လီဗာပူးအသင်းဟာ ဒီရာသီမှာတော့ လိုဗရန်၊ လယ်လာနာ၊ လိုနာဂန်တို့လို စီနီယာ သုံးဦးကို အလွန်နဲ့ ထွက်ခွင့်ပေးပြီး ဟိုဗာနဲ့ ဘရူးစတားတို့ကို အပြီးသတ် ရောင်းချခဲ့တယ်။

လီဗာပူးဟာ နောက်ထပ် စီနီယာတစ်ဦးဖြစ်သူ ကားရီးယက်ကို အငှားချခဲ့ကာ ကစားသမား အဝင်အဖြစ်တော့ သီယာဂို၊ ဂျိုတာနဲ့ ကိုစတက်တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လို့ ကလပ် လူစာရင်း ဟန်ချက်ညီရေးအတွက် ဂရုဂျစ်၊ ရှာကွီရီနဲ့ ဝဲလ်ဆန်တို့ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ခြင်းနဲ့ အိုရီဂီအတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ပေးခြင်းတွေက မအောင်မြင်ခြ့ပါဘူး။

ဗြိတိန် နွေဈေးကွက်ဟာ ဒီအနက် ၄ နာရီခွဲမှာပဲ ပိတ်သွားခဲ့ပြီဖြစ်ကာ ကစားသမား အဝင် အထွက်တွေက ရှိနေတော့မှာ မဟုတ်ဘူး။ အောက်တိုဘာလ ၁၆ ရက်နေ့အထိတော့ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန် အောက်တန်းလိဂ်တွေကြားမှာ ကစားသမား အရွှေ့အပြောင်း ဆက်လက် လုပ်ဆောင်ခွင့်ပဲ ကျန်ရှိတော့မှာဖြစ်တယ်။

ကလပ်တွေက ဂရုဂျစ်၊ ရှာကွီရီ၊ ဝဲလ်ဆန်တို့ကို ခေါ်ယူဖို့ ညိနှိုင်းမှုဗတွ ဝင်ကြပေမယ့် တစ်သင်းမှ လောက်လောက်လားလား ကမ်းလှမ်းမှုတွေ မပေးခဲ့ကြဘဲ အငှားဖြင့်ပဲ ခေါ်ယူလိုခဲ့ကြတယ်။ ဒါကြောင့်လည်း သူတို့တွေက ဒီရာသီ မာဆေးဆိုဒ်မှာပဲ ဆက်ရှိနေမှာပါ။

ပရီးမီးယားလိဂ် ကစားသမား မှတ်ပုံတင်မှုမှာတော့ ဂရုဂျစ်၊ ရှာကွီရီ၊ ဝဲလ်ဆန်တို့ဟာ အသက် ၂၃ နှစ်ကို ကျော်လွန်နေတာကြောင့် စီနီယာအသင်းသားတွေအဖြစ် နာမည်စာရင်း သွင်းရမှာဖြစ်တယ်။ ဝဲလ်ဆန်ကိုတော့ homegrown အဖြစ် စာရင်းသွင်းနိုင်ပေမယ့် ပြင်ပကစားသမား ၁၇ ဦးကို တစ်ဦး ကျော်လွန်နေခြင်းကြောင့် ရှာကွီရီနဲ့ ဂရုဂျစ်တို့ထဲက တစ်ဦးကတော့ဒီရာသီ ပရီးမီးယားလိဂ်ကို ကစားခွင့်ရမှာ မဟုတ်ပါဘူး။

မကြာခင်မှာတော့ လီဗာပူးဟာ ကစားသမားစာရင်းတွေကို ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီမွာေတာ့ လိုဗရန္၊ လယ္လာနာ၊ လိုနာဂန္တို႔လို စီနီယာ သံုးဦးကို အလြန္နဲ႔ ထြက္ခြင့္ေပးျပီး ဟိုဗာနဲ႔ ဘရူးစတားတို႔ကို အျပီးသတ္ ေရာင္းခ်ခဲ့တယ္။

လီဗာပူးဟာ ေနာက္ထပ္ စီနီယာတစ္ဦးျဖစ္သူ ကားရီးယက္ကို အငွားခ်ခဲ့ကာ ကစားသမား အဝင္အျဖစ္ေတာ့ သီယာဂို၊ ဂ်ိဳတာနဲ႔ ကိုစတက္တို႔ကို ေခၚယူခဲ့ပါတယ္။ ဒါေပမယ့္လို႔ ကလပ္ လူစာရင္း ဟန္ခ်က္ညီေရးအတြက္ ဂရုဂ်စ္၊ ရွာကီြရီနဲ႔ ဝဲလ္ဆန္တို႔ကို ေရာင္းထုတ္ဖို႔ ၾကိဳးစားခဲ့ျခင္းနဲ႔ အိုရီဂီအတြက္ ကမ္းလွမ္းမႈေတြကို လမ္းဖြင့္ေပးျခင္းေတြက မေအာင္ျမင္ချ့ပါဘူး။

ျဗိတိန္ ေႏြေစ်းကြက္ဟာ ဒီအနက္ ၄ နာရီခြဲမွာပဲ ပိတ္သြားခဲ့ျပီျဖစ္ကာ ကစားသမား အဝင္ အထြက္ေတြက ရွိေနေတာ့မွာ မဟုတ္ဘူး။ ေအာက္တိုဘာလ ၁၆ ရက္ေန႔အထိေတာ့ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ ေအာက္တန္းလိဂ္ေတြၾကားမွာ ကစားသမား အေရႊ႔အေျပာင္း ဆက္လက္ လုပ္ေဆာင္ခြင့္ပဲ က်န္ရွိေတာ့မွာျဖစ္တယ္။

ကလပ္ေတြက ဂရုဂ်စ္၊ ရွာကီြရီ၊ ဝဲလ္ဆန္တို႔ကို ေခၚယူဖို႔ ညိႏိႈင္းမႈဗတြ ဝင္ၾကေပမယ့္ တစ္သင္းမွ ေလာက္ေလာက္လားလား ကမ္းလွမ္းမႈေတြ မေပးခဲ့ၾကဘဲ အငွားျဖင့္ပဲ ေခၚယူလိုခဲ့ၾကတယ္။ ဒါေၾကာင့္လည္း သူတို႔ေတြက ဒီရာသီ မာေဆးဆိုဒ္မွာပဲ ဆက္ရွိေနမွာပါ။

ပရီးမီးယားလိဂ္ ကစားသမား မွတ္ပံုတင္မႈမွာေတာ့ ဂရုဂ်စ္၊ ရွာကီြရီ၊ ဝဲလ္ဆန္တို႔ဟာ အသက္ ၂၃ ႏွစ္ကို ေက်ာ္လြန္ေနတာေၾကာင့္ စီနီယာအသင္းသားေတြအျဖစ္ နာမည္စာရင္း သြင္းရမွာျဖစ္တယ္။ ဝဲလ္ဆန္ကိုေတာ့ homegrown အျဖစ္ စာရင္းသြင္းႏုိင္ေပမယ့္ ျပင္ပကစားသမား ၁၇ ဦးကို တစ္ဦး ေက်ာ္လြန္ေနျခင္းေၾကာင့္ ရွာကီြရီနဲ႔ ဂရုဂ်စ္တို႔ထဲက တစ္ဦးကေတာ့ဒီရာသီ ပရီးမီးယားလိဂ္ကို ကစားခြင့္ရမွာ မဟုတ္ပါဘူး။

မၾကာခင္မွာေတာ့ လီဗာပူးဟာ ကစားသမားစာရင္းေတြကို ထုတ္ျပန္ေပးမွာျဖစ္ပါတယ္။