ယာဂင်ကလော့ပ် လီဗာပူးအသင်းကို တာဝန်ယူပြီဆိုတဲ့ အတည်ပြု သတင်းထွက်လာချိန်မှာ ဘောလုံးလောကအတွင်း သံသယဝင်မှုတွေ အများကြီး ရှိခဲ့တယ်။

ယာဂင်ကလော့ပ် မတိုင်ခင် လီဗာပူးရဲ့ ထိပ်တန်းမန်နေဂျာ ခေါ်ယူမှုက လာလီဂါကို ဗလန်စီယာအသင်းနဲ့ အောင်မြင်ခဲ့တဲ့ ဘင်နီတက်စ်ကို ခေါ်ယူမှုဖြစ်ပြီး နောက်ပိုင်း ခန့်အပ်မှုတွေက အလယ်အလတ် ကလပ်တွေကို တာဝန်ယူတဲ့ ရွိုင်ဟောင်ဆန်နဲ့ ဘရန်ဒန် ရော်ဂျာတို့လို မန်နေဂျာတွေဖြစ်တယ်။

ကင်းကင်နီဟာ ပရီးမီးယားလိဂ်ကို အောင်မြင်ဖူးသလို ဆုဖလားပေါင်းများစွာကို ကစားသမားအဖြစ်ကော မန်နေဂျာအဖြစ်ပါ အောင်မြင်ခဲ့တဲ့ ဂန္တဝင်ဆိုပေမယ့် လီဗာပူးကို တစ်ကျော့ပြန် တာဝန်ယူချိန်မှာ သူဟာ နည်းပြလောကနဲ့ ဆယ်စုနှစ်ကျော် အဆက်ပြတ်နေခဲ့ပါပြီ။

ယာဂင်က သူ့ရဲ့ ပထမဆုံးသော အင်တာဗျူးမှာတင် ၄ နှစ်အတွင်း ဆုဖလား ၁ ခုကို ရစေရမယ်လို့ အာမခံခဲ့တယ်။ ယာဂင်ရဲ့ အာမခံမှုဟာ ပြိုင်ဘက် အသင်းပရိသတ်တွေကြား နားကလော်စရာ ဖြစ်ခဲ့ပေမယ့် ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ်ကတော့ ကလော့ပ်က ပြောတဲ့အတိုင်း လုပ်မယ့်သူဆိုတာကို နားလည်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

များစွာသော သံသယဝင်သူတွေနဲ့ ဆန့်ကျင်စွာပဲ ၂၀၁၅ ခုနှစ်မှာ ဆာအဲလက်စ်က လီဗာပူးနဲ့ ပက်သက်ပြီး သူ့ရဲ့ စိုးရိမ်မှုကို အခုလို ပြောခဲ့သေးတာပါ။

ဆာအဲလက်စ်က ” ဒါက သိပ်ကောင်းတဲ့ တာဝန်ပေးမှုပဲ။ ငါက ကလော့ပ်ကို အထင်ကြီးသူပါ။ ဂျီနီဗာမှာလုပ်တဲ့ ဖီဖာမန်နေဂျာ အစည်းအဝေးမှာတည်းက ယာဂင်က သိပ်တော်တဲ့သူဆိုတာကို ငါသိခဲ့တယ်။

သူက ပုဂ္ဂိုလ်ရေးပိုင်းမှာလည်း သိပ်ကောင်းတယ်၊ သိပ်သန်မာတယ်၊ နောက်ပြီး သူက ခေါင်းလည်း သိပ်မာတယ်။ ဒေါ့မွန်ကို ကိုင်တွယ်မှုနဲ့ ထိပ်တန်းအဆင့်ကို ရောက်လာခဲ့ပြီး လီဗာပူးမှာ သူကောင်းကောင်း လုပ်ပြနိုင်မယ်ဆိုတာ ငါသိတယ်။

ကလော့ပ် လီဗာပူးကို တာဝန်ယူတာဆိုတော့ ဒါက ငါ့ကို စိုးရိမ်စေတယ်ဆိုတာ ထုတ်တော့ မပြောချင်ဘူးကွာ။ ဒါပေမယ့် အဲ့မှာ သူကောင်းကောင်းလုပ်တော့မယ်ဆိုတာ ငါသိနေတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ မှာတော့ ကလော့ပ်ဟာ လီဗာပူးနဲ့အတူ ကမ္ဘာအခက်ခဲဆုံး ဆုဖလားတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့ကို အောင်မြင်ခဲ့ပါပြီ။ ထိုနည်းတူ ကလော့ပ်ဟာလည်း ကမ္ဘာအကောင်းဆုံး မန်နေဂျာတစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ လီဗာပူးအသင္းကို တာဝန္ယူျပီဆိုတဲ့ အတည္ျပဳ သတင္းထြက္လာခ်ိန္မွာ ေဘာလံုးေလာကအတြင္း သံသယဝင္မႈေတြ အမ်ားၾကီး ရွိခဲ့တယ္။

ယာဂင္ကေလာ့ပ္ မတိုင္ခင္ လီဗာပူးရဲ႕ ထိပ္တန္းမန္ေနဂ်ာ ေခၚယူမႈက လာလီဂါကို ဗလန္စီယာအသင္းနဲ႔ ေအာင္ျမင္ခဲ့တဲ့ ဘင္နီတက္စ္ကို ေခၚယူမႈျဖစ္ျပီး ေနာက္ပိုင္း ခန္႔အပ္မႈေတြက အလယ္အလတ္ ကလပ္ေတြကို တာဝန္ယူတဲ့ ရိြဳင္ေဟာင္ဆန္နဲ႔ ဘရန္ဒန္ ေရာ္ဂ်ာတို႔လို မန္ေနဂ်ာေတြျဖစ္တယ္။

ကင္းကင္နီဟာ ပရီးမီးယားလိဂ္ကို ေအာင္ျမင္ဖူးသလို ဆုဖလားေပါင္းမ်ားစြာကို ကစားသမားအျဖစ္ေကာ မန္ေနဂ်ာအျဖစ္ပါ ေအာင္ျမင္ခဲ့တဲ့ ဂႏၱဝင္ဆိုေပမယ့္ လီဗာပူးကို တစ္ေက်ာ့ျပန္ တာဝန္ယူခ်ိန္မွာ သူဟာ နည္းျပေလာကနဲ႔ ဆယ္စုႏွစ္ေက်ာ္ အဆက္ျပတ္ေနခဲ့ပါျပီ။

ယာဂင္က သူ႔ရဲ႕ ပထမဆံုးေသာ အင္တာဗ်ဴးမွာတင္ ၄ ႏွစ္အတြင္း ဆုဖလား ၁ ခုကို ရေစရမယ္လို႔ အာမခံခဲ့တယ္။ ယာဂင္ရဲ႕ အာမခံမႈဟာ ျပိဳင္ဘက္ အသင္းပရိသတ္ေတြၾကား နားကေလာ္စရာ ျဖစ္ခဲ့ေပမယ့္ ယူႏုိက္တက္ မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္ကေတာ့ ကေလာ့ပ္က ေျပာတဲ့အတိုင္း လုပ္မယ့္သူဆိုတာကို နားလည္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

မ်ားစြာေသာ သံသယဝင္သူေတြနဲ႔ ဆန္႔က်င္စြာပဲ ၂၀၁၅ ခုႏွစ္မွာ ဆာအဲလက္စ္က လီဗာပူးနဲ႔ ပက္သက္ျပီး သူ႔ရဲ႕ စိုးရိမ္မႈကို အခုလို ေျပာခဲ့ေသးတာပါ။

ဆာအဲလက္စ္က ” ဒါက သိပ္ေကာင္းတဲ့ တာဝန္ေပးမႈပဲ။ ငါက ကေလာ့ပ္ကို အထင္ၾကီးသူပါ။ ဂ်ီနီဗာမွာလုပ္တဲ့ ဖီဖာမန္ေနဂ်ာ အစည္းအေဝးမွာတည္းက ယာဂင္က သိပ္ေတာ္တဲ့သူဆိုတာကို ငါသိခဲ့တယ္။

သူက ပုဂၢိဳလ္ေရးပိုင္းမွာလည္း သိပ္ေကာင္းတယ္၊ သိပ္သန္မာတယ္၊ ေနာက္ျပီး သူက ေခါင္းလည္း သိပ္မာတယ္။ ေဒါ့မြန္ကို ကိုင္တြယ္မႈနဲ႔ ထိပ္တန္းအဆင့္ကို ေရာက္လာခဲ့ျပီး လီဗာပူးမွာ သူေကာင္းေကာင္း လုပ္ျပႏုိင္မယ္ဆိုတာ ငါသိတယ္။

ကေလာ့ပ္ လီဗာပူးကို တာဝန္ယူတာဆိုေတာ့ ဒါက ငါ့ကို စိုးရိမ္ေစတယ္ဆိုတာ ထုတ္ေတာ့ မေျပာခ်င္ဘူးကြာ။ ဒါေပမယ့္ အဲ့မွာ သူေကာင္းေကာင္းလုပ္ေတာ့မယ္ဆိုတာ ငါသိေနတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

၂၀၂၀ မွာေတာ့ ကေလာ့ပ္ဟာ လီဗာပူးနဲ႔အတူ ကမၻာအခက္ခဲဆံုး ဆုဖလားေတြျဖစ္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္တို႔ကို ေအာင္ျမင္ခဲ့ပါျပီ။ ထိုနည္းတူ ကေလာ့ပ္ဟာလည္း ကမၻာအေကာင္းဆံုး မန္ေနဂ်ာတစ္ဦးအျဖစ္ မွတ္ေက်ာက္တင္ႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။