လီဗာပူးတိုက်စစ်မှူးဟောင်း အဲဒရစ်က အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တ့ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အပျော်တမ်းအဆင့် ခြေစွမ်းပဲရှိပြီး ကမ်းကုန်အောင် ညံ့တယ်လို့ မာဆေးဆိုဒ်သတင်းစာကနေ ဝေဖန်ပါတယ်။

သူကပဲ လက်ရှိ လီဗာပူးအသင်းဟာ အောင်မြင်မှုတွေ များစွာကို ရယူပေးလာတာကြောင့် အပျော်ကြူးနေပြီး ကွပ်ကဲမှုတွေ လိုအပ်နေပြီလို့ မြင်တယ်။ အဲဒရစ်ကတော့ သမိုင်းဝင် ရံှူးပွဲကို ရင်ဆိုင်ခဲ့ရတဲ့ အသင်းသားတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။

အဲဒရစ်က “ လီဗာပူးက ကမ်းကုန်အောင် ညံ့ခဲ့တယ်။ အသင်းက နိုင်တာတွေ သိပ်များနေပြီး ပျော်စရာတွေ အများကြီးကို ယူဆောင်လာပေးခဲ့တာကြောင့် ဒီအသင်းကို သတိပေးတာမျိုးတွေ မလုပ်ချင်ကြဘူး။ ဒါတွေကိုလုပ်ဖို့ မန်နေဂျာကိုပဲ တာဝန်ပေးထားခဲ့တယ်။

ဒါက သတိပေးချက်ပါပဲ။ လီဗာပူးက စတင်ပြီး ပေါ့လျော့လာနေတယ်၊ ပုံစံကောင်းရနေတဲ့ ဗီလာကို ရင်ဆိုင်ရာမှာ နှေးကွေးခဲ့တယ်။ ပွဲအစမှာ ဘောလုံးကို ခပ်လွယ်လွယ် ဆုံးရံှုးလိုက်တာမျိုးက အပျော်တမ်းအသင်း အဆင့်မှာပဲ ရှိနေပါတယ်။

၇၀ ခုနှစ်တွေမှာ လီဗာပူးအတွက် ငါကစားပေးခဲ့တုန်းက ဗီလာနဲ့ပွဲကို မှတ်မိသေးတယ်။ ငါတို့ ပထမပိုင်းမှာတင် ၅-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ပွဲအပြီး ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ရံှုးခဲ့တယ်။ တနင်္လာနေ့ မနက်မှာ နောက်တစ်ကြိမ် ထပ်ပြီး အံ့အားသင့်ခဲ့ရပြန်ပါတယ်။

အဆိုးဆုံးကိစ္စကတော့ လီဗာပူးအသင်းသားတွေက နှစ်ပတ်လောက် အဝေးကို ရောက်နေကြမယ့် ကိစ္စပါပဲ။ နိုင်ငံတကာသီတင်းပတ် မဟုတ်ဘူးဆိုရင် သူတို့ လေ့ကျင့်ရေးကို အာရုံစိုက်ပြီး နောက်ပွဲအတွက် ပြင်ဆင်ကြပါလိမ့်မယ်။ ဒါပေမယ့် အခုကတော့ တကယ်ကို အိပ်မက်ဆိုးပါပဲ။

ကစားသမား အများအပြားက အဲဗာတန်နဲ့ပွဲ မတိုင်ခင် ၂ ရက် ၃ ရက်နေမှာ ပြန်လာမှာပါ။ လီဗာပူးက ဒါဘီပွဲမှာ ပုံစ့ကောင်းနဲ့ ပြန်လည် တုန့်ပြန်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ရပါမယ်။ ဘာဖြစ်လာမယ်ဆိုတာကတော့ စောင့်ကြည့်ယုံပေါ့ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴးေဟာင္း အဲဒရစ္က အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ခဲ့တ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ အေပ်ာ္တမ္းအဆင့္ ေျခစြမ္းပဲရွိျပီး ကမ္းကုန္ေအာင္ ညံ့တယ္လို႔ မာေဆးဆိုဒ္သတင္းစာကေန ေဝဖန္ပါတယ္။

သူကပဲ လက္ရွိ လီဗာပူးအသင္းဟာ ေအာင္ျမင္မႈေတြ မ်ားစြာကို ရယူေပးလာတာေၾကာင့္ အေပ်ာ္ၾကဴးေနျပီး ကြပ္ကဲမႈေတြ လိုအပ္ေနျပီလို႔ ျမင္တယ္။ အဲဒရစ္ကေတာ့ သမိုင္းဝင္ ရံွဴးပြဲကို ရင္ဆိုင္ခဲ့ရတဲ့ အသင္းသားေတြကို ၾကပ္ၾကပ္မတ္မတ္ လုပ္ဖို႔ သတိေပးခဲ့ပါေသးတယ္။

အဲဒရစ္က “ လီဗာပူးက ကမ္းကုန္ေအာင္ ညံ့ခဲ့တယ္။ အသင္းက ႏုိင္တာေတြ သိပ္မ်ားေနျပီး ေပ်ာ္စရာေတြ အမ်ားၾကီးကို ယူေဆာင္လာေပးခဲ့တာေၾကာင့္ ဒီအသင္းကို သတိေပးတာမ်ိဳးေတြ မလုပ္ခ်င္ၾကဘူး။ ဒါေတြကိုလုပ္ဖို႔ မန္ေနဂ်ာကိုပဲ တာဝန္ေပးထားခဲ့တယ္။

ဒါက သတိေပးခ်က္ပါပဲ။ လီဗာပူးက စတင္ျပီး ေပါ့ေလ်ာ့လာေနတယ္၊ ပံုစံေကာင္းရေနတဲ့ ဗီလာကို ရင္ဆိုင္ရာမွာ ေႏွးေကြးခဲ့တယ္။ ပြဲအစမွာ ေဘာလံုးကို ခပ္လြယ္လြယ္ ဆံုးရံွဳးလိုက္တာမ်ိဳးက အေပ်ာ္တမ္းအသင္း အဆင့္မွာပဲ ရွိေနပါတယ္။

၇၀ ခုႏွစ္ေတြမွာ လီဗာပူးအတြက္ ငါကစားေပးခဲ့တုန္းက ဗီလာနဲ႔ပြဲကို မွတ္မိေသးတယ္။ ငါတို႔ ပထမပိုင္းမွာတင္ ၅-၀ နဲ႔ အေရးနိမ့္ခဲ့ျပီး ပြဲအျပီး ၅-၁ ဆိုတဲ့ ရလဒ္နဲ႔ ရံွဳးခဲ့တယ္။ တနလၤာေန႔ မနက္မွာ ေနာက္တစ္ၾကိမ္ ထပ္ျပီး အံ့အားသင့္ခဲ့ရျပန္ပါတယ္။

အဆိုးဆံုးကိစၥကေတာ့ လီဗာပူးအသင္းသားေတြက ႏွစ္ပတ္ေလာက္ အေဝးကို ေရာက္ေနၾကမယ့္ ကိစၥပါပဲ။ ႏုိင္ငံတကာသီတင္းပတ္ မဟုတ္ဘူးဆိုရင္ သူတို႔ ေလ့က်င့္ေရးကို အာရံုစိုက္ျပီး ေနာက္ပြဲအတြက္ ျပင္ဆင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ အခုကေတာ့ တကယ္ကို အိပ္မက္ဆိုးပါပဲ။

ကစားသမား အမ်ားအျပားက အဲဗာတန္နဲ႔ပြဲ မတိုင္ခင္ ၂ ရက္ ၃ ရက္ေနမွာ ျပန္လာမွာပါ။ လီဗာပူးက ဒါဘီပြဲမွာ ပံုစ့ေကာင္းနဲ႔ ျပန္လည္ တုန္႔ျပန္ျပီး လမ္းေၾကာင္းမွန္ေပၚ ျပန္တက္ရပါမယ္။ ဘာျဖစ္လာမယ္ဆိုတာကေတာ့ ေစာင့္ၾကည့္ယံုေပါ့ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။