ဒီကနေ့ဟာ အင်္ဂလန် အပြောင်းအရွှေ့ ဈေးကွက် Deadline နေ့ဖြစ်ပါတယ်။ လီဗာပူးဟာ ကစားသမား ခေါ်ယူမှုနဲ့ ရောင်းချမှုတွေကို ဒီနေ့မှာ နောက်ဆုံးလုပ်ရမှာဖြစ်ပါတယ်။ (ချန်ပီယံရှစ်ကလပ်တွေကို အငှားချတဲ့ ကိစ္စကတော့ နောက်ရက်တွေမှာ ဆက်လက် လုပ်ခွင့် ရှိပါဦးမယ်)

စီးရီးအေကလပ် နှစ်သင်းက ကမ်းလှမ်းမှု လုပ်ထားတဲ့ ကွင်းလယ်လူ ရှာကွီရီအတွက် နောက်ကျ ကမ်းလှမ်းမှုတွေ ထပ်ရှိလာဖို့ မမြင်ဘဲ ဆွစ်ဇလန်သားဟာ ဇန်နဝါရီအထိ လီဗာပူးမှာပဲ ဆက်နေပါလိမ့်မယ်။ သူ့ကို ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် အငှား ကမ်းလှမ်းမှုတွေဖြစ်ကာ လီဗာပူးက လက်မခံခဲ့ဘဲ ဇန်နဝါရီ ဈေးကွက် မတိုင်ခင်ထိ အသင်းမှာပဲ ဆက်ထိန်းထားပါမယ်။

ကွင်းလယ်လူ ဂရုဂျစ်အတွက် ဝက်ဟမ်း၊ ဝါဒါဘရီမင်တို့က စုံစမ်းမှုတွေ လုပ်ခဲ့ပေမယ့် အငှားကမ်းလှမ်းမှုတွေပဲဖြစ်ကာ အသင်းဘက်ကတော့ အခြေအနေ တိုးတက်လာနိုင်မလားဆိုတာကို ဆက်လက် လုပ်ဆောင်နေဆဲပါ။ အငှားဖြင့် ထွက်ခွင့်ပြုမယ်ဆိုရင် ကမ်းလှမ်းမယ့် ကလပ်တွေ ရှိနေပြီး အသင်းဘက်က ရာသီကုန်မှာ အပြီးသတ် ခေါ်ယူမှု ထည့်သွင်း ကမ်းလှမ်းစေလိုပါတယ်။

ဟယ်ရီဝဲလ်ဆန်ကိုတော့ ဘန်လေရဲ့ ပေါင် ၁၂ သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးတည်းက ကမ်းလှမ်းမှု မရှိတော့ပါဘူး။ ဖူလ်ဟမ်၊ ဘရိုက်တန်နဲ့ နယူးကာဆယ်တို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ မရှိကာ လီဗာပူးမှာပဲ ဆက်ရှိနေပါမယ်။

ဘယ်အစွန်လူ လာရိုစီကတော့ နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရမယ့်သူပါ။ လီဗာပူးနဲ့ စာချုပ် သက်တမ်းတိုးမှု မလုပ်ထားတဲ့ ၁၉ နှစ်အရွယ် ဘယ်အစွန်လူကို ချန်ပီယံရှစ်ကလပ်တွေဖြစ်တဲ့ ဘရတ်ဖိုဒ့်၊ နော်ဝစ်အပြင် ပရီးမီးယားလိဂ်ကလပ် လိဒ်ကလည်း အလိုရှိနေပါတယ်။

ခံစစ်သမား ဗန်ဒန်ဘယ်ရာကို နယ်သာလန်ဘက်က အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဝုဒ်ဘမ်း၊ နက်ဖီးလစ်၊ လိုင်ယမ်းမီလာတို့ကတော့ အသင်းမှာပဲ ဆက်ရှိနေဆဲပါ။ ဝုဒ်ဘမ်းကို ဟူးစီးတီး၊ နက်ဖီလစ်ကို ဘရစ္စတိုစီးတီး မက်ဒယ်ဘရော့ နော်တင်ဟမ် ဖော့ရက်စ်တို့က စိတ်ဝင်စားသလို မီလ်ာကိုတော့ မီဝဲလ်ဘက်က စိတ်ဝင်စားနေပါတယ်။

အသက် ၁၇ နှစ်အရွယ် လူငယ်ဂိုးသမား Marco Pitaluga ကတော့ အသင်းနဲ့ လေ့ကျင့်နေပြီဖြစ်ကာ အားလုံးသော သဘောတူညီမှုတွေကိုတော့ ဖလူမီနက်စ်နဲ့ ညိနှိုင်း အောင်မြင်ခဲ့ပါပြီ။

စပါးအရန် ဂိုးသမားဖြစ်သူ Paolo Gazzaniga နဲ့ လီဗာပူးသတင်းကလည်း ဈေးကွက် နောက်ဆုံးနာရီထိ စောင့်ကြည့်ရဦးမှာပါ။ သူဟာ ဈေးကွက် နောက်ဆုံးရက်မှာ လီဗာပူးကို ပြောင်းလာနိုင်တဲ့ တစ်ဦးတည်းသာ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူ့ကို ခေါ်ယူဖို့ အဲဗာတန်က ချိတ်ဆက်မှု လုပ်ထားပြီး အဲဗာတန်က ယူနိုက်တက်မှ ရိုမဲရိုးကိုလည်း စဉ်းစားနေပါတယ်။

ZAWGYI

ဒီကေန႔ဟာ အဂၤလန္ အေျပာင္းအေရႊ႔ ေစ်းကြက္ Deadline ေန႔ျဖစ္ပါတယ္။ လီဗာပူးဟာ ကစားသမား ေခၚယူမႈနဲ႔ ေရာင္းခ်မႈေတြကို ဒီေန႔မွာ ေနာက္ဆံုးလုပ္ရမွာျဖစ္ပါတယ္။ (ခ်န္ပီယံရွစ္ကလပ္ေတြကို အငွားခ်တဲ့ ကိစၥကေတာ့ ေနာက္ရက္ေတြမွာ ဆက္လက္ လုပ္ခြင့္ ရွိပါဦးမယ္)

စီးရီးေအကလပ္ ႏွစ္သင္းက ကမ္းလွမ္းမႈ လုပ္ထားတဲ့ ကြင္းလယ္လူ ရွာကီြရီအတြက္ ေနာက္က် ကမ္းလွမ္းမႈေတြ ထပ္ရွိလာဖို႔ မျမင္ဘဲ ဆြစ္ဇလန္သားဟာ ဇန္နဝါရီအထိ လီဗာပူးမွာပဲ ဆက္ေနပါလိမ့္မယ္။ သူ႔ကို ကမ္းလွမ္းမႈေတြ ရွိခဲ့ေပမယ့္ အငွား ကမ္းလွမ္းမႈေတြျဖစ္ကာ လီဗာပူးက လက္မခံခဲ့ဘဲ ဇန္နဝါရီ ေစ်းကြက္ မတိုင္ခင္ထိ အသင္းမွာပဲ ဆက္ထိန္းထားပါမယ္။

ကြင္းလယ္လူ ဂရုဂ်စ္အတြက္ ဝက္ဟမ္း၊ ဝါဒါဘရီမင္တို႔က စံုစမ္းမႈေတြ လုပ္ခဲ့ေပမယ့္ အငွားကမ္းလွမ္းမႈေတြပဲျဖစ္ကာ အသင္းဘက္ကေတာ့ အေျခအေန တိုးတက္လာႏုိင္မလားဆိုတာကို ဆက္လက္ လုပ္ေဆာင္ေနဆဲပါ။ အငွားျဖင့္ ထြက္ခြင့္ျပဳမယ္ဆိုရင္ ကမ္းလွမ္းမယ့္ ကလပ္ေတြ ရွိေနျပီး အသင္းဘက္က ရာသီကုန္မွာ အျပီးသတ္ ေခၚယူမႈ ထည့္သြင္း ကမ္းလွမ္းေစလိုပါတယ္။

ဟယ္ရီဝဲလ္ဆန္ကိုေတာ့ ဘန္ေလရဲ႕ ေပါင္ ၁၂ သန္းတန္ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ျပီးတည္းက ကမ္းလွမ္းမႈ မရွိေတာ့ပါဘူး။ ဖူလ္ဟမ္၊ ဘရိုက္တန္နဲ႔ နယူးကာဆယ္တုိ႔ကလည္း စိတ္ဝင္စားခဲ့ေပမယ့္ တရားဝင္ ကမ္းလွမ္းမႈေတြ မရွိကာ လီဗာပူးမွာပဲ ဆက္ရွိေနပါမယ္။

ဘယ္အစြန္လူ လာရိုစီကေတာ့ ေနာက္ဆံုးအခ်ိန္ထိ ေစာင့္ၾကည့္ရမယ့္သူပါ။ လီဗာပူးနဲ႔ စာခ်ဳပ္ သက္တမ္းတိုးမႈ မလုပ္ထားတဲ့ ၁၉ ႏွစ္အရြယ္ ဘယ္အစြန္လူကို ခ်န္ပီယံရွစ္ကလပ္ေတြျဖစ္တဲ့ ဘရတ္ဖိုဒ့္၊ ေနာ္ဝစ္အျပင္ ပရီးမီးယားလိဂ္ကလပ္ လိဒ္ကလည္း အလိုရွိေနပါတယ္။

ခံစစ္သမား ဗန္ဒန္ဘယ္ရာကို နယ္သာလန္ဘက္က အငွားေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ဝုဒ္ဘမ္း၊ နက္ဖီးလစ္၊ လိုင္ယမ္းမီလာတို႔ကေတာ့ အသင္းမွာပဲ ဆက္ရွိေနဆဲပါ။ ဝုဒ္ဘမ္းကို ဟူးစီးတီး၊ နက္ဖီလစ္ကို ဘရစၥတိုစီးတီး မက္ဒယ္ဘေရာ့ ေနာ္တင္ဟမ္ ေဖာ့ရက္စ္တို႔က စိတ္ဝင္စားသလို မီလ္ာကိုေတာ့ မီဝဲလ္ဘက္က စိတ္ဝင္စားေနပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ လူငယ္ဂိုးသမား Marco Pitaluga ကေတာ့ အသင္းနဲ႔ ေလ့က်င့္ေနျပီျဖစ္ကာ အားလံုးေသာ သေဘာတူညီမႈေတြကိုေတာ့ ဖလူမီနက္စ္နဲ႔ ညိႏိႈင္း ေအာင္ျမင္ခဲ့ပါျပီ။

စပါးအရန္ ဂိုးသမားျဖစ္သူ Paolo Gazzaniga နဲ႔ လီဗာပူးသတင္းကလည္း ေစ်းကြက္ ေနာက္ဆံုးနာရီထိ ေစာင့္ၾကည့္ရဦးမွာပါ။ သူဟာ ေစ်းကြက္ ေနာက္ဆံုးရက္မွာ လီဗာပူးကို ေျပာင္းလာႏုိင္တဲ့ တစ္ဦးတည္းသာ ကစားသမား ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ သူ႔ကို ေခၚယူဖို႔ အဲဗာတန္က ခ်ိတ္ဆက္မႈ လုပ္ထားျပီး အဲဗာတန္က ယူႏုိက္တက္မွ ရိုမဲရိုးကိုလည္း စဥ္းစားေနပါတယ္။