လီဗာပူးအသင်းဟာ အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် အဓိက ကစားသမား ၂၁ ဦးကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေထံ စေလွှတ်ပေးခဲ့ပါတယ်။

ခရီးရှည်တွေ သွားကရမယ့် ဖာဘင်ညို၊ ဖာမင်နိုတို့နဲ့အတူ လီဗာပူးအတွက် ဒီအပတ် နိုင်ငံတကာ သီတင်းပတ်ကတော့ စိတ်ကျေနပ်ဖို့ မကောင်းပါဘူး။ ကမ္ဘာဖလား ခြေစစ်ပွဲ၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်တွေ အပါအဝင် လက်ရွေးစင်တာဝန်တွေအတွက် အသင်းသားတွေကို စေလွှတ်ရမယ်လို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေက သတိပေးချက် ထုတ်ခဲ့ခြင်းဖြစ်တယ်။

လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အခြေအနေအရ သက်ဆိုင်ရာ နိုင်ငံအသင်းတွေကို စေလွှတ်ခြင်း ခံရတဲ့ ကစားသမားတွေ အားလုံးက သူတို့ရဲ့ နိုင်ငံအသင်းတွေကို ပူးပေါင်းစဉ်မှာ ကိုဗစ် စစ်ဆေးခံကြရတယ်။ ဒီကနေ့ အင်္ဂါနေ့မနက်မှာတော့ လီဗာပူးက စေလွှတ်တဲ့ ကစားသမား ၂၁ ဦးထဲမှာ ဆွစ်ဇလန်ကို ရောက်သွားတဲ့ ရှာကွီရီမှာ ကိုဗစ်ပိုး တွေ့ခဲ့ပါတယ်။

အက်စတွန်ဗီလာကို အရေးနိမ့်အပြီးမှာ အသင်းရဲ့ စိတ်ဓါတ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းကို ပြင်ဆင်ဖို့ ယာဂင်ကလော့ပ်က အလိုရှိခဲ့ပေမယ့်လည်း နိုင်ငံအသင်းတွေကို စေလွှတ်ပေးခဲ့ရတယ်။ စိတ်ပျက်စရာ ပြက္ခဒိန်တစ်ခုအဖြစ် ပြည်တွင်းပွဲစဉ်တွေကော၊ ဥရောပပွဲစဉ်တွေပါ ပြည့်နေတဲ့ကြားက နိုင်ငံပွဲတွေကလည်း ကြားဖြတ် ပါဝင်လာခဲ့တယ်။

လက်တလောမှာတော့ ကိုဗစ် ၁၉ ကူးစက်ခံရမယ့် အခြေအနေတွေကို သတိထားရမယ့်အသူ ဒဏ်ရာပြဿနာတွေကလည်း အဓိက စောင့်ကြည့်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ လီဗာပူးမှာတော့ သီယာဂိုနဲ့ မာနေးတို့က သီးသန့်နေထိုင်မှုတွေနဲ့ ကျန်ရှိနေတယ်။ အယ်လီဆန်ကလည်း ပုခုံးဒဏ်ရာကြောင့် ဘရာဇီးအသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိပါဘူး။

လီဗာပူးက စေလွှတ်ရတဲ့ ကစားသမားတွေထဲမှာတော့ ဘိုလီဗီယား၊ ပီရူးတို့နဲ့ ရင်ဆိုင်ရမယ့် ဘရာဇီးက ခရီးအရှည်ဆုံးတွေဖြစ်သလို ကိုဗစ်နဲ့ ပက်သက်လို့ အန္တရာယ်အရှိဆုံး နယ်ပယ်တွေထဲမှာလည်း ပါဝင်နေတာဖြစ်တယ်။

ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ဟာ အောက်တိုဘာလ ၁၅ ရက် ကြာသပတေးနေ့ နောက်ကျ အချိန်ထိ မဲဝုဒ်ကို ပြန်လာနိုင်မှာ မဟုတ်သလို သူတို့နှစ်ဦး ကလပ်နဲ့ ပြန်လည် ပူးပေါင်းခဲ့ချိန်မှာ နောက်တစ်ကြိမ် ကိုဗစ်စစ်ဆေးမှု ရလဒ် ထွက်ပေါ်ဖို့ မသေချာခြင်းကြောင့် မာဆေးဆိုဒ်ဒါဘီမှာ ပါဝင်ကစားဖို့က နောက်ဆုံး နာရီအထိ စောင့်ကြည့်ရမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေအာက္တိုဘာလ ႏုိင္ငံတကာ သီတင္းပတ္အတြက္ အဓိက ကစားသမား ၂၁ ဦးကို သက္ဆိုင္ရာ လက္ေရြးစင္အသင္းေတြထံ ေစလႊတ္ေပးခဲ့ပါတယ္။

ခရီးရွည္ေတြ သြားကရမယ့္ ဖာဘင္ညိဳ၊ ဖာမင္ႏိုတို႔နဲ႔အတူ လီဗာပူးအတြက္ ဒီအပတ္ ႏုိင္ငံတကာ သီတင္းပတ္ကေတာ့ စိတ္ေက်နပ္ဖို႔ မေကာင္းပါဘူး။ ကမၻာဖလား ေျခစစ္ပြဲ၊ ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္ေတြ အပါအဝင္ လက္ေရြးစင္တာဝန္ေတြအတြက္ အသင္းသားေတြကို ေစလႊတ္ရမယ္လို႔ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအက သတိေပးခ်က္ ထုတ္ခဲ့ျခင္းျဖစ္တယ္။

လက္ရွိ ကမၻာလံုးဆုိင္ရာ အေျခအေနအရ သက္ဆုိင္ရာ ႏုိင္ငံအသင္းေတြကို ေစလႊတ္ျခင္း ခံရတဲ့ ကစားသမားေတြ အားလံုးက သူတို႔ရဲ႕ ႏုိင္ငံအသင္းေတြကို ပူးေပါင္းစဥ္မွာ ကိုဗစ္ စစ္ေဆးခံၾကရတယ္။ ဒီကေန႔ အဂၤါေန႔မနက္မွာေတာ့ လီဗာပူးက ေစလႊတ္တဲ့ ကစားသမား ၂၁ ဦးထဲမွာ ဆြစ္ဇလန္ကို ေရာက္သြားတဲ့ ရွာကီြရီမွာ ကိုဗစ္ပိုး ေတြ႔ခဲ့ပါတယ္။

အက္စတြန္ဗီလာကို အေရးနိမ့္အျပီးမွာ အသင္းရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔ စြမ္းေဆာင္ရည္ပိုင္းကို ျပင္ဆင္ဖို႔ ယာဂင္ကေလာ့ပ္က အလိုရွိခဲ့ေပမယ့္လည္း ႏုိင္ငံအသင္းေတြကို ေစလႊတ္ေပးခဲ့ရတယ္။ စိတ္ပ်က္စရာ ျပကၡဒိန္တစ္ခုအျဖစ္ ျပည္တြင္းပြဲစဥ္ေတြေကာ၊ ဥေရာပပြဲစဥ္ေတြပါ ျပည့္ေနတဲ့ၾကားက ႏုိင္ငံပြဲေတြကလည္း ၾကားျဖတ္ ပါဝင္လာခဲ့တယ္။

လက္တေလာမွာေတာ့ ကိုဗစ္ ၁၉ ကူးစက္ခံရမယ့္ အေျခအေနေတြကို သတိထားရမယ့္အသူ ဒဏ္ရာျပႆနာေတြကလည္း အဓိက ေစာင့္ၾကည့္ရမယ့္ ကိစၥေတြျဖစ္ပါတယ္။ လီဗာပူးမွာေတာ့ သီယာဂိုနဲ႔ မာေနးတို႔က သီးသန္႔ေနထိုင္မႈေတြနဲ႔ က်န္ရွိေနတယ္။ အယ္လီဆန္ကလည္း ပုခံုးဒဏ္ရာေၾကာင့္ ဘရာဇီးအသင္းနဲ႔ ပူးေပါင္းႏုိင္ျခင္း မရွိပါဘူး။

လီဗာပူးက ေစလႊတ္ရတဲ့ ကစားသမားေတြထဲမွာေတာ့ ဘိုလီဗီယား၊ ပီရူးတို႔နဲ႔ ရင္ဆိုင္ရမယ့္ ဘရာဇီးက ခရီးအရွည္ဆံုးေတြျဖစ္သလို ကိုဗစ္နဲ႔ ပက္သက္လို႔ အႏၱရာယ္အရွိဆံုး နယ္ပယ္ေတြထဲမွာလည္း ပါဝင္ေနတာျဖစ္တယ္။

ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ဟာ ေအာက္တိုဘာလ ၁၅ ရက္ ၾကာသပေတးေန႔ ေနာက္က် အခ်ိန္ထိ မဲဝုဒ္ကို ျပန္လာႏုိင္မွာ မဟုတ္သလို သူတို႔ႏွစ္ဦး ကလပ္နဲ႔ ျပန္လည္ ပူးေပါင္းခဲ့ခ်ိန္မွာ ေနာက္တစ္ၾကိမ္ ကိုဗစ္စစ္ေဆးမႈ ရလဒ္ ထြက္ေပၚဖို႔ မေသခ်ာျခင္းေၾကာင့္ မာေဆးဆိုဒ္ဒါဘီမွာ ပါဝင္ကစားဖို႔က ေနာက္ဆံုး နာရီအထိ ေစာင့္ၾကည့္ရမယ္လို႔ သိရပါတယ္။