လီဗာပူးအသင်းဟာ ဂျာမနီကလပ် လိုက်ဇစ်အသင်းမှ ပြင်သစ်သား ခံစစ်မှူး အူပါမီကာနိုကို ခေါ်ယူလိုကြောင်း ဂျာမနီသတင်းဌာန Sport Bild က ဖော်ပြပါတယ်။

ဒီနွေမှာ လိုဗရန်ကို လက်လွတ်ရတဲ့နောက် လီဗာပူးဟာ ဈေးကွက်ပိတ်ချိန်ထိ ခံစစ်သမားသစ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ကလော့ပ်ဟာ အူပါမီကာနိုကို သဘောကျပြီး ကစားသမားရဲ့ စာချုပ်အရကော၊ ပေးချေရမယ့် ပြောင်းရွှေ့ကြေးအရပါ လာမယ့် နွေမှ ခေါ်ယူနိုင်ဖို့ အဆင်ပြေမှာဖြစ်လို့ ခံစစ်မှူးသစ် မရှာခြင်းဆိုတဲ့အသံ စတင်ထွက်ပေါ်လာခဲ့တယ်။

ပြင်သစ်သား ခံစစ်မှူးကို ခေါ်ယူဖို့ မန်စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ ပြင်သစ်သား ခံစစ်သမားဟာ သက်တမ်းတိုးစာချုပ်ကို လက်မှတ်ထိုးခဲ့စဉ် ဒီရာသီ လိုက်ဇစ်မှာ ဆက်နေဖို့ သဘောတူညီခဲ့ခြင်းကြောင့် အင်္ဂလန်ကလပ်တွေက မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်တယ်။

လိုက်ဇစ်နဲ့ အူပါမီကာနိုကြား စာချုပ်အရ လာမယ့် နွေမှာ အသက် ၂၂ နှစ်အရွယ် ခံစစ်သမားကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါဟာ စာချုပ်ပါ အချက်အလက်အရ ယူရို သန်း ၄၀ ဟာ လိုက်ဇစ်ဘက်က ငြင်းမရတဲ့ ပြောင်းရွှေ့ကြေး ဖြစ်မယ်လို့ သိရတယ်။

မန်စီးတီးဟာ ဒီနွေမှာ ဗဟိုခံစစ်သမား နှစ်ဦးကို ခေါ်ယူထားပြီဖြစ်လို့ နောက်ထပ် ခံစစ်သမားသစ်ကို အလောတကြီး ခေါ်ယူတော့မှာ မဟုတ်ဘူး။ လီဗာပူးအသင်းကတော့ ခံစစ်ပိုင်းကို သေချာပေါက် အားဖြည့်ဖို့ ကြံရွယ်လာမှာဖြစ်ကာ အူပါမီကာနိုက ဦးစားပေး ပစ်မှတ်လို့ ဖော်ပြလာနေကြတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဂ်ာမနီကလပ္ လိုက္ဇစ္အသင္းမွ ျပင္သစ္သား ခံစစ္မွဴး အူပါမီကာႏိုကို ေခၚယူလိုေၾကာင္း ဂ်ာမနီသတင္းဌာန Sport Bild က ေဖာ္ျပပါတယ္။

ဒီေႏြမွာ လိုဗရန္ကို လက္လြတ္ရတဲ့ေနာက္ လီဗာပူးဟာ ေစ်းကြက္ပိတ္ခ်ိန္ထိ ခံစစ္သမားသစ္ ေခၚယူႏုိင္ခဲ့ျခင္း မရွိပါဘူး။ ကေလာ့ပ္ဟာ အူပါမီကာႏိုကို သေဘာက်ျပီး ကစားသမားရဲ႕ စာခ်ဳပ္အရေကာ၊ ေပးေခ်ရမယ့္ ေျပာင္းေရႊ႔ေၾကးအရပါ လာမယ့္ ေႏြမွ ေခၚယူႏုိင္ဖို႔ အဆင္ေျပမွာျဖစ္လို႔ ခံစစ္မွဴးသစ္ မရွာျခင္းဆိုတဲ့အသံ စတင္ထြက္ေပၚလာခဲ့တယ္။

ျပင္သစ္သား ခံစစ္မွဴးကို ေခၚယူဖို႔ မန္စီးတီး၊ ယူႏုိက္တက္၊ အာဆင္နယ္တို႔ကလည္း စိတ္ဝင္စားခဲ့ပါေသးတယ္။ ျပင္သစ္သား ခံစစ္သမားဟာ သက္တမ္းတိုးစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့စဥ္ ဒီရာသီ လိုက္ဇစ္မွာ ဆက္ေနဖို႔ သေဘာတူညီခဲ့ျခင္းေၾကာင့္ အဂၤလန္ကလပ္ေတြက မေခၚယူႏုိင္ခဲ့ျခင္းျဖစ္တယ္။

လိုက္ဇစ္နဲ႔ အူပါမီကာႏိုၾကား စာခ်ဳပ္အရ လာမယ့္ ေႏြမွာ အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္သမားကို ယူရို သန္း ၄၀ ျဖင့္ ေခၚယူႏုိင္မွာျဖစ္ပါတယ္။ ဒါဟာ စာခ်ဳပ္ပါ အခ်က္အလက္အရ ယူရို သန္း ၄၀ ဟာ လိုက္ဇစ္ဘက္က ျငင္းမရတဲ့ ေျပာင္းေရႊ႔ေၾကး ျဖစ္မယ္လို႔ သိရတယ္။

မန္စီးတီးဟာ ဒီေႏြမွာ ဗဟိုခံစစ္သမား ႏွစ္ဦးကို ေခၚယူထားျပီျဖစ္လို႔ ေနာက္ထပ္ ခံစစ္သမားသစ္ကို အေလာတၾကီး ေခၚယူေတာ့မွာ မဟုတ္ဘူး။ လီဗာပူးအသင္းကေတာ့ ခံစစ္ပိုင္းကို ေသခ်ာေပါက္ အားျဖည့္ဖို႔ ၾကံရြယ္လာမွာျဖစ္ကာ အူပါမီကာႏိုက ဦးစားေပး ပစ္မွတ္လို႔ ေဖာ္ျပလာေနၾကတာ ျဖစ္ပါတယ္။