ကိုလီဘာလီ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ နာပိုလီကနေ ထွက်ခွာနိုင်ခဲ့ရင်တောင်မှ လီဗာပူးအတွက် ပြီးပြည့်စုံစေမှာ မဟုတ်ဘူးလို့ ဂျွန်ဘမ်းက ပြောဆိုခဲ့သလို လီဗာပူးမှာ ခံစစ်ပိုင်း အမှားတွေ ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

နွေအပြောင်းအရွှေ့ ကာလအတွင်း လီဗာပူးအသင်းက ဗဟိုနောက်ခံလူကောင်း တစ်ယောက် ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် ဗန်ဒိုက်နဲ့ ကိုလီဘာလေကို တွဲဘက်ဟာ ခံစစ်ကြောင်းကို ပိုတောင့်တင်းအောင်လုပ်ဖို့ အကြံပေးမှုတွေ အများကြီး ရှိခဲ့ပါတယ်။

ဒါပေမယ့်လို့ လီဗာပူးက ခံစစ်ပိုင်းကို ပစ်မှတ်ထားဖို့ အကြံပေးမှုတွေအား လျစ်လျူရှုခဲ့တယ်။ ဂျွန်ဘမ်းကတော့ ပြီးခဲ့တဲ့ ရာသီတွေအတွင်း အောင်မြင်ခဲ့တာတွေကြောင့် ကလပ်အနေနဲ့ သူတို့သွားနေတဲ့ ပုံစံနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ ရှင်းပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်နေပါတယ်။

ဂျွန်ဘမ်းက “ဂိုးတွေအများကြီး ပိုပေးရတာက နောက်တန်းကလူတွေနဲ့ မဆိုင်ပါဘူး၊ လီဗာပူးက မတူညီတဲ့ပုံစံနဲ့ ကစားနေတာပါပဲ၊ သူတို့တွေက ဂိုးတွေလိုချင်လို့ ပိုပြီး အရှိန်တင်ကစားတာကြောင့် အနောက်က ဟာကွက်တွေကနေ အခွင့်အရေးတွေ ပိုပေးလိုက်ရတယ်။

ဒါက အာနိုး၊ ဗန်ဒိုက်၊ ဂျိုးဂိုမက်တို့နဲ့ မဆိုင်ပါဘူး၊ သူတို့က အဆင်ပြေပါတယ်၊ ကူလီဘာလီတို့လို ပိုကောင်းတဲ့ လူတွေခေါ်လဲ ပြီးပြည့်စုံတာတော့ မရှိနိုင်ပါဘူး၊ လီဗာပူးက တစ်ပွဲပဲရှုံးခဲ့တယ်၊ အဲ့ဒါက ဆိုးဝါးတဲ့ကစားပုံ ဖြစ်ခဲ့ပေမယ့် သူတို့တွေ ပြိုလဲပျက်ဆီးသွားတာ မဟုတ်ပါဘူး။

အာဆင်နယ်နဲ့ပွဲမှာ သူတို့ အကောင်းဆုံး ကစားခဲ့တာပါ၊ လီဗာပူးက မစဉ်းစားပဲ အရေးတကြီး ပြောင်းလဲမှုလုပ်ဖို့ လိုနေတဲ့ အခြေအနေ မဟုတ်ပါဘူး၊ သူတို့က တခြားအသင်းတွေထက် အမှတ် ၂၀ကျော် ပိုသာခဲ့တာပါ၊ သူတို့မှာ ပြဿနာကြီးကြီးမားမား မရှိပါဘူး။

ပွဲတစ်ပွဲမှာ ဆိုးဝါးတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်၊ ဒီလိုဆက်ဖြစ်နေရင် မေးခွန်းတွေ ထုတ်လာနိုင်တယ်ဆိုပေမယ့် တကြိမ်ထဲနဲ့တော့ ဘယ်သူကမှ ပြိုလဲသွားမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ကိုလီဘာလီ အေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီမွာ နာပိုလီကေန ထြက္ခြာႏိုင္ခဲ့ရင္ေတာင္မွ လီဗာပူးအတြက္ ၿပီးျပည့္စုံေစမွာ မဟုတ္ဘူးလို႔ ဂြၽန္ဘမ္းက ေျပာဆိုခဲ့သလို လီဗာပူးမွာ ခံစစ္ပိုင္း အမွားေတြ ရွိေနတယ္လို႔ သတိေပးခဲ့ပါတယ္။

ေႏြအေျပာင္းအေ႐ႊ႕ ကာလအတြင္း လီဗာပူးအသင္းက ဗဟိုေနာက္ခံလူေကာင္း တစ္ေယာက္ ေခၚယူဖို႔ တိုက္တြန္းမႈေတြ ရွိခဲ့တယ္။ အထူးသျဖင့္ ဗန္ဒိုက္နဲ႔ ကိုလီဘာေလကို တြဲဘက္ဟာ ခံစစ္ေၾကာင္းကို ပိုေတာင့္တင္းေအာင္လုပ္ဖို႔ အၾကံေပးမႈေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။

ဒါေပမယ့္လို႔ လီဗာပူးက ခံစစ္ပိုင္းကို ပစ္မွတ္ထားဖို႔ အႀကံေပးမႈေတြအား လ်စ္လ်ဴရႈခဲ့တယ္။ ဂၽြန္ဘမ္းကေတာ့ ၿပီးခဲ့တဲ့ ရာသီေတြအတြင္း ေအာင္ျမင္ခဲ့တာေတြေၾကာင့္ ကလပ္အေနနဲ႔ သူတို႔သြားေနတဲ့ ပုံစံနဲ႔ပတ္သက္လို႔ ဘယ္သူ႔ကိုမွ ရွင္းျပဖို႔ မလိုအပ္ဘူးလို႔ ယုံၾကည္ေနပါတယ္။

ဂၽြန္ဘမ္းက “ဂိုးေတြအမ်ားႀကီး ပိုေပးရတာက ေနာက္တန္းကလူေတြနဲ႔ မဆိုင္ပါဘူး၊ လီဗာပူးက မတူညီတဲ့ပုံစံနဲ႔ ကစားေနတာပါပဲ၊ သူတို႔ေတြက ဂိုးေတြလိုခ်င္လို႔ ပိုၿပီး အရွိန္တင္ကစားတာေၾကာင့္ အေနာက္က ဟာကြက္ေတြကေန အခြင့္အေရးေတြ ပိုေပးလိုက္ရတယ္။

ဒါက အာႏိုး၊ ဗန္ဒိုက္၊ ဂ်ိဳးဂိုမက္တို႔နဲ႔ မဆိုင္ပါဘူး၊ သူတို႔က အဆင္ေျပပါတယ္၊ ကူလီဘာလီတို႔လို ပိုေကာင္းတဲ့ လူေတြေခၚလဲ ၿပီးျပည့္စုံတာေတာ့ မရွိႏိုင္ပါဘူး၊ လီဗာပူးက တစ္ပြဲပဲရႈံးခဲ့တယ္၊ အဲ့ဒါက ဆိုးဝါးတဲ့ကစားပုံ ျဖစ္ခဲ့ေပမယ့္ သူတို႔ေတြ ျပိဳလဲပ်က္ဆီးသြားတာ မဟုတ္ပါဘူး။

အာဆင္နယ္နဲ႔ပြဲမွာ သူတို႔ အေကာင္းဆုံး ကစားခဲ့တာပါ၊ လီဗာပူးက မစဥ္းစားပဲ အေရးတႀကီး ေျပာင္းလဲမႈလုပ္ဖို႔ လိုေနတဲ့ အေျခအေန မဟုတ္ပါဘူး၊ သူတို႔က တျခားအသင္းေတြထက္ အမွတ္ ၂၀ေက်ာ္ ပိုသာခဲ့တာပါ၊ သူတို႔မွာ ျပႆနာႀကီးႀကီးမားမား မရွိပါဘူး။

ပြဲတစ္ပြဲမွာ ဆိုးဝါးတဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္၊ ဒီလိုဆက္ျဖစ္ေနရင္ ေမးခြန္းေတြ ထုတ္လာႏိုင္တယ္ဆိုေပမယ့္ တႀကိမ္ထဲနဲ႔ေတာ့ ဘယ္သူကမွ ၿပိဳလဲသြားမွာ မဟုတ္ပါဘူး” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။