Nike ဟာ လီဗာပူးဘောလုံးအသင်းရဲ့ ဟေးဘရော့မိသားစုဝင်တွေကို လေးစားမှုထားတဲ့ “96” အထိမ်းအမှတ် အမှတ်အသားကို မသိပါဘဲ ယူသုံးမဥအတွက် တရားဝင် တောင်းပန်မှု လုပ်ခဲ့ရပါတယ်။

ထာဝရမီးတောက်ကို တစ်ဘက်စီမှာထားတဲ့ “96” နံပါတ်ဟာ လီဗာပူးအသင်းရဲ့ ပွဲနေ့ ဂျာစီတွေမှာပဲ ပါဝင်ရတဲ့ အမှတ်အသားဖြစ်ပါတယ်။ ဒီအမှတ်အသားဟာ ၁၉၈၉ ခုနှစ်မှာ ဟေးဘရော့ဖြစ်ရပ်အတွင်း သေဆုံးခဲ့ကြတဲ့ လီဗာပူးပရိသတ်တွေကို အောက်မေ့တဲ့ ဂုဏ်ပြုမှုတစ်ခုအဖြစ် ပွဲနေ့ဂျာစီရဲ့ ကော်လံမှာ ထည့်သွင်းကြခြင်းဖြစ်တယ်။

ဒါပေမယ့်လို့ Nike ဘက်က လီဗာပူးရဲ့ အစဉ်အလာကို မသိဘဲ အဆိုပါ ထာဝရမီးတောက် တစ်ဘက်စီပါတဲ့ “96” နံပါတ် ကို သူတို့ထုတ် လီဗာပူးဘောလုံးတွေမှာပါ ထည့်တွင်းခဲ့တာပါ။ တရားဝင် ရောင်းချမှုတွေအဆင့်ထိ မရောက်ခဲ့ဘဲ တကယ်တမ်း ရောင်းချမှုမတိုင်ခင် ဘောလုံး အချို့ကို Nike ရဲ့ ဆိုင်တွေမှာ အလှပြထားရာက ကန့်ကွက်မှုတွေ စတင်ခဲ့ခြင်းဖြစ်တယ်။

သူတို့အမှားကို သိသွားတဲ့ Nike က ” ဘောလုံးတွေကို ရောင်းဖို့က ကျနေ်ာတို့ရဲ့ ဦးတည်မှု မဟုတ်ခဲ့ပါဘူး။ တိုက်ခိုက်စော်ကားသလို ဖြစ်သွားတာအတွက်လည်း ဟေးဘရော့မိသားစုဝင်တွေကို လေးလေးနက်နက် တောင်းပန်ပါတယ်။ ဒီကိစ္စကိုလည်း ဦးစားပေးအဖြစ် ဆောင်ရွက်သွားဖို့ ဆက်ကြည့်နေပါတယ် ” တရားဝင် တောင်းပန်ခဲ့တယ်။

ကုမ္ပဏီဘက်ကတော့ ဟေးဘရော့ မိသားစုဝင်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် တောင်းပန်မှုတွေ လုပ်နေခဲ့ကာ ဆက်ပြီးလည်း ရှာဖွေ တောင်းပန်သွားမယ့် သဘောဖြစ်ပါတယ်။ လောလောဆယ်ထိ ဘောလုံးတွေကို မရောင်းထုတ်ရသေးပေမယ့် ဆိုင်တွေကို ဖြန့်ချီထားမှုတော့ ရှိတယ်လို့ သိရတယ်။

ဟေးဘရော့ဖြစ်ရပ်ဟာ လီဗာပူးသမိုင်းမှာ အထိအနာဆုံး ဖြစ်ရပ်ဆိုးဖြစ်ခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် လီဗာပူးအသင်းနဲ့ လီဗာပူးမြို့သားတွေဟာ မတရားစော်ကားမှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ဖြေရှင်းခဲ့ရသလို အခုထိလည်း တရားဥပဒေဘောင်ထဲကနေ တွန်းလှန်နေကြဆဲဖြစ်ပါတယ်။

ZAWGYI

Nike ဟာ လီဗာပူးေဘာလံုးအသင္းရဲ႕ ေဟးဘေရာ့မိသားစုဝင္ေတြကို ေလးစားမႈထားတဲ့ “96” အထိမ္းအမွတ္ အမွတ္အသားကို မသိပါဘဲ ယူသံုးမဥအတြက္ တရားဝင္ ေတာင္းပန္မႈ လုပ္ခဲ့ရပါတယ္။

ထာဝရမီးေတာက္ကို တစ္ဘက္စီမွာထားတဲ့ “96” နံပါတ္ဟာ လီဗာပူးအသင္းရဲ႕ ပြဲေန႔ ဂ်ာစီေတြမွာပဲ ပါဝင္ရတဲ့ အမွတ္အသားျဖစ္ပါတယ္။ ဒီအမွတ္အသားဟာ ၁၉၈၉ ခုႏွစ္မွာ ေဟးဘေရာ့ျဖစ္ရပ္အတြင္း ေသဆံုးခဲ့ၾကတဲ့ လီဗာပူးပရိသတ္ေတြကို ေအာက္ေမ့တဲ့ ဂုဏ္ျပဳမႈတစ္ခုအျဖစ္ ပြဲေန႔ဂ်ာစီရဲ႕ ေကာ္လံမွာ ထည့္သြင္းၾကျခင္းျဖစ္တယ္။

ဒါေပမယ့္လို႔ Nike ဘက္က လီဗာပူးရဲ႕ အစဥ္အလာကို မသိဘဲ အဆိုပါ ထာဝရမီးေတာက္ တစ္ဘက္စီပါတဲ့ “96” နံပါတ္ ကို သူတို႔ထုတ္ လီဗာပူးေဘာလံုးေတြမွာပါ ထည့္တြင္းခဲ့တာပါ။ တရားဝင္ ေရာင္းခ်မႈေတြအဆင့္ထိ မေရာက္ခဲ့ဘဲ တကယ္တမ္း ေရာင္းခ်မႈမတိုင္ခင္ ေဘာလံုး အခ်ိဳ႔ကို Nike ရဲ႕ ဆိုင္ေတြမွာ အလွျပထားရာက ကန္႔ကြက္မႈေတြ စတင္ခဲ့ျခင္းျဖစ္တယ္။

သူတို႔အမွားကို သိသြားတဲ့ Nike က ” ေဘာလံုးေတြကို ေရာင္းဖို႔က က်ေန္ာတို႔ရဲ႕ ဦးတည္မႈ မဟုတ္ခဲ့ပါဘူး။ တိုက္ခိုက္ေစာ္ကားသလို ျဖစ္သြားတာအတြက္လည္း ေဟးဘေရာ့မိသားစုဝင္ေတြကို ေလးေလးနက္နက္ ေတာင္းပန္ပါတယ္။ ဒီကိစၥကိုလည္း ဦးစားေပးအျဖစ္ ေဆာင္ရြက္သြားဖို႔ ဆက္ၾကည့္ေနပါတယ္ ” တရားဝင္ ေတာင္းပန္ခဲ့တယ္။

ကုမၸဏီဘက္ကေတာ့ ေဟးဘေရာ့ မိသားစုဝင္ေတြကို ကိုယ္တိုင္ကိုယ္က် သြားေရာက္ ေတာင္းပန္မႈေတြ လုပ္ေနခဲ့ကာ ဆက္ျပီးလည္း ရွာေဖြ ေတာင္းပန္သြားမယ့္ သေဘာျဖစ္ပါတယ္။ ေလာေလာဆယ္ထိ ေဘာလံုးေတြကို မေရာင္းထုတ္ရေသးေပမယ့္ ဆိုင္ေတြကို ျဖန္႔ခ်ီထားမႈေတာ့ ရွိတယ္လို႔ သိရတယ္။

ေဟးဘေရာ့ျဖစ္ရပ္ဟာ လီဗာပူးသမိုင္းမွာ အထိအနာဆံုး ျဖစ္ရပ္ဆိုးျဖစ္ခဲ့ျပီး ဒီျဖစ္ရပ္ေၾကာင့္ လီဗာပူးအသင္းနဲ႔ လီဗာပူးျမိဳ႔သားေတြဟာ မတရားေစာ္ကားမႈေတြကို ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ေျဖရွင္းခဲ့ရသလို အခုထိလည္း တရားဥပေဒေဘာင္ထဲကေန တြန္းလွန္ေနၾကဆဲျဖစ္ပါတယ္။