လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအတွက် လူစာရင်း တင်ခဲ့ပြီဖြစ်ကာ ဝေလ်းလက်ရွေးစင် ဟယ်ရီဝဲလ်ဆန် ပါဝင်လာခြင်း မရှိပါဘူး။

လီဗာပူးအသင်းက လူစာရင်းကို ၂၅ ဦးထိ တင်ခွင့်ရှိပြီး ‘locally-trained’ ကစားသမား ၈ ဦးထိ ထည့်သွင်းခွင့် ရျိပါတယ်။ ဒါပေမယ့် လီဗာပူးက ၇ ဦးပဲ ထည့်ခဲ့ပြီး ဂျိမ်းမီလ်နာ၊ ဂိုးမက်စ်၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ ကလယ်ဟာ၊ ထရန့်နဲ့ အီလီယော့တို့ကို ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် နာမည်စာရင်း ပေးခဲ့တယ်။

ဝဲလ်ဆန်ကို ထည့်ခွင့်ရှိပေမယ့် လူစာရင်းထဲ ထည့်သွင်းခဲ့ခြင်း မရှိဘူး။ ဝေလ်းလက်ရွေးစင်ဟာ အန်ဖီးမှာပဲ ဆက်ရှိနေခဲ့ပေမယ့် သူ့ရဲ့ အနာဂတ် မသေချာပါဘူး။ လီဗာပူးက သူ့ကို ယူ-၂၃ ပြည်တွင်းကလပ်တွေထံ အငှားချခြင်းတွေ ဆက်လုပ်နိုင်သေးတာဖြစ်တယ်။

ရှာကွီရီကတော့ လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဒဏ်ရာကြောင့် ခြောက်ပတ်လောက် နားရမယ့် အယ်လီဆန်နဲ့အတူ သီယာဂို၊ ဂျိုတာနဲ့ ကိုစတက်တို့ကလည်း ပါဝင်လာခဲ့တယ်။

ကာတစ်ဂျုံးနဲ့ နီကိုးတို့က လီဗာပူးအကယ်ဒမီထွက်တွေ ဖြစ်ခြင်းကြောင့် လူစာရင်းထဲ ထည့်ခဲ့ခြင်း မရှိပေမယ့် ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရပါမယ်။ သူတို နှစ်ဦးဟာ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှ မွေးဖွားသူတွေဖြစ်ကာ အသက် ၁၅ နှစ်ပြည့်ပြီး ၂ နှစ်ကာလလုံး လီဗာပူးအသင်းမှာ ရှိခဲ့လို့ List B ကနေ ပါဝင်ခွင့်ရခဲ့တယ်။

ဒါပေမယ့်လို့ အီလီယော့ကိုတော့ List B မှာ ထည့်ခွင့်မရှိတာကြောင့် List A ကနေ ထည့်ခဲ့ခြင်းဖြစ်တယ်။ လီဗာပူးက ချန်ပီယံလိဂ် ရံှူးထွက်အဆင်ကို တက်ရောက်နိုင်မယ်ဆိုရင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မတိုင်ခင်မှာ ကစားသမားသစ် ၃ ဦးကို အစားထိုးနိုင်မှာဖြစ်တယ်။ ဒါပေမယ့် အများဆုံး ကစားသမားစာရင်းက ၂၅ ဦးထက် ပိုခွင့်တော့ မရှိပါဘူး။

Liverpool A-list squad

Goalkeepers: Alisson Becker, Adrian, Caoimhin Kelleher

Defenders: Virgil van Dijk, Joe Gomez, Kostas Tsimikas, Andy Robertson, Joel Matip, Trent Alexander-Arnold

Midfielders: Fabinho, Gini Wijnaldum, Thiago Alcantara, James Milner, Naby Keita, Jordan Henderson, Alex Oxlade-Chamberlain, Xherdan Shaqiri, Takumi Minamino, Harvey Elliott

Forwards: Roberto Firmino, Sadio Mane, Mohamed Salah, Diogo Jota, Divock Origi

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြအတြက္ လူစာရင္း တင္ခဲ့ျပီျဖစ္ကာ ေဝလ္းလက္ေရြးစင္ ဟယ္ရီဝဲလ္ဆန္ ပါဝင္လာျခင္း မရွိပါဘူး။

လီဗာပူးအသင္းက လူစာရင္းကို ၂၅ ဦးထိ တင္ခြင့္ရွိျပီး ‘locally-trained’ ကစားသမား ၈ ဦးထိ ထည့္သြင္းခြင့္ ရ်ိပါတယ္။ ဒါေပမယ့္ လီဗာပူးက ၇ ဦးပဲ ထည့္ခဲ့ျပီး ဂ်ိမ္းမီလ္နာ၊ ဂိုးမက္စ္၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္၊ ကလယ္ဟာ၊ ထရန္႔နဲ႔ အီလီေယာ့တို႔ကို ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္အတြက္ နာမည္စာရင္း ေပးခဲ့တယ္။

ဝဲလ္ဆန္ကို ထည့္ခြင့္ရွိေပမယ့္ လူစာရင္းထဲ ထည့္သြင္းခဲ့ျခင္း မရွိဘူး။ ေဝလ္းလက္ေရြးစင္ဟာ အန္ဖီးမွာပဲ ဆက္ရွိေနခဲ့ေပမယ့္ သူ႔ရဲ႕ အနာဂတ္ မေသခ်ာပါဘူး။ လီဗာပူးက သူ႔ကို ယူ-၂၃ ျပည္တြင္းကလပ္ေတြထံ အငွားခ်ျခင္းေတြ ဆက္လုပ္ႏုိင္ေသးတာျဖစ္တယ္။

ရွာကီြရီကေတာ့ လူစာရင္းမွာ ပါဝင္လာခဲ့ျပီး ဒဏ္ရာေၾကာင့္ ေျခာက္ပတ္ေလာက္ နားရမယ့္ အယ္လီဆန္နဲ႔အတူ သီယာဂို၊ ဂ်ိဳတာနဲ႔ ကိုစတက္တို႔ကလည္း ပါဝင္လာခဲ့တယ္။

ကာတစ္ဂ်ံဳးနဲ႔ နီကိုးတို႔က လီဗာပူးအကယ္ဒမီထြက္ေတြ ျဖစ္ျခင္းေၾကာင့္ လူစာရင္းထဲ ထည့္ခဲ့ျခင္း မရွိေပမယ့္ ခ်န္ပီယံလိဂ္မွာ ပါဝင္ခြင့္ရပါမယ္။ သူတို ႏွစ္ဦးဟာ ၁၉၉၈ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္းမွ ေမြးဖြားသူေတြျဖစ္ကာ အသက္ ၁၅ ႏွစ္ျပည့္ျပီး ၂ ႏွစ္ကာလလံုး လီဗာပူးအသင္းမွာ ရွိခဲ့လို႔ List B ကေန ပါဝင္ခြင့္ရခဲ့တယ္။

ဒါေပမယ့္လို႔ အီလီေယာ့ကိုေတာ့ List B မွာ ထည့္ခြင့္မရွိတာေၾကာင့္ List A ကေန ထည့္ခဲ့ျခင္းျဖစ္တယ္။ လီဗာပူးက ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင္ကို တက္ေရာက္ႏုိင္မယ္ဆိုရင္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ မတိုင္ခင္မွာ ကစားသမားသစ္ ၃ ဦးကို အစားထိုးႏုိင္မွာျဖစ္တယ္။ ဒါေပမယ့္ အမ်ားဆံုး ကစားသမားစာရင္းက ၂၅ ဦးထက္ ပိုခြင့္ေတာ့ မရွိပါဘူး။