နယ်သာလန်အသင်းကို လက်ရွေးစင်တာဝန်အတွက် သွားရောက် ပူးပေါင်းနေတဲ့ ဝိုက်နယ်ဒမ်က ဒီနွေဈေးကွက်တုန်းက ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ သတင်းထွက်မှုတွေနဲ့ ပက်သက်လို့ ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။

ဘာစီလိုနာကိုတော့ နယ်သာလန် လက်ရွေးစင် မန်နေဂျာဟောင်း ရော်နယ်ကိုးမန်းက တာဝန်ယူနေတာပါ။ ကိုးမန်းဟာ ဘာစီလိုနာအတွက် ဝိုက်နယ်ဒမ်ကို ခေါ်ယူလိုခဲ့ပြီး ကစားသမားကလည်း လီဗာပူးအသင်းနဲ့ စာချုပ် နောက်ဆုံးနှစ်ကို ရောက်နေပြီဖြစ်ကာ သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု မရသေးပါဘူး။

ဒီအတိုင်းဆိုရင် ဇန်နဝါရီမှာ ဝိုက်နယ်ဒမ်ဟာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ ညိနှိုင်းမှုတွေ လုပ်ခွင့်ရမှာဖြစ်ကာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာပါ။ အပြောင်းအရွှေ့ deadline နေ့က ပြီးဆုံးခဲ့ပြီဖြစ်လို့ ရာသီဝက် ကာလအထိ ဝိုက်နယ်ဒမ်က လီဗာပူးမှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာထံ ပြောင်းရွှေ့မယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သက်လို့ ဝိုက်နယ်ဒမ်ကတော့ “ ဘာစီလိုနာက ကျနော်ကို ခေါ်ယူဖို့ အရမ်း စိတ်အားထက်သန်ခဲ့တယ်လို့ မထင်ဘူးဗျ။ ခင်ဗျားတို့က ထင်ထားတာထက် သတင်းတွေကို ပိုဖတ်ခဲ့ရတာပါ။ မဟုတ်ရင်လည်း ဖြစ်လာနိုင်တာကို ပိုမို မှန်းဆခဲ့ကြတာဖြစ်ပါတယ်။

အပြောင်းအရွှေ့ ကိစ္စကို ကျနော် အာရုံမစိုက်ပါဘူး။ ဘာစီလိုနာကို ပြောင်းဖို့ကိုလည်း မစဉ်းစားပါဘူး။ ကျနော်က လီဗာပူးမှာ ဆက်ရှိနေတာပါ။ ကျနော်ရဲ့ စာချုပ်က နောက်ထပ် ၁၀ လလောက် ကျန်ပါသေးတယ်။ အပြောင်းအလဲတွေ ဖြစ်လာနိုင်သေးဘူး။ ဘောလုံးမှာက ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ကျနေ်ာတို့ စောင့်ကြည့်ရမှာပေါ့ ” လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်ဟာ အသက် ၂၉ နှစ်အရွယ်ကို ရောက်နေပြီဖြစ်ကာ ဒီတစ်ကြိမ် စာချုပ်က သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး စာချုပ်လည်း ဖြစ်သွားနိုင်တာကြောင့် ကစားသမားဘက်ကတော့ သေချာ စဉ်းစားသွားမယ့် အနေအထား ဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္အသင္းကို လက္ေရြးစင္တာဝန္အတြက္ သြားေရာက္ ပူးေပါင္းေနတဲ့ ဝိုက္နယ္ဒမ္က ဒီေႏြေစ်းကြက္တုန္းက ဘာစီလိုနာနဲ႔ အေျပာင္းအေရႊ႔ သတင္းထြက္မႈေတြနဲ႔ ပက္သက္လို႔ ထုတ္ေျပာမႈ လုပ္ခဲ့ပါတယ္။

ဘာစီလိုနာကိုေတာ့ နယ္သာလန္ လက္ေရြးစင္ မန္ေနဂ်ာေဟာင္း ေရာ္နယ္ကိုးမန္းက တာဝန္ယူေနတာပါ။ ကိုးမန္းဟာ ဘာစီလိုနာအတြက္ ဝိုက္နယ္ဒမ္ကို ေခၚယူလိုခဲ့ျပီး ကစားသမားကလည္း လီဗာပူးအသင္းနဲ႔ စာခ်ဳပ္ ေနာက္ဆံုးႏွစ္ကို ေရာက္ေနျပီျဖစ္ကာ သက္တမ္းတိုးဖို႔အတြက္ သေဘာတူညီမႈ မရေသးပါဘူး။

ဒီအတိုင္းဆိုရင္ ဇန္နဝါရီမွာ ဝိုက္နယ္ဒမ္ဟာ အဂၤလန္ျပင္ပ ကလပ္ေတြနဲ႔ ညိႏိႈင္းမႈေတြ လုပ္ခြင့္ရမွာျဖစ္ကာ ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာမွာပါ။ အေျပာင္းအေရႊ႔ deadline ေန႔က ျပီးဆံုးခဲ့ျပီျဖစ္လို႔ ရာသီဝက္ ကာလအထိ ဝိုက္နယ္ဒမ္က လီဗာပူးမွာပဲ ဆက္ရွိေနေတာ့မွာ ျဖစ္ပါတယ္။

ဘာစီလိုနာထံ ေျပာင္းေရႊ႔မယ္ဆိုတဲ့ ကိစၥနဲ႔ ပက္သက္လို႔ ဝိုက္နယ္ဒမ္ကေတာ့ “ ဘာစီလိုနာက က်ေနာ္ကို ေခၚယူဖို႔ အရမ္း စိတ္အားထက္သန္ခဲ့တယ္လို႔ မထင္ဘူးဗ်။ ခင္ဗ်ားတို႔က ထင္ထားတာထက္ သတင္းေတြကို ပိုဖတ္ခဲ့ရတာပါ။ မဟုတ္ရင္လည္း ျဖစ္လာႏုိင္တာကို ပိုမို မွန္းဆခဲ့ၾကတာျဖစ္ပါတယ္။

အေျပာင္းအေရႊ႔ ကိစၥကို က်ေနာ္ အာရံုမစိုက္ပါဘူး။ ဘာစီလိုနာကို ေျပာင္းဖို႔ကိုလည္း မစဥ္းစားပါဘူး။ က်ေနာ္က လီဗာပူးမွာ ဆက္ရွိေနတာပါ။ က်ေနာ္ရဲ႕ စာခ်ဳပ္က ေနာက္ထပ္ ၁၀ လေလာက္ က်န္ပါေသးတယ္။ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ေသးဘူး။ ေဘာလံုးမွာက ဘာမဆို ျဖစ္လာႏုိင္ပါတယ္။ က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာေပါ့ ” လို႔ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ဟာ အသက္ ၂၉ ႏွစ္အရြယ္ကို ေရာက္ေနျပီျဖစ္ကာ ဒီတစ္ၾကိမ္ စာခ်ဳပ္က သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆံုး စာခ်ဳပ္လည္း ျဖစ္သြားႏုိင္တာေၾကာင့္ ကစားသမားဘက္ကေတာ့ ေသခ်ာ စဥ္းစားသြားမယ့္ အေနအထား ျဖစ္ပါတယ္။