ရုပ်ရှင် သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးတို့က ပရိသတ်တွေစုပေါင်းကာ ချီးမြှင့်ခဲ့တဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီ ရုပ်တုနဲ့ ချီးမြှင့်ငွေများကို သက်ကြီးအနုပညာရှင်တွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့ဇာတ်ပို့သရုပ်ဆောင် များကို ခွဲဝေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ပြည်သူ့အကယ်ဒမီလို့ နာမည်ပေးထားတဲ့ အဆိုပါ ဆုကိုတော့ အနယ်နယ်အရပ်ရပ်က ရုပ်ရှင်ပရိသတ်တွေက ဆုပေါင်းပြီး ပေးအပ်ခဲ့တာပါ။

သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးတို့အား အဆိုပါ အကယ်ဒမီရုပ်တုနဲ့ ချီးမြင့်ငွေတွေကို လာရောက်ချီးမြှင့်သွားတာဖြစ်ပါတယ်။

အဲဒီဆုချီးမြင့်ငွေများအားလုံးကို သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့က “ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဘဘဦးမန်းဝင်း၊ ဘဘဦးပေါ်လေး၊ ဘဘဦးဝင်းနိုင်(အနုပညာ)၊ လေးလေးဦးဧရာနဲ့ မကြီးကစ်ကစ်၊ မကြီးနွယ်နီ တို့ကိုခွဲဝေကန်တော့ ခဲ့ပါတယ်။

သုသုတို့ရဲ့ ခုနစ်ရက်သားသမီး ပရိတ်သတ်တွေရဲ့ အလှူဖြစ်တာမို့ အားလုံးသာဓုခေါ်နိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်” လို့ ဆိုကာ လှူတန်းပေးခဲ့တဲ့ပုံရိပ်လေးများကို တင်ကာ သူမရဲ့ပရိသတ်တွေအတွက် မျှဝေပေးထားတာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့က အနုပညာလောကမှာ အောင်မြင်မှုရရှိအောင် ကြိုးစားနေတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ကာ၊ မှီရုပ်ရှင်ကားကြီးနဲ့အတူ ပရိသတ်တွေ ချစ်ခင်အားပေးမှုကိုလည်း အများကြီးရရှိနေတဲ့ အနုပညာရှင်စုံတွဲလေး လည်းဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့လည်း အနုပညာ ခရီးလမ်းမှာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။