လီဗာပူးတိုက်စစ်မှူးဟောင်း ကိုလီမိုးက အက်စတွန်ဗီလာကို အရေးနိမ့်တဲ့ပွဲမှာ ခံစစ်မှူးဟောင်း ဗန်ဒိုက်ရဲ့ ဦးဆောင်နိုင်စွမ်းကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

လီဗာပူးက အက်စတွန်ဗီလာကို အရေးနိမ့်ရာမှာ ခံစစ်လိုင်းကို မြင့်ထားခဲ့ကာ အဆိုပါ နည်းစနစ်က အလုပ်မဖြစ်ချိန်မှာလည်း ဗန်ဒိုက်က ခံစစ်ကို ဦးဆောင်ဖို့နဲ့ အမှားကို ပြုပြင်ဖို့ မကြိုးစားခဲ့ဘူးလို့ ကိုလီမိုးက မြင်တယ်။ စစ်မှန်တဲ့ ခံစစ်သမားဟာ အသင်းက အထိနာနေချိန်မှာ တာဝန်ယူလိုစိတ် ရှိရမှာဖြစ်ကာ ခံစစ်ကို ဖာထေးဖို့ ကြိုးစားရမှာပါလို့ သူက ပြောပါတယ်။

ကိုလီမိုးက “ ခံစစ်ကစားခြင်း အနုပညာ သေဆုံးသွားခဲ့ပြီဆိုတာကို သက်သေပြဖို့ လိုအပ်တယ်ဆိုရင် တနင်္ဂနွေနေ့က လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်ကိုပဲ ပြရမှာပါ။

လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သလို သူတို့က ဥရောပနဲ့ ကမ္ဘာချန်ပီယံ ဖြစ်ခဲ့တယ်။ ကျနော်ကို စိုးရိမ်စေခဲ့တာက အက်စတွန်ဗီလာက လီဗာပူးရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို ချိုးဖျက်ဖို့တောင် မလိုဘဲ သွင်းဂိုး ၇ ဂိုး သွင်းခဲ့တာဖြစ်တယ်။ သူတို့က အသာလေး မျောလိုက်ခဲ့ပြီး ဝက်ကင်နဲ့ အသင်းဖော်တွေကို ကစားစေခဲ့တယ်။

ဗန်ဒိုက်က ထိပ်တန်းအဆင့်မှာ ရှိမနေဘူး၊ ကမ္ဘာအဆင့် မဟုတ်ဘူးလို့ မပြောပါဘူး။ သူက ကစားသမားကောင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လီဗာပူးဂျာစီကို ဝတ်ဆင်ကစားပြီး အခြားသော အသင်းဖော်တွေလိုပဲ တာဝန်ယူလိုစိတ် နည်းနည်းမှ မရှိခဲ့တာကို စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ကိုလီမိုးကတော့ အတိတ်က လီဗာပူးခံစစ်မှူးဟောင်းတွေဖြစ်တဲ့ ဂန္တဝင်ကြီး ဟန်ဆန်တို့ဟာဆိုရင် သူတို့ရဲ့ တာဝန်ယူနိုင်မှုကို ပွဲအတွင်းမှာ ပြခဲ့ကြတယ်လို့ ထောက်ပြတယ်။ ကိုလီမိုးကတော့ မှားနေတဲ့ ပွဲချဉ်းကပ်ပုံကို ပြုပြင်လိုစိတ် မရှိဘဲ ရှေ့ကိုပဲ တက်ကစားနေတဲ့ ခံစစ်ကြောင်းကိုလည်း ဘဝင်ကျပုံ မရပါဘူး။

သူက ” ဟန်ဆန်နဲ့ လော်ရန်ဆန် (လီဗာပူးခံစစ်မှူးဟောင်းများ) တို့သာဆိုရင် သူတို့ကို ကျော်ဖြတ်ပြေးနေတဲ့ ပြိုင်ဘက်ခံစစ်သမားတွေကို အမြန်ဆုံး တားဆီးဖို့နဲ့ တာဝန်ယူဖို့ ကြိုးစားကြမှာပါ။ သူတို့လို ခံစစ်မှူးကောင်းတွေက တာဝန်ယူလိုစိတ်တွေ ရှိကြတယ်။ ပြိုင်ဘက်က ခက်ခဲစွာ ကစားသွားရအောင် ဟန်ဆန်တို့ဟာ ၅ မိနစ်၊ ၆ မိနစ်လောက် ခံစစ်ကို ဆင်းလာပြီး ကစားကြမှာပါ။

ဒီကနေ့မှာတော့ အပြောင်းအလဲ တစ်ခုမှ မမြင်ရပါဘူး။ ကစားသမားတွေနဲ့ မန်နေဂျာတွေက တစ်ယောက်ယောက်က ပြဿနာတွေကို ဖြေရှင်းဖို့ တစ်ပိုင်းပြီးချိန်ထိ စောင့်နေတတ်ကြတယ်။ မဟုတ်လည်း ပြန်လည် သုံးသပ်မှုတွေကို ပွဲပြီးမှ လုပ်မယ့် ပုံစံတွေနဲ့ စောင့်နေကြတယ်။

အလုပ်မဖြစ်တဲ့ အချိန်တောင်မှ မန်နေဂျာတိုင်းက ဒါက ငါတို့ကစားနေတဲ့ နည်းလမ်းပဲဆိုပြီး ဆက်ကစားစေကြတယ်။ အကယ်လို့ တနင်္ဂနွေနေ့တုန်းက လီဗာပူးကစားတဲ့ ခြေစွမ်းနဲ့ဆိုရင် ငါရယ်၊ အလန်ရှီးယား၊ အန်ဒီကိုး၊ အီရန်ရိုက် ဘယ်လို ထိပ်တန်း တိုက်စစ်သမားဖြစ်ဖြစ်ပါ ပွဲအပြီးမှာ hat-trick တွေ ရနေတော့မှာပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴးေဟာင္း ကိုလီမိုးက အက္စတြန္ဗီလာကို အေရးနိမ့္တဲ့ပြဲမွာ ခံစစ္မွဴးေဟာင္း ဗန္ဒိုက္ရဲ႕ ဦးေဆာင္ႏုိင္စြမ္းကိုလည္း ေမးခြန္းထုတ္ခဲ့ပါတယ္။

လီဗာပူးက အက္စတြန္ဗီလာကို အေရးနိမ့္ရာမွာ ခံစစ္လိုင္းကို ျမင့္ထားခဲ့ကာ အဆိုပါ နည္းစနစ္က အလုပ္မျဖစ္ခ်ိန္မွာလည္း ဗန္ဒိုက္က ခံစစ္ကို ဦးေဆာင္ဖို႔နဲ႔ အမွားကို ျပဳျပင္ဖို႔ မၾကိဳးစားခဲ့ဘူးလို႔ ကိုလီမိုးက ျမင္တယ္။ စစ္မွန္တဲ့ ခံစစ္သမားဟာ အသင္းက အထိနာေနခ်ိန္မွာ တာဝန္ယူလိုစိတ္ ရွိရမွာျဖစ္ကာ ခံစစ္ကို ဖာေထးဖို႔ ၾကိဳးစားရမွာပါလို႔ သူက ေျပာပါတယ္။

ကိုလီမိုးက “ ခံစစ္ကစားျခင္း အႏုပညာ ေသဆုံးသြားခဲ့ၿပီဆိုတာကို သက္ေသျပဖို႔ လိုအပ္တယ္ဆိုရင္ တနဂၤေႏြေန႔က လီဗာပူးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ကိုပဲ ျပရမွာပါ။

လီဗာပူးက ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္သလို သူတို႔က ဥေရာပနဲ႔ ကမၻာခ်န္ပီယံ ျဖစ္ခဲ့တယ္။ က်ေနာ္ကို စိုးရိမ္ေစခဲ့တာက အက္စတြန္ဗီလာက လီဗာပူးရဲ႕ ျပင္းျပတဲ့ ဆႏၵေတြကို ခ်ိုးဖ်က္ဖို႔ေတာင္ မလိုဘဲ သြင္းဂိုး ၇ ဂိုး သြင္းခဲ့တာျဖစ္တယ္။ သူတို႔က အသာေလး ေမ်ာလိုက္ခဲ့ျပီး ဝက္ကင္နဲ႔ အသင္းေဖာ္ေတြကို ကစားေစခဲ့တယ္။

ဗန္ဒိုက္က ထိပ္တန္းအဆင့္မွာ ရွိမေနဘူး၊ ကမၻာအဆင့္ မဟုတ္ဘူးလို႔ မေျပာပါဘူး။ သူက ကစားသမားေကာင္း ျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ လီဗာပူးဂ်ာစီကို ဝတ္ဆင္ကစားျပီး အျခားေသာ အသင္းေဖာ္ေတြလိုပဲ တာဝန္ယူလိုစိတ္ နည္းနည္းမွ မရွိခဲ့တာကို စိတ္အေႏွာက္အယွက္ ျဖစ္ရပါတယ္။ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

ကိုလီမိုးကေတာ့ အတိတ္က လီဗာပူးခံစစ္မွဴးေဟာင္းေတြျဖစ္တဲ့ ဂႏၱဝင္ၾကီး ဟန္ဆန္တို႔ဟာဆိုရင္ သူတို႔ရဲ႕ တာဝန္ယူႏုိင္မႈကို ပြဲအတြင္းမွာ ျပခဲ့ၾကတယ္လို႔ ေထာက္ျပတယ္။ ကိုလီမိုးကေတာ့ မွားေနတဲ့ ပြဲခ်ဥ္းကပ္ပံုကို ျပဳျပင္လိုစိတ္ မရွိဘဲ ေရွ႔ကိုပဲ တက္ကစားေနတဲ့ ခံစစ္ေၾကာင္းကိုလည္း ဘဝင္က်ပံု မရပါဘူး။

သူက ” ဟန္ဆန္နဲ႔ ေလာ္ရန္ဆန္ (လီဗာပူးခံစစ္မွဴးေဟာင္းမ်ား) တို႔သာဆိုရင္ သူတို႔ကို ေက်ာ္ျဖတ္ေျပးေနတဲ့ ျပိဳင္ဘက္ခံစစ္သမားေတြကို အျမန္ဆံုး တားဆီးဖို႔နဲ႔ တာဝန္ယူဖို႔ ၾကိဳးစားၾကမွာပါ။ သူတို႔လို ခံစစ္မွဴးေကာင္းေတြက တာဝန္ယူလိုစိတ္ေတြ ရွိၾကတယ္။ ျပိဳင္ဘက္က ခက္ခဲစြာ ကစားသြားရေအာင္ ဟန္ဆန္တို႔ဟာ ၅ မိနစ္၊ ၆ မိနစ္ေလာက္ ခံစစ္ကို ဆင္းလာျပီး ကစားၾကမွာပါ။

ဒီကေန႔မွာေတာ့ အေျပာင္းအလဲ တစ္ခုမွ မျမင္ရပါဘူး။ ကစားသမားေတြနဲ႔ မန္ေနဂ်ာေတြက တစ္ေယာက္ေယာက္က ျပႆနာေတြကို ေျဖရွင္းဖို႔ တစ္ပိုင္းျပီးခ်ိန္ထိ ေစာင့္ေနတတ္ၾကတယ္။ မဟုတ္လည္း ျပန္လည္ သံုးသပ္မႈေတြကို ပြဲျပီးမွ လုပ္မယ့္ ပံုစံေတြနဲ႔ ေစာင့္ေနၾကတယ္။

အလုပ္မျဖစ္တဲ့ အခ်ိန္ေတာင္မွ မန္ေနဂ်ာတိုင္းက ဒါက ငါတို႔ကစားေနတဲ့ နည္းလမ္းပဲဆိုျပီး ဆက္ကစားေစၾကတယ္။ အကယ္လို႔ တနဂၤေႏြေန႔တုန္းက လီဗာပူးကစားတဲ့ ေျခစြမ္းနဲ႔ဆိုရင္ ငါရယ္၊ အလန္ရွီးယား၊ အန္ဒီကိုး၊ အီရန္ရိုက္ ဘယ္လို ထိပ္တန္း တုိက္စစ္သမားျဖစ္ျဖစ္ပါ ပြဲအျပီးမွာ hat-trick ေတြ ရေနေတာ့မွာပါ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။