လီဗာပူးအသင်းကို လက်ကျန် ဈေးကွက်ကာလမှာ ဂိုးသမားနေရာအတွက် စဉ်းစားဖို့ အကြံပေးမှုတွေ မြင့်တက်လာနေပါတယ်။

အင်္ဂလန်ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆန်က “ လီဗာပူးအတွက် အယ်လီဆန်က ကာလရှည် မကစားနိုင်ဘူးဆိုရင် သူတို့ ဂိုးသမားနေရာအတွက် အဖြေရှာသင့်ပါတယ်။ ပြည်တွင်းဈေးကွက်က အခုထိ ဖွင့်နေဆဲဖြစ်ပြီး လီဗာပူးက အပြောင်းအရွှေ့ ကိစ္စတွေ လုပ်နိုင်နေဆဲ ဖြစ်ပါတယ်။

အခုချိန်မှာ ဘောလုံး ကစားနေကြခြင်း မရှိတဲ့ ဂိုးသမားကောင်း အများအပြားလည်း ရှိပါတယ်။ လီဗာပူးက ဂျက်ဘတ်လန်းကို ကာလတို စာချုပ်ဖြင့် လက်မှတ်ထိုး ခေါ်ယူလိုက်လို့ ရပါတယ်။ သူတို့ ဘတ်လန်းလို ဂိုးသမားကို လိုပါတယ်။ ပွဲကြီးတွေအတွက် အတွေ့အကြုံရှိတဲ့ ဂိုးသမားပေါ့။ သူက အဲ့လို အရည်အချင်း ရှိသူပါ ” လို့ တိုက်တွန်းခဲ့တာဖြစ်တယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ၄ ပတ်ကြာ နားရမှာဖြစ်ပြီး သူ့ရဲ့ ပုခုံးဒဏ်ရာ လုံးဝ သက်သာဖို့ဆိုရင် ၆ ပတ်ထိလည်း အနားယူရနိုင်ပါတယ်။ အယ်လီဆန်နေရာ အစားဝင်နေတဲ့ အတ်ဒရီယန်ဟာ ဆိုးရွားတဲ့ လက်စွမ်းတွေပဲ ပြသထားပြီး နောက်ဆုံး ယှဉ်ပြိုင်တဲ့ အက်စတွန်ဗီလာပွဲမှာ ၇-၂ ထိ အရေးနိမ့်ထားခဲ့တယ်။

ဥရောပနွေဈေးကွက်က ပိတ်သွားပေမယ့် အင်္ဂလန်ပြည်တွင်းဈေးကွက်ကို အောက်တိုဘာလ ၁၆ ရက်နေ့ထိ ဖွင့်ထားပေးဆဲဖြစ်တယ်။ စတုတ်ဂိုးသမားကို ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့် အခုချိန်ထိ လီဗာပူးဘက်က လှုပ်ရှားဟန် မပြသေးပါဘူး။

ZAWGYI

လီဗာပူးအသင္းကို လက္က်န္ ေစ်းကြက္ကာလမွာ ဂိုးသမားေနရာအတြက္ စဥ္းစားဖို႔ အၾကံေပးမႈေတြ ျမင့္တက္လာေနပါတယ္။

အဂၤလန္ဂိုးသမားေဟာင္း ေပါလ္ ေရာ္ဘင္ဆန္က “ လီဗာပူးအတြက္ အယ္လီဆန္က ကာလရွည္ မကစားႏုိင္ဘူးဆိုရင္ သူတို႔ ဂိုးသမားေနရာအတြက္ အေျဖရွာသင့္ပါတယ္။ ျပည္တြင္းေစ်းကြက္က အခုထိ ဖြင့္ေနဆဲျဖစ္ျပီး လီဗာပူးက အေျပာင္းအေရႊ႔ ကိစၥေတြ လုပ္ႏုိင္ေနဆဲ ျဖစ္ပါတယ္။

အခုခ်ိန္မွာ ေဘာလံုး ကစားေနၾကျခင္း မရွိတဲ့ ဂိုးသမားေကာင္း အမ်ားအျပားလည္း ရွိပါတယ္။ လီဗာပူးက ဂ်က္ဘတ္လန္းကို ကာလတို စာခ်ဳပ္ျဖင့္ လက္မွတ္ထိုး ေခၚယူလိုက္လို႔ ရပါတယ္။ သူတို႔ ဘတ္လန္းလို ဂိုးသမားကို လိုပါတယ္။ ပြဲၾကီးေတြအတြက္ အေတြ႔အၾကံဳရွိတဲ့ ဂိုးသမားေပါ့။ သူက အဲ့လို အရည္အခ်င္း ရွိသူပါ ” လို႔ တိုက္တြန္းခဲ့တာျဖစ္တယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ၄ ပတ္ၾကာ နားရမွာျဖစ္ျပီး သူ႔ရဲ႕ ပုခံုးဒဏ္ရာ လံုးဝ သက္သာဖို႔ဆိုရင္ ၆ ပတ္ထိလည္း အနားယူရႏုိင္ပါတယ္။ အယ္လီဆန္ေနရာ အစားဝင္ေနတဲ့ အတ္ဒရီယန္ဟာ ဆိုးရြားတဲ့ လက္စြမ္းေတြပဲ ျပသထားျပီး ေနာက္ဆံုး ယွဥ္ျပိဳင္တဲ့ အက္စတြန္ဗီလာပြဲမွာ ၇-၂ ထိ အေရးနိမ့္ထားခဲ့တယ္။

ဥေရာပေႏြေစ်းကြက္က ပိတ္သြားေပမယ့္ အဂၤလန္ျပည္တြင္းေစ်းကြက္ကို ေအာက္တိုဘာလ ၁၆ ရက္ေန႔ထိ ဖြင့္ထားေပးဆဲျဖစ္တယ္။ စတုတ္ဂိုးသမားကို ေခၚယူဖို႔ တိုက္တြန္းမႈေတြ ရွိေနေပမယ့္ အခုခ်ိန္ထိ လီဗာပူးဘက္က လႈပ္ရွားဟန္ မျပေသးပါဘူး။