးျပတ္ အေရးနိမ့္ခဲ့တာအတြက္ အသင္းက လူတိုင္းက တာဝန္ယူရပါမယ္လို႔ ဗန္ဒိုက္က ေျပာပါတယ္။

ဗန္ဒိုက္က ” ပထမဆံုးအေနနဲ႔ အက္စတြန္ဗီလာရဲ႕ အေကာင္းဆံုး လုပ္ႏုိင္မႈကို ခ်ီးက်ဴးပါတယ္။ သူတို႔နဲ႔ ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈကို ေပးရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ကိုယ္ဘာသာ ျပန္ၾကည့္မယ္ဆိုရင္လည္း ပြဲအစကေန ပြဲအဆံုးထိ ရာႏႈန္းျပည့္ မလုပ္ေဆာင္ႏုိင္ရင္ ဒီလို စြမ္းေဆာင္ရည္မ်ိဳး ထြက္လာမယ္လို႔ ခံစားရတယ္။

က်ေန္ာတို႔ ေပးလိုက္ရတဲ့ ေပးဂိုး အေနအထားေတြမွာ အခုထက္ပိုျပီး ေကာင္းေကာင္း ခုခံမႈေတြ လုပ္ႏုိင္ခဲ့သင့္တယ္ဆိုတာ မွန္ပါတယ္။ က်ေန္ာတို႔မွာ အခြင့္အေရးေတြလည္း အမ်ားၾကီး ရခဲ့ျပီး အဲ့အခြင့္အေရးေတြကိုလည္း ပိုေကာင္းေအာင္ လုပ္ေဆာင္ႏုိင္ခဲ့သင့္ပါတယ္။

အားလံုးမွာေတာ့ က်ေန္ာတို႔ စိတ္ပ်က္ခဲ့ရတယ္။ ဒီကေန႔ က်ေန္ာတို႔ အေရးနိမ့္ခဲ့တဲ့ ဂိုးအေရအတြက္နဲ႔ မရံွဴးသင့္ပါဘူး။ အခုခ်ိန္မွာေတာ့ အတူတကြ ဆက္ျပီး ၾကိဳးစားၾကဖို႔ကပဲ အဓိက ျဖစ္ပါတယ္။ ဒီလိုရလဒ္မ်ိဴး ထပ္မထြက္လာဖို႔က အေရးၾကီးပါတယ္။

အက္စတြန္ဗီလာက အေကာင္းဆံုးလုပ္ႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ က်ေန္ာတို႔ကလည္း ပြဲထဲမွာ လုပ္ခဲ့တာထက္ ပိုေကာင္းေကာင္း လုပ္ခဲ့သင့္တာျဖစ္တယ္။ ေျခလွမ္းေတြ ျပန္တိုးႏုိင္ဖို႔ အေရးၾကီးကိစၥျဖစ္တယ္။ ဒီပြဲနဲ႔ အာဆင္နယ္ကို ရင္ဆိုင္ခဲ့တဲ့ လိဂ္ပြဲၾကားမွာ ကြာျခားမႈက ၾကီးပါတယ္။ အသင္းက လူတိုင္းက ဒီရလဒ္အတြက္ တာဝန္ယူရမွာ ျဖစ္ပါတယ္။ ” လို႔ ခဲ့တာ ျဖစ္ပါတယ္။