လက်ရှိ လီဗာပူးအသင်းသားတွေထဲမှာ သီယာဂို၊ မာနေး၊ ရှာကွီရီတို့ဟာ ကိုဗစ်ပိုး တွေ့ရှိခြင်းကြောင့် ကွာရန်တင်းဝင်မှုတွေ ပြုလုပ်ထားကြရပါတယ်။

ဗြိတိန် အာဏာပိုင်တွေရဲ့ ကိုဗစ်နဲ့ ပက်သက်လို့ သက်မှတ်ထာတဲ့ စည်းမျဉ်းအရ ပုဂ္ဂိုလ်တစ်ဦးဟာ ကိုဗစ်ပိုးတွေ့လို့ ရောဂါ လက္ခဏာ မပြရင်တောင်မှ အနည်းဆုံး ၁၄ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်တယ်။ ၎င်းတို့ဟာ အခြားသော စည်းမျဉ်းတွေလည်း ထုတ်ထားပြီး မာဆေးဆိုဒ်ဟာ ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့ ဒေသတွေထဲမှာ ပါဝင်နေပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာ သီယာဂိုမှာ ကိုဗစ်ပိုးတွေ့ကြောင်း သိခဲ့ရတာဖြစ်ပြီး စပိန်ကစားသမားဟာ ကွာရန်တင်းဝင်ထားခဲ့ပြီဖြစ်တယ်။ သူ့ရဲ့ သက်မှတ်ကာလက လာမယ့်အပတ် အင်္ဂါနေ့လောက်မှာ ပြည့်မှာဖြစ်လို့ အောက်တိုဘာလ ၁၇ ရက်နေ့ မတိုင်ခင် မာဆေးဆိုဒ် ဒါဘီမျာ ပါဝင်ခွင့်အတွက် ပြင်ဆင်မှုလုပ်ချိန်ရပြီး ကြံ့ခိုင်မှုပါ ပြည့်နေမယ်လို့ ယုံကြည်ရတယ်။

မာနေးကတော့ အောက်တိုဘာလ ၃ ရက်နေ့ကမှ ကွာရန်တင်း စဝင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ၁၄ ရက် ကာလက အဲဗာတန်ကို ရင်ဆိုင်တဲ့ ပွဲနေ့လောက်မှာ ပြည့်မှာဖြစ်တယ်။ အခြားသော ကန့်ကွက်စရာတွေ မရှိဘူးဆိုရင် အဲဗာတန်နဲ့ပွဲအတွက် ရွေးလို့ရနိုင်မှာ ဖြစ်ပေမယ့် ၁၄ ရက် လေ့ကျင့်ရေး မဆင်းနိုင်တဲ့ ကစားသမားတစ်ဦးကို ပွဲနေ့အတွက် ထည့်မလားဆိုရင် ကလော့ပ်ကတော့ အဲ့လို လုပ်ခဲလွန်းတယ်လို့ ပြောရမှာပါ။

ရှာကွီရီကတော့ ကံမကောင်းစွာပဲ နိုင်ငံတကာ သီတင်းပတ်မှာ ကိုဗစ်ပိုး တွေ့ခဲ့ပါတယ်။ သူဟာ အဲဗာတန်နဲ့ ဒါဘီပွဲမှာကော အေဂျက်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာပါ ပါနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတကာ သီတင်းပတ်တွေမှာ အသင်းသား တစ်ဦးဦး ကိုဗစ်ပိုးတွေ့မယ်ဆိုရင် အဆိုပါ ကစားသမားဟာ ရှက်ဖီး ယူနိုက်တက်၊ Midtjylland နဲ့ ဝက်ဟမ်းပွဲတွေ အထိကိုပါ လွဲမှာဖြစ်ပါတယ်။

ZAWGYI

လက္ရွိ လီဗာပူးအသင္းသားေတြထဲမွာ သီယာဂို၊ မာေနး၊ ရွာကီြရီတို႔ဟာ ကိုဗစ္ပိုး ေတြ႔ရွိျခင္းေၾကာင့္ ကြာရန္တင္းဝင္မႈေတြ ျပဳလုပ္ထားၾကရပါတယ္။

ျဗိတိန္ အာဏာပိုင္ေတြရဲ႕ ကိုဗစ္နဲ႔ ပက္သက္လို႔ သက္မွတ္ထာတဲ့ စည္းမ်ဥ္းအရ ပုဂၢိဳလ္တစ္ဦးဟာ ကိုဗစ္ပိုးေတြ႔လို႔ ေရာဂါ လကၡဏာ မျပရင္ေတာင္မွ အနည္းဆံုး ၁၄ ရက္ ကြာရန္တင္း ဝင္ရမွာျဖစ္တယ္။ ၄င္းတို႔ဟာ အျခားေသာ စည္းမ်ဥ္းေတြလည္း ထုတ္ထားျပီး မာေဆးဆိုဒ္ဟာ ကိုဗစ္ကူးစက္မႈ ျပန္လည္ ျမင့္တက္လာတဲ့ ေဒသေတြထဲမွာ ပါဝင္ေနပါတယ္။

စက္တင္ဘာလ ၂၉ ရက္ေန႔မွာ သီယာဂိုမွာ ကိုဗစ္ပိုးေတြ႔ေၾကာင္း သိခဲ့ရတာျဖစ္ျပီး စပိန္ကစားသမားဟာ ကြာရန္တင္းဝင္ထားခဲ့ျပီျဖစ္တယ္။ သူ႔ရဲ႕ သက္မွတ္ကာလက လာမယ့္အပတ္ အဂၤါေန႔ေလာက္မွာ ျပည့္မွာျဖစ္လို႔ ေအာက္တိုဘာလ ၁၇ ရက္ေန႔ မတိုင္ခင္ မာေဆးဆိုဒ္ ဒါဘီမ်ာ ပါဝင္ခြင့္အတြက္ ျပင္ဆင္မႈလုပ္ခ်ိန္ရျပီး ၾကံ႕ခိုင္မႈပါ ျပည့္ေနမယ္လို႔ ယံုၾကည္ရတယ္။

မာေနးကေတာ့ ေအာက္တိုဘာလ ၃ ရက္ေန႔ကမွ ကြာရန္တင္း စဝင္ခဲ့တာျဖစ္ျပီး သူ႔ရဲ႕ ၁၄ ရက္ ကာလက အဲဗာတန္ကို ရင္ဆိုင္တဲ့ ပြဲေန႔ေလာက္မွာ ျပည့္မွာျဖစ္တယ္။ အျခားေသာ ကန္႔ကြက္စရာေတြ မရွိဘူးဆိုရင္ အဲဗာတန္နဲ႔ပြဲအတြက္ ေရြးလို႔ရႏုိင္မွာ ျဖစ္ေပမယ့္ ၁၄ ရက္ ေလ့က်င့္ေရး မဆင္းႏုိင္တဲ့ ကစားသမားတစ္ဦးကို ပြဲေန႔အတြက္ ထည့္မလားဆိုရင္ ကေလာ့ပ္ကေတာ့ အဲ့လို လုပ္ခဲလြန္းတယ္လို႔ ေျပာရမွာပါ။

ရွာကီြရီကေတာ့ ကံမေကာင္းစြာပဲ ႏုိင္ငံတကာ သီတင္းပတ္မွာ ကိုဗစ္ပိုး ေတြ႔ခဲ့ပါတယ္။ သူဟာ အဲဗာတန္နဲ႔ ဒါဘီပြဲမွာေကာ ေအဂ်က္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာပါ ပါႏုိင္မွာ မဟုတ္ပါဘူး။

ႏုိင္ငံတကာ သီတင္းပတ္ေတြမွာ အသင္းသား တစ္ဦးဦး ကိုဗစ္ပိုးေတြ႔မယ္ဆိုရင္ အဆိုပါ ကစားသမားဟာ ရွက္ဖီး ယူႏုိက္တက္၊ Midtjylland နဲ႔ ဝက္ဟမ္းပြဲေတြ အထိကိုပါ လြဲမွာျဖစ္ပါတယ္။