ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းဟာ လာမယ့်နွေရာသီ ဈေးကွက်မှာ မန်စီးတီး အသင်းရဲ့ ဂျာမနီ လက်ရွေးစင် တောင်ပံကစားသမား ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

ဘိုင်ယန် အသင်းဟာ ရာသီပိတ်ပွဲစဉ် အဖြစ် ဖရန့်ဖတ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး သရေတမှတ်ရရုံ နဲ့ ၇နှစ်ဆက် ဘွန်ဒက်လီဂါ ဆုဖလားကြီးကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ မှာ ပုံမှန်ခြေစွမ်းမရှိထားခဲ့ပဲ ဒေါ့မွန်ရဲ့ ခြေချော်မှုတွေကြောင့်သာ ဘိုင်ယန်တို့ အခွင့် အရေးရခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးကို ဂျာမန်မြေမှာဂိုးပြတ်ရှုံးပြီး ၁၆ သင်းအဆင့်ကနေ ထွက်ထားခဲ့ရတာဖြစ်တယ်။ ဒါ့အပြင် အားထားရတဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ရော်ဘင် နဲ့ ရစ်ဘာရီတို့ကို ရာသီကုန်ရင် ဆုံးရှုံးသွားရဖို့ ရှိနေတာဖြစ်လို့ အစားထိုးမှုတွေ လုပ်လိုနေတာ ဖြစ်ပါတယ်။

အဆိုပါ ဝါရင့် ကစားသမား ကောင်းကြီးတွေရဲ့ နေရာမှာ အစားထိုးဖို့ မလွယ်ပေးမယ့် မန်စီးတီး အသင်းရဲ့ ကြယ်ပွင့်လေး ဆာနေးကိုခေါ်ယူသွားဖို့ ဆုံးဖြတ်ထားခဲ့ပြီလို့ သိရတယ်။

နှစ်ဖက်တာဝန်ရှိသူတွေအကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု မရှိထားသေးပေမယ့် အပြောင်းအရွှေ့အတွက် ကနဦး သဘောတူညီမှုတွေတော့ ရရှိထားခဲ့ပြီလို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဆာနေးဟာ လတ်တလောမှာ ၂၀၂၁ ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေတာဖြစ်ပြီး နောက်ထက်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကိုတော့ သဘောတူညီထားခြင်း မရှိသေးတာဖြစ်တယ်။ ဒါပေမယ့် မန်စီးတီး အသင်းကတော့ သူတို့ကို အကျိုးပြုနေတဲ့ ကစားသမားကောင်းတဦးကို အလျင်စလို ရောင်းထုတ်ဖွယ် ရှိမနေပါဘူး။

လာမယ့် ၂ နှစ်အတွင်း စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ပါက ဈေးလျှော့ရောင်းချရခြင်း၊အ လွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရခြင်းတွေကနေ ရှောင်ရှားနိုင်ဖို့ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းလာခဲ့ပါက ရောင်းချဖို့ စဉ်းစားဖွယ်ရှိနေပါတယ်။