ဂျင်မီကာရေဂါက နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ပြန်ကစားရမယ့် မာဆေးဆိုဒ် ဒါဘီပွဲမှာတော့ ခံစစ်မှူး ဂိုးမက်စ်ကို ပွဲထွက်လူစာရင်းမှာ မထည့်ဖို့ တောင်းဆိုလိုက်ပါတယ်။

လီဗာပူးဟာ အက်စတွန်ဗီလာကို ရင်ဆိုင်ရချိန်မှာ ကြီးမားတဲ့ အရံှူးရလဒ် တွေ့ခဲ့တာဖြစ်ပြီး ခံစစ်တန်းက အမှားတွေ များခဲ့တာပါ။ အဆိုပါပွဲ မတိုင်ခင် ချယ်ဆီးနဲ့ပွဲမှာတော့ ဗဟိုခံစစ်သမား နေရာမှာ ဖာဘင်ညို ကစားခဲ့ပြီး ခြေစွမ်း ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။

ဖာဘင်ညိုဟာ လူစာရင်း လိုအပ်ချက်အရ နံပါတ် ၆ နေရာနဲ့ ဗဟိုခံစစ်သမားနေရာတွေကို ကစားပေးနေရတယ်။ မာဆေးဆိုဒ်ဒါဘီမှာတော့ ဟန်ဒါဆန်ကော သီယာဂိုပါ ပါဝင်လာမှာဖြစ်လို့ ဖာဘင်ညိုကို ဗဟိုခံစစ်မှူးနေရာ ဆင်းကစားစေကာ ဂိုးမက်စ်ကို ပွဲထွက်လူစာရင်းကနေ အနားပေးထားဖို့ ကာရေဂါက တိုက်တွန်းခဲ့ပါတယ်။

ကာရေဂါက ” ဂိုးမက်စ်ရဲ့ ခြေစွမ်းနဲ့ ချယ်ဆီးနဲ့ပွဲ ခံစစ်မှာ ပြသခဲ့တဲ့ ဖာဘင်ညိုရဲ့ ခြေစွမ်းတွေအရ ရှေ့ဆက်မယ့် ကိစ္စတွေအတွက် ကျနော်ကတော့ သိလိုစိတ်တွေ ရှိလာပါပြီ။ သေချာတာကတော့ ဟန်ဒါဆန်က ပြန်လာပါပြီ။ သီယာဂို ပြန်ပါလာဖို့လည်း မျှော်လင့်လို့ ရနိုင်ပါပြီ။

အဲဗာတန်နဲ့ပွဲမှာ သူတို့ ဘယ်လိုလုပ်မလဲဆိုတာကို သိလိုပါတယ်။ ဂိုးမက်စ်က နှစ်ပတ်လောက် လူစာရင်းကနေ ပျောက်နေမှာဆိုတော့ သူ့ကို အသက်ရှုခွင့်ပေးလိုက်ပါ။ သူက လီဗာပူးအတွက် အကောင်းဆုံး လုပ်ထားပါတယ်။ ဒါကို ကျနော် သံသယမရှိပါဘူး။

ဒါပေမယ့်လို့ ဘောလုံးရာသီ ပြန်စကတည်းက ပွဲတွေ ပြန်စကတည်းက လီဗာပူးက ဂိုးတွေ ပေးထားရတယ် လိဒ်နဲ့ပွဲကိုလည်း မေ့လို့မရဘူး။ နောက် အက်စတွန်ဗီလာနဲ့ပွဲကိုပေါ့ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ဂ်င္မီကာေရဂါက ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာ ျပန္ကစားရမယ့္ မာေဆးဆိုဒ္ ဒါဘီပြဲမွာေတာ့ ခံစစ္မွဴး ဂိုးမက္စ္ကို ပြဲထြက္လူစာရင္းမွာ မထည့္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

လီဗာပူးဟာ အက္စတြန္ဗီလာကို ရင္ဆိုင္ရခ်ိန္မွာ ၾကီးမားတဲ့ အရံွဴးရလဒ္ ေတြ႔ခဲ့တာျဖစ္ျပီး ခံစစ္တန္းက အမွားေတြ မ်ားခဲ့တာပါ။ အဆိုပါပြဲ မတိုင္ခင္ ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ ဗဟိုခံစစ္သမား ေနရာမွာ ဖာဘင္ညိဳ ကစားခဲ့ျပီး ေျခစြမ္း ေကာင္းမြန္ခဲ့တာ ျဖစ္ပါတယ္။

ဖာဘင္ညိဳဟာ လူစာရင္း လိုအပ္ခ်က္အရ နံပါတ္ ၆ ေနရာနဲ႔ ဗဟိုခံစစ္သမားေနရာေတြကို ကစားေပးေနရတယ္။ မာေဆးဆိုဒ္ဒါဘီမွာေတာ့ ဟန္ဒါဆန္ေကာ သီယာဂိုပါ ပါဝင္လာမွာျဖစ္လို႔ ဖာဘင္ညိဳကို ဗဟိုခံစစ္မွဴးေနရာ ဆင္းကစားေစကာ ဂိုးမက္စ္ကို ပြဲထြက္လူစာရင္းကေန အနားေပးထားဖို႔ ကာေရဂါက တိုက္တြန္းခဲ့ပါတယ္။

ကာေရဂါက ” ဂိုးမက္စ္ရဲ႕ ေျခစြမ္းနဲ႔ ခ်ယ္ဆီးနဲ႔ပြဲ ခံစစ္မွာ ျပသခဲ့တဲ့ ဖာဘင္ညိဳရဲ႕ ေျခစြမ္းေတြအရ ေရွ႔ဆက္မယ့္ ကိစၥေတြအတြက္ က်ေနာ္ကေတာ့ သိလိုစိတ္ေတြ ရွိလာပါျပီ။ ေသခ်ာတာကေတာ့ ဟန္ဒါဆန္က ျပန္လာပါျပီ။ သီယာဂို ျပန္ပါလာဖို႔လည္း ေမွ်ာ္လင့္လို႔ ရႏုိင္ပါျပီ။

အဲဗာတန္နဲ႔ပြဲမွာ သူတို႔ ဘယ္လိုလုပ္မလဲဆိုတာကို သိလိုပါတယ္။ ဂိုးမက္စ္က ႏွစ္ပတ္ေလာက္ လူစာရင္းကေန ေပ်ာက္ေနမွာဆိုေတာ့ သူ႔ကို အသက္ရႈခြင့္ေပးလိုက္ပါ။ သူက လီဗာပူးအတြက္ အေကာင္းဆံုး လုပ္ထားပါတယ္။ ဒါကို က်ေနာ္ သံသယမရွိပါဘူး။

ဒါေပမယ့္လို႔ ေဘာလံုးရာသီ ျပန္စကတည္းက ပြဲေတြ ျပန္စကတည္းက လီဗာပူးက ဂိုးေတြ ေပးထားရတယ္ လိဒ္နဲ႔ပြဲကိုလည္း ေမ့လို႔မရဘူး။ ေနာက္ အက္စတြန္ဗီလာနဲ႔ပြဲကိုေပါ့ ” လို႔ ဆိုခဲ့တာျဖစ္တယ္။