လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဂရုဂျစ်ကို ပေါ်တူဂီကလပ် ပေါ်တိုအသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ခဲ့တယ်လို့ လီဗာပူးသတင်းထောက် James Pearce က အတည်ပြုပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူကို အပြီးသတ် ခေါ်ယူခွင့်မပါတဲ့ စာချုပ်ဖြင့် အငှား ပို့ခဲ့တာပါ။ လီဗာပူးအသင်းဟာ non-homegrown ကစားသမား ၁၈ ဦးထိ ရှိနေတာကြောင့် ဂရုဂျစ်ကို ယူ-၂၃ အသင်းထံ ပို့ရမယ်လို့ သိထားရပေမယ့် အသင်းက တိုးတိုးတိတ်တိတ်ပဲ လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။

ဆားဘီးယားအသင်းရဲ့ နော်ဝေ၊ ဟန်ဂေရီနဲ့ တူရကီအသင်းတို့နဲ့ ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပွဲအပြီးမှာ သူဟာ ပေါ်တူဂီကလပ်ထံ သွားရောက် ပူးပေါင်းမှာဖြစ်ပါတယ်။

တနင်္လာနေ့က ဝါဒါဘရီမင်ဘက်က စကားပြောမှုဟာ အပြီးသတ်ထိ မရောက်ခဲ့ဘဲ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တယ်။ လီဗာပူးက ပေါင် ၁၈ သန်း ဝန်းကျင်ထိ ဈေးချပေးခဲ့ပေမယ့် ဂျာမနီကလပ်က အတော်လေး ကြပ်တည်းနေပြီး အဲ့သည် ပြောင်းရွှေ့ကြေးကို မပေးနိုင်ပါဘူး။

အင်္ဂါနေ့မှာတော့ ပေါ်တိုဘက်က ဝင်ရောက်လာခဲ့ကာ ယူ-၂၃ အသင်းထံ ပို့ရမယ့် ကွင်းလယ်လူကို တစ်ရာသီ အငှားဖြင့် ကမ်းလှမ်းခဲ့တာဖြစ်တယ်။ ပေါ်တိုအသင်းဟာ ကွင်းလယ်လူ ဒန်နီလို ပါရီရာကို ပီအက်စ်ဂျီထံ လက်လွတ်ထားရတာကြောင့် ဂရုဂျစ်ကို ပွဲကစားခွင့်အတွက် အာမခံပါတယ်။

ပေါ်တိုအသင်းဟာ ချန်ပီယံလိဂ်မှာ မန်စီးတီး၊ အိုလံပီယာကိုစ့်၊ မာဆေးတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အသင်းဖြစ်တယ်။ ချန်ပီယံလိဂ်ရဲ့ Pot-1 အသင်းဖြစ်တဲ့ ပေါ်တိုအသင်းကို စေလွှတ်ရတာက ကစားသမားလေးအတွက် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကြင္းလယ္လူ ဂရုဂ်စ္ကို ေပၚတူဂီကလပ္ ေပၚတိုအသင္းထံ တစ္ရာသီ အငွားစာခ်ဳပ္ျဖင့္ ေစလႊတ္ခဲ့တယ္လို႔ လီဗာပူးသတင္းေထာက္ James Pearce က အတည္ျပဳပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူကို အျပီးသတ္ ေခၚယူခြင့္မပါတဲ့ စာခ်ဳပ္ျဖင့္ အငွား ပို႔ခဲ့တာပါ။ လီဗာပူးအသင္းဟာ non-homegrown ကစားသမား ၁၈ ဦးထိ ရွိေနတာေၾကာင့္ ဂရုဂ်စ္ကို ယူ-၂၃ အသင္းထံ ပို႔ရမယ္လို႔ သိထားရေပမယ့္ အသင္းက တိုးတိုးတိတ္တိတ္ပဲ လႈပ္ရွားသြားခဲ့တာ ျဖစ္ပါတယ္။

ဆားဘီးယားအသင္းရဲ႕ ေနာ္ေဝ၊ ဟန္ေဂရီနဲ႔ တူရကီအသင္းတို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ ႏုိင္ငံတကာ ပြဲအျပီးမွာ သူဟာ ေပၚတူဂီကလပ္ထံ သြားေရာက္ ပူးေပါင္းမွာျဖစ္ပါတယ္။

တနလၤာေန႔က ဝါဒါဘရီမင္ဘက္က စကားေျပာမႈဟာ အျပီးသတ္ထိ မေရာက္ခဲ့ဘဲ အေျပာင္းအေရႊ႔က ပ်က္ျပယ္ခဲ့တယ္။ လီဗာပူးက ေပါင္ ၁၈ သန္း ဝန္းက်င္ထိ ေစ်းခ်ေပးခဲ့ေပမယ့္ ဂ်ာမနီကလပ္က အေတာ္ေလး ၾကပ္တည္းေနျပီး အဲ့သည္ ေျပာင္းေရႊ႔ေၾကးကို မေပးႏုိင္ပါဘူး။

အဂၤါေန႔မွာေတာ့ ေပၚတိုဘက္က ဝင္ေရာက္လာခဲ့ကာ ယူ-၂၃ အသင္းထံ ပို႔ရမယ့္ ကြင္းလယ္လူကို တစ္ရာသီ အငွားျဖင့္ ကမ္းလွမ္းခဲ့တာျဖစ္တယ္။ ေပၚတိုအသင္းဟာ ကြင္းလယ္လူ ဒန္နီလို ပါရီရာကို ပီအက္စ္ဂ်ီထံ လက္လြတ္ထားရတာေၾကာင့္ ဂရုဂ်စ္ကို ပြဲကစားခြင့္အတြက္ အာမခံပါတယ္။

ေပၚတိုအသင္းဟာ ခ်န္ပီယံလိဂ္မွာ မန္စီးတီး၊ အိုလံပီယာကိုစ့္၊ မာေဆးတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနတဲ့ အသင္းျဖစ္တယ္။ ခ်န္ပီယံလိဂ္ရဲ႕ Pot-1 အသင္းျဖစ္တဲ့ ေပၚတိုအသင္းကို ေစလႊတ္ရတာက ကစားသမားေလးအတြက္ ေနာက္တစ္ဆင့္ကို တက္လွမ္းႏုိင္ဖို႔ အခြင့္အေရးေကာင္းပဲ ျဖစ္ပါတယ္။