ဘောလုံးအသင်းတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တွစ်တာမှာ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ အယောင်ဆောင် ပရိသတ် အများဆုံး တိုးပွားနေတဲ့ ကလပ်တွေထဲ လီဗာပူးလည်း ပါဝင်လာပါတယ်။

ဆုဖလားတွေ အောင်မြင်လာမှုနဲ့အတူ လီဗာပူးအသင်းမှာ Fake followers 43.10% ထိ တိုးပွား မြင့်တက်လာခဲ့တယ်။ တကယ်မရှိပါဘဲ အကောင့်တုတွေ မြင့်တက်မှုမှာ စီးရီးအေကလပ်တွေက အများဆုံးဖြစ်ကာ အင်္ဂလန်မှာတော့ လီဗာပူး၊ ချယ်ဆီး၊ မန်စီးတီး တို့က Fake followers တိုးပွားမှု အများဆုံးဖြစ်တယ်လို့ သိရတယ်။

ဥရောပရဲ့ အမြင့်ဆုံးတွေအဖြစ်တော့ အေဂျက်၊ ရိုးမား၊ နာပိုလီတို့ဖြစ်သလို အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်တို့ကလည်း ထိပ်ဆုံးတွေမှာ ရှိနေပါတယ်။ Fake followers တွေဟာ လူပုဂ္ဂိုလ် အစစ်တွေက သုံးစွဲနေကြခြင်း မဟုတ်ဘဲ ကိန်းဂဏန်းသပ်သပ် အကောင့်တုတွေအဖြစ် စနစ်တစ်ခုခုနဲ့ ဖန်တီးထားခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဒါမျိုးဟာ ယခင်ကလည်း ရှိခဲ့ဖူးပြီး ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ Fake followers ၄၀% ကျော် မြင့်တက်ခဲ့ဖူးပါတယ်။ အကောင့်တုတွေဟာ active မဖြစ်ပါဘဲ ကိန်းဂဏန်းတွေအနေနဲ့ မြင့်တက်လာအောင် ဖန်တီးထားခြင်းကြောင့် ဒါမျိုးကို တွစ်တာကတော့ တရားဝင် ခွင့်မပြုပါဘူး။

ဒီကနေ့မှာလည်း မန်စီးတီးအသင်းဟာ ၎င်းတို့ရဲ့ တွစ်တာ လူမှုကွန်ယက်မှာ ပရိသတ်တွေ တိုးပွားလာဖို့ လုပ်ဆောင်ခဲ့ရာ တွစ်တာရဲ့ ပိတ်သိမ်းခံခဲ့ရပြီး ပြန်ဖွင့်ပေးရာမှာတော့ ပရိသတ် ထက်ဝက်ကျော် ဖျက်တောက်ခြင်း ခံခဲ့ရပါတယ်။

ZAWGYI

ေဘာလံုးအသင္းေတြကို လူမႈကြန္ယက္တစ္ခုျဖစ္တဲ့ တြစ္တာမွာ အားေပးၾကတဲ့ ပရိသတ္ေတြထဲမွာ အေယာင္ေဆာင္ ပရိသတ္ အမ်ားဆံုး တိုးပြားေနတဲ့ ကလပ္ေတြထဲ လီဗာပူးလည္း ပါဝင္လာပါတယ္။

ဆုဖလားေတြ ေအာင္ျမင္လာမႈနဲ႔အတူ လီဗာပူးအသင္းမွာ Fake followers 43.10% ထိ တိုးပြား ျမင့္တက္လာခဲ့တယ္။ တကယ္မရွိပါဘဲ အေကာင့္တုေတြ ျမင့္တက္မႈမွာ စီးရီးေအကလပ္ေတြက အမ်ားဆံုးျဖစ္ကာ အဂၤလန္မွာေတာ့ လီဗာပူး၊ ခ်ယ္ဆီး၊ မန္စီးတီး တို႔က Fake followers တိုးပြားမႈ အမ်ားဆံုးျဖစ္တယ္လို႔ သိရတယ္။

ဥေရာပရဲ႕ အျမင့္ဆံုးေတြအျဖစ္ေတာ့ ေအဂ်က္၊ ရိုးမား၊ နာပိုလီတို႔ျဖစ္သလို အင္တာမီလန္၊ ေအစီမီလန္၊ ဂ်ဴဗင္တပ္တို႔ကလည္း ထိပ္ဆံုးေတြမွာ ရွိေနပါတယ္။ Fake followers ေတြဟာ လူပုဂၢိဳလ္ အစစ္ေတြက သံုးစြဲေနၾကျခင္း မဟုတ္ဘဲ ကိန္းဂဏန္းသပ္သပ္ အေကာင့္တုေတြအျဖစ္ စနစ္တစ္ခုခုနဲ႔ ဖန္တီးထားျခင္းလည္း ျဖစ္ႏုိင္ပါတယ္။

ဒါမ်ိဳးဟာ ယခင္ကလည္း ရွိခဲ့ဖူးျပီး ယူႏုိက္တက္နဲ႔ အာဆင္နယ္တို႔ဟာ Fake followers ၄၀% ေက်ာ္ ျမင့္တက္ခဲ့ဖူးပါတယ္။ အေကာင့္တုေတြဟာ active မျဖစ္ပါဘဲ ကိန္းဂဏန္းေတြအေနနဲ႔ ျမင့္တက္လာေအာင္ ဖန္တီးထားျခင္းေၾကာင့္ ဒါမ်ိဳးကို တြစ္တာကေတာ့ တရားဝင္ ခြင့္မျပဳပါဘူး။

ဒီကေန႔မွာလည္း မန္စီးတီးအသင္းဟာ ၄င္းတို႔ရဲ႕ တြစ္တာ လူမႈကြန္ယက္မွာ ပရိသတ္ေတြ တိုးပြားလာဖို႔ လုပ္ေဆာင္ခဲ့ရာ တြစ္တာရဲ႕ ပိတ္သိမ္းခံခဲ့ရျပီး ျပန္ဖြင့္ေပးရာမွာေတာ့ ပရိသတ္ ထက္ဝက္ေက်ာ္ ဖ်က္ေတာက္ျခင္း ခံခဲ့ရပါတယ္။