မန်နေဂျာယာဂင်ကလော့ပ်ရဲ့ အကြိုက် ကွင်းလယ်လူဖြစ်တဲ့ ဝိုက်နယ်ဒမ်ဟာ ရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာသွားနိုင်ကြောင်း သတင်းတွေ စတင်ကာ ထွက်ပေါ်လာခဲ့ပါပြီ။

၂၀၁၆ ခုနှစ်မှာ လီဗာပူးအသင်းကို ပေါင် ၂၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဝိုက်နယ်ဒမ်ဟာ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ အဓိကကျတဲ့ ကွင်းလယ်လူတစ်ဦး ဖြစ်တယ်။ သူ့ရဲ့ စာချုပ်ဟာ ဒီနွေမှာ ကုန်ဆုံးမှာဖြစ်ကာ စာချုပ်သစ်ကိစ္စကလည်း မနှစ်ကရာသီ ပြီးကတည်းက ဆက်လက် ညိနှိုင်းမှုတွေ မရှိတော့တာ ဖြစ်ပါတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ကလပ်နဲ့ စာချုပ် တစ်နှစ်ပဲ ကျန်တော့တဲ့ ဝိုက်နယ်ဒမ်ဟာ ရာသီကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမယ်လို့ ယုံကြည်နေတယ်။ ကလပ်ဟာ ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ မကြိုးစားတော့သလို ကွင်လယ်တစ်နေရာအတွက် သီယာဂိုကို ပိုင်ဆိုင်ထားပြီလည်း ဖြစ်တယ်။

မာဆေးဆိုဒ်အခြေစိုက် Echo သတင်းထောက် မတ်အတ်ဒီဆန်က ” ဝိုက်နယ်ဒမ်က စာချုပ် ၁၀ ပဲကျန်ပြီး စာချုပ်ကုန်ရင် ထွက်ခွာမှာပါ။ လီဗာပူးနဲ့ စာချုပ်သစ်အတွက် သူတုန့်ပြန်ဦးမလားတော့ စောင့်ကြည်ရမှာပေါ့။

သူ လီဗာပူးမှာ ဆက်နေသွားမယ်တော့ မထင်ပါဘူး။ နောက်လာမယ့် လအနည်းငယ် ဘာဖြစ်လာမယ်တော့ ပြောလို့ မရနိုင်သေးပါဘူး။ ဒီအခြေအနေမှာတော့ ဝိုက်နယ်ဒမ်က ထွက်ခွာသွားမှာဖြစ်ပြီး ဒါက ထူးဆန်းတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ စာချုပ် ၁၀ လပဲ ကျန်တဲ့ ကစားသမားတစ်ဦးက အသင်းမှာ ဆက်နေဖို့ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဝိုက်နယ်ဒမ်ဟာ လီဗာပူးကနေ ထွက်ခွာခဲ့ရင် စပိန်ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖွယ်ရှိတယ်။ မန်နေဂျာကိုးမန်းက သူ့ကို သဘောတွေ့ပြီး ဘာစီလိုနာအတွက် ခေါ်ယူလိုကြောင်း သိထားရပေမယ့် ဒီနွေမှာ ခေါ်ယူခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ အၾကိဳက္ ကြင္းလယ္လူျဖစ္တဲ့ ဝိုက္နယ္ဒမ္ဟာ ရာသီအကုန္မွာေတာ့ အသင္းကေန ထြက္ခြာသြားႏုိင္ေၾကာင္း သတင္းေတြ စတင္ကာ ထြက္ေပၚလာခဲ့ပါျပီ။

၂၀၁၆ ခုႏွစ္မွာ လီဗာပူးအသင္းကို ေပါင္ ၂၅ သန္းျဖင့္ ေျပာင္းလာခဲ့တဲ့ ဝိုက္နယ္ဒမ္ဟာ ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ အဓိကက်တဲ့ ကြင္းလယ္လူတစ္ဦး ျဖစ္တယ္။ သူ႔ရဲ႕ စာခ်ဳပ္ဟာ ဒီေႏြမွာ ကုန္ဆံုးမွာျဖစ္ကာ စာခ်ဳပ္သစ္ကိစၥကလည္း မႏွစ္ကရာသီ ျပီးကတည္းက ဆက္လက္ ညိႏိႈင္းမႈေတြ မရွိေတာ့တာ ျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ကလပ္နဲ႔ စာခ်ဳပ္ တစ္ႏွစ္ပဲ က်န္ေတာ့တဲ့ ဝိုက္နယ္ဒမ္ဟာ ရာသီကုန္မွာ အသင္းကေန အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာမယ္လို႔ ယံုၾကည္ေနတယ္။ ကလပ္ဟာ ဝိုက္နယ္ဒမ္ကုိ သက္တမ္းတိုးဖို႔ မၾကိဳးစားေတာ့သလို ကြင္လယ္တစ္ေနရာအတြက္ သီယာဂိုကို ပိုင္ဆိုင္ထားျပီလည္း ျဖစ္တယ္။

မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းေထာက္ မတ္အတ္ဒီဆန္က ” ဝိုက္နယ္ဒမ္က စာခ်ဳပ္ ၁၀ ပဲက်န္ျပီး စာခ်ဳပ္ကုန္ရင္ ထြက္ခြာမွာပါ။ လီဗာပူးနဲ႔ စာခ်ဳပ္သစ္အတြက္ သူတုန္႔ျပန္ဦးမလားေတာ့ ေစာင့္ၾကည္ရမွာေပါ့။

သူ လီဗာပူးမွာ ဆက္ေနသြားမယ္ေတာ့ မထင္ပါဘူး။ ေနာက္လာမယ့္ လအနည္းငယ္ ဘာျဖစ္လာမယ္ေတာ့ ေျပာလို႔ မရႏုိင္ေသးပါဘူး။ ဒီအေျခအေနမွာေတာ့ ဝိုက္နယ္ဒမ္က ထြက္ခြာသြားမွာျဖစ္ျပီး ဒါက ထူးဆန္းတဲ့ ကိစၥလည္း မဟုတ္ပါဘူး။ စာခ်ဳပ္ ၁၀ လပဲ က်န္တဲ့ ကစားသမားတစ္ဦးက အသင္းမွာ ဆက္ေနဖို႔ဆိုတာလည္း မျဖစ္ႏုိင္သေလာက္ပါပဲ။ ” လို႔ ဆိုခ့ဲတာျဖစ္တယ္။

ဝိုက္နယ္ဒမ္ဟာ လီဗာပူးကေန ထြက္ခြာခဲ့ရင္ စပိန္ကလပ္ ဘာစီလိုနာကို ေျပာင္းေရႊ႔ဖြယ္ရွိတယ္။ မန္ေနဂ်ာကိုးမန္းက သူ႔ကို သေဘာေတြ႔ျပီး ဘာစီလိုနာအတြက္ ေခၚယူလိုေၾကာင္း သိထားရေပမယ့္ ဒီေႏြမွာ ေခၚယူခဲ့ျခင္း မရွိတာ ျဖစ္ပါတယ္။