ဗြိတိန်သတင်းစာ the Independent ရဲ့ ဘောလုံးဆိုင်ရာ အကြီးအကဲ Miguel Delaney က ဆန်ချိုဟာ ယူနိုက်တက်ထက် လီဗာပူးနဲ့ ဘိုင်ယန်ကိုပဲ ရောက်လိမ့်မယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားကို ဒီနွေမှာ ခေါ်ယူဖို့ ယူနိုက်တက်က ကြိုးစားခဲ့ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်အားခတွေကို အမှန်တကယ် ပေးဖို့ကိုတော့ တွန့်ဆုတ်ခဲ့တယ်။ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခတွေအပါ သူ့ရဲ့ ၅ နှစ်သာ စာချုပ်ဟာ ပေါင် ၂၂၇ သန်း ထိ ကုန်ကျမှာကို ယူနိုက်တက်က မပေးလိုခဲ့ပါဘူး။

ကစားသမားက ဒီရာသီမှာ ဒေါ့မွန်မှာပဲ ဆက်နေမှာဖြစ်ပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ စဉ်းစားသွားမှာဖြစ်တယ်။ ဒေါ့မွန်နဲ့ စာချုပ် နှစ်နှစ်ရှိနေပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးထားတဲ့ ဆန်ချိုဟာ ကလပ်ရဲ့ ဒါရိုက်တာတွေနဲ့ အတိုက်အခံ မလုပ်လိုဘဲ ညိနှိုင်းမှုတွေကို ကလပ်ဘက်က သဘောအတိုင် ဆက်လုပ်ဖို လက်ခံခဲ့တယ်။

ဆန်ချိုကိုယ်တိုင်က ဒီနွေမှာ ဒေါ့မွန်ကနေ ထွက်ဖို့ကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ခြင်း မရှိခဲ့ဘူး။ အခုချိန်မှာတော့ အင်္ဂလန်သားကို ခေါ်ယူဖို့မှာ ယူနိုက်တက်ထက် လီဗာပူးက ပိုမို အလေးသာတယ်လို့ Miguel Delaney က ထုတ်ဖော်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဆန်ချိုကို သဘောကျသူဖြစ်ပြီး အမြဲတမ်း နားစွင့်နေတတ်သူပါ။ လီဗာပူးဟာ ဒီနွေမှာ ကစားသမား တစ်ဦးအတွက် ပေါင်း သန်း ၁၀၀ ကျော် မသုံးနိုင်ပေမယ့် နောက်ရာသီမှာ သုံးဖို့ကိုတော့ မျှော်လင့်လို့ ရနေဆဲဖြစ်တယ်။

အဆိုပါ သတင်းဌာနကတော့ ဆန်ချိုရဲ့ ဦးစားပေး ကလပ်ထဲမှာ လီဗာပူးက ထိပ်ဆုံးက ပါဝင်တယ်လို့ ဆိုတယ်။ ဈေးကွက်မှာ အပြိုင်အဆိုင် မရှိပါဘဲ စိတ်ကြိုက် ကမ်းလှမ်းခွင့်ရခဲ့တာတောင်မှ ယူနိုက်တက်ကို သူမသွားခဲ့ခြင်းဟာ လီဗာပူးအပေါ် ဆန်ချို စိတ်ယိုင်နေခြင်းအတွက် သက်သေအဖြစ်လည်း ဆက်လက် ဖော်ပြသွားပါတယ်။

ZAWGYI

ျဗိတိန္သတင္းစာ the Independent ရဲ႕ ေဘာလံုးဆိုင္ရာ အၾကီးအကဲ Miguel Delaney က ဆန္ခ်ိဳဟာ ယူႏုိက္တက္ထက္ လီဗာပူးနဲ႔ ဘိုင္ယန္ကိုပဲ ေရာက္လိမ့္မယ္လို႔ ထုတ္ေဖာ္လိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္သမားကို ဒီေႏြမွာ ေခၚယူဖို႔ ယူႏုိက္တက္က ၾကိဳးစားခဲ့ေပမယ့္ ကစားသမားရဲ႕ ေျပာင္းေရႊ႔ေၾကးနဲ႔ လုပ္အားခေတြကို အမွန္တကယ္ ေပးဖို႔ကိုေတာ့ တြန္႔ဆုတ္ခဲ့တယ္။ ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႔ေၾကးနဲ႔ လုပ္ခေတြအပါ သူ႔ရဲ႕ ၅ ႏွစ္သာ စာခ်ဳပ္ဟာ ေပါင္ ၂၂၇ သန္း ထိ ကုန္က်မွာကို ယူႏုိက္တက္က မေပးလိုခဲ့ပါဘူး။

ကစားသမားက ဒီရာသီမွာ ေဒါ့မြန္မွာပဲ ဆက္ေနမွာျဖစ္ေပမယ့္ သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္လို႔ စဥ္းစားသြားမွာျဖစ္တယ္။ ေဒါ့မြန္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ရွိေနျပီး ေနာက္ထပ္ တစ္ႏွစ္ သက္တမ္းတိုးထားတဲ့ ဆန္ခ်ိဳဟာ ကလပ္ရဲ႕ ဒါရိုက္တာေတြနဲ႔ အတိုက္အခံ မလုပ္လိုဘဲ ညိႏိႈင္းမႈေတြကို ကလပ္ဘက္က သေဘာအတိုင္ ဆက္လုပ္ဖို လက္ခံခဲ့တယ္။

ဆန္ခ်ိဳကိုယ္တိုင္က ဒီေႏြမွာ ေဒါ့မြန္ကေန ထြက္ဖို႔ကို ျပင္းျပင္းထန္ထန္ ဖိအားေပးခဲ့ျခင္း မရွိခဲ့ဘူး။ အခုခ်ိန္မွာေတာ့ အဂၤလန္သားကို ေခၚယူဖို႔မွာ ယူႏုိက္တက္ထက္ လီဗာပူးက ပိုမို အေလးသာတယ္လို႔ Miguel Delaney က ထုတ္ေဖာ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဆန္ခ်ိဳကို သေဘာက်သူျဖစ္ျပီး အျမဲတမ္း နားစြင့္ေနတတ္သူပါ။ လီဗာပူးဟာ ဒီေႏြမွာ ကစားသမား တစ္ဦးအတြက္ ေပါင္း သန္း ၁၀၀ ေက်ာ္ မသံုးႏုိင္ေပမယ့္ ေနာက္ရာသီမွာ သံုးဖို႔ကိုေတာ့ ေမွ်ာ္လင့္လို႔ ရေနဆဲျဖစ္တယ္။

အဆိုပါ သတင္းဌာနကေတာ့ ဆန္ခ်ိဳရဲ႕ ဦးစားေပး ကလပ္ထဲမွာ လီဗာပူးက ထိပ္ဆံုးက ပါဝင္တယ္လို႔ ဆိုတယ္။ ေစ်းကြက္မွာ အျပိဳင္အဆုိုင္ မရွိပါဘဲ စိတ္ၾကိဳက္ ကမ္းလွမ္းခြင့္ရခ့ဲတာေတာင္မွ ယူႏုိက္တက္ကို သူမသြားခဲ့ျခင္းဟာ လီဗာပူးအေပၚ ဆန္ခ်ိဳ စိတ္ယိုင္ေနျခင္းအတြက္ သက္ေသအျဖစ္လည္း ဆက္လက္ ေဖာ္ျပသြားပါတယ္။