လီဗာပူးကစားသမားဟောင်းကြီး ဂျွန်ဘမ်းက အသင်းဟာ ပွဲတွေကို အနိုင်ရလိုပြီး ဂိုးတွေ သွင်းလိုတာကြောင့် ခံစစ်သမားတွေကအစ တိုက်စစ်ကို လိုက်ပါနေစေတယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ အက်တွန်ဗီလာကို ရှုံးခဲ့တဲ့ပွဲအတွင်း ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့သလို အရှိန်အဟုန်နဲ့ တန်ပြန်တိုက်စစ်ဆင်တဲ့အခါ ခံစစ်တန်း အနောက်က နေရာလွတ်တွေကို ပြိုင်ဘက်တွေ အခွင့်အရေး ယူနိုင်ခဲ့တဲ့ ချဉ်းကပ်ပုံက စွန့်စားရာကျလွန်းတဲ့အပေါ် မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးရဲ့ ဗဟိုခံစစ်မှူးတွေဟာ high line လို့ ခေါ်တဲ့ ခံစစ်လိုင်းကို မြင့်မြင့်ထား ကစားကြပြီး ကွင်းလယ်စည်းထိ တက်ကစားနေတာ မြင်ရမှာပါ။ ဒီစနစ်ကို အရင်နှစ်တွေထဲက ကျင့်သုံးလာပေမယ့် ဒီရာသီမှာ ထိုးနက်ချက် ဖြစ်လာရတာကတော့ လူကျွံဘော စည်းမျဉ်းကြောင့်ဖြစ်ပါတယ်။

ဥပမာအားဖြင့် ယခင်နှစ်တွေက လူကျွံတယ်ဆိုရင် အလံကို ချက်ခြင်းထောင်ပေးပေမယ့် ဒီရာသီမှာတော့ လူကျွံကြောင်း အတည်ပြုချက် မရမချင်း အလံထောင်မပေးတော့ဘူး။ ထိုနည်းတူပဲ အလံမထောင်ပေးလို့ ဘောလုံးဆက်ကစားရာမှာ ထောင့်ကန်ဘောတွေ ဖြစ်ခဲ့ရင်လည်း တားမြစ်မှုတွေ လုပ်တော့မှာ မဟုတ်ပါဘူး။

လီဗာပူးရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီးတော့လဲ ဘန်းစ်က “ကလော့ပ်က အရှိန်မြှင့် ကစားချင်တယ်၊ တိုက်စစ်ပဲ အားပြုချင်တယ်ဆိုတော့ နောက်တန်းလေးယောက်ကပါ အရှေ့ကို လိုက်တက်ရတယ်၊ ဒါပေမယ့် အဲ့ဒါက လီဗာပူး ယူနေတဲ့ အခွင့်အရေးပါပဲ။

စီးတီးနဲ့ လိဒ်ပွဲမှာ ဘီအယ်ဆာနဲ့ ပက်ဂွာဒီယို ကစားတဲ့ပုံကို ကြည့်ကြည့်ပါ၊ သူတို့လဲ အခွင့်အရေးတွေ ယူချင်တယ်၊ ဂိုးတွေ သွင်းချင်တယ်၊ ပွဲတွေ အနိုင်ရချင်တယ်၊ ဘယ်သူကမှ ဂိုးပေးချင်မှ ာမဟုတ်ဘူး၊ ဗီလာကို ရှုံးခဲ့တဲ့ပွဲက တစ်ခါတည်းဖြစ်မှာ သေချာပေမယ့် ကလော့အနေနဲ့ ခံစစ်ကို နည်းနည်းဂရုစိုက်ပြီး အရမ်းအရှေ့မတက်ဖို့ လုပ်ရမှာပါ” လို့ ခံစစ်ကို နည်းနည်းချဖို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်၊၊

လီဗာပူးဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ လိဂ်ပွဲတွေ ပြန်ကစားရမှာဖြစ်ပြီး အဲ့ဒီ့ကျရင်တော့ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီကို ရင်ဆိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္းၾကီး ဂၽြန္ဘမ္းက အသင္းဟာ ပြဲေတြကို အႏုိင္ရလိုျပီး ဂိုးေတြ သြင္းလိုတာေၾကာင့္ ခံစစ္သမားေတြကအစ တိုက္စစ္ကို လိုက္ပါေနေစတယ္လို႔ ဆိုပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ အက္တြန္ဗီလာကို ရႈံးခဲ့တဲ့ပြဲအတြင္း ပုံစံေကာင္းေတြ ေပ်ာက္ဆုံးေနခဲ့သလို အရွိန္အဟုန္နဲ႔ တန္ျပန္တိုက္စစ္ဆင္တဲ့အခါ ခံစစ္တန္း အေနာက္က ေနရာလြတ္ေတြကို ၿပိဳင္ဘက္ေတြ အခြင့္အေရး ယူႏိုင္ခဲ့တဲ့ ခ်ဥ္းကပ္ပုံက စြန္႔စားရာက်လြန္းတဲ့အေပၚ ေမးခြန္းထုတ္မႈေတြ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။

လီဗာပူးရဲ႕ ဗဟိုခံစစ္မွဴးေတြဟာ high line လို႔ ေခၚတဲ့ ခံစစ္လိုင္းကို ျမင့္ျမင့္ထား ကစားၾကျပီး ကြင္းလယ္စည္းထိ တက္ကစားေနတာ ျမင္ရမွာပါ။ ဒီစနစ္ကို အရင္ႏွစ္ေတြထဲက က်င့္သံုးလာေပမယ့္ ဒီရာသီမွာ ထိုးနက္ခ်က္ ျဖစ္လာရတာကေတာ့ လူကၽြံေဘာ စည္းမ်ဥ္းေၾကာင့္ျဖစ္ပါတယ္။

ဥပမာအားျဖင့္ ယခင္ႏွစ္ေတြက လူကၽြံတယ္ဆိုရင္ အလံကို ခ်က္ျခင္းေထာင္ေပးေပမယ့္ ဒီရာသီမွာေတာ့ လူကၽြံေၾကာင္း အတည္ျပဳခ်က္ မရမခ်င္း အလံေထာင္မေပးေတာ့ဘူး။ ထိုနည္းတူပဲ အလံမေထာင္ေပးလို႔ ေဘာလံုးဆက္ကစားရာမွာ ေထာင့္ကန္ေဘာေတြ ျဖစ္ခဲ့ရင္လည္း တားျမစ္မႈေတြ လုပ္ေတာ့မွာ မဟုတ္ပါဘူး။

လီဗာပူးရဲ႕ ခ်ဥ္းကပ္ပုံကို ေျပာင္းလဲဖို႔နဲ႔ ပတ္သက္ၿပီးေတာ့လဲ ဘန္းစ္က “ကေလာ့ပ္က အရွိန္ျမႇင့္ ကစားခ်င္တယ္၊ တိုက္စစ္ပဲ အားျပဳခ်င္တယ္ဆိုေတာ့ ေနာက္တန္းေလးေယာက္ကပါ အေရွ႕ကို လိုက္တက္ရတယ္၊ ဒါေပမယ့္ အဲ့ဒါက လီဗာပူး ယူေနတဲ့ အခြင့္အေရးပါပဲ။

စီးတီးနဲ႔ လိဒ္ပြဲမွာ ဘီအယ္ဆာနဲ႔ ပက္ဂြာဒီယို ကစားတဲ့ပုံကို ၾကည့္ၾကည့္ပါ၊ သူတို႔လဲ အခြင့္အေရးေတြ ယူခ်င္တယ္၊ ဂိုးေတြ သြင္းခ်င္တယ္၊ ပြဲေတြ အႏိုင္ရခ်င္တယ္၊ ဘယ္သူကမွ ဂိုးေပးခ်င္မွ ာမဟုတ္ဘူး၊ ဗီလာကို ရႈံးခဲ့တဲ့ပြဲက တစ္ခါတည္းျဖစ္မွာ ေသခ်ာေပမယ့္ ကေလာ့အေနနဲ႔ ခံစစ္ကို နည္းနည္းဂ႐ုစိုက္ၿပီး အရမ္းအေရွ႕မတက္ဖို႔ လုပ္ရမွာပါ” လို႔ ခံစစ္ကို နည္းနည္းခ်ဖို႔ အႀကံေပးခဲ့တာ ျဖစ္ပါတယ္၊၊

လီဗာပူးဟာ ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ လိဂ္ပြဲေတြ ျပန္ကစားရမွာျဖစ္ၿပီး အဲ့ဒီ့က်ရင္ေတာ့ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ဒါဘီကို ရင္ဆိုင္ရဖို႔ ရွိေနတာျဖစ္ပါတယ္။