လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ဖလူမီနက်စ် အသင်းမှ အသက် ၁၇ နှစ်အရွယ် ဘရာဇီးဂိုးသမား မာဆယ်လို ပီတာလူးဂါကို အပြီးသတ် လက်မှတ်ထိုး ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့ပါပြီ။

သူဟာ မဲဝုဒ်မှာလည်း လေ့ကျင့်ရေး ဆင်းနေပြီဖြစ်ကာ စီနီယာအသင်းနဲ့ အဓိက လေ့ကျင့်ရေးဆင်းပြီး အကယ်ဒမီအသင်းအတွက် ပွဲထွက်ပေးရမယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁.၈ သန်းထိ ကုန်ကျမှာ ဖြစ်ပါတယ်။

လီဗာပူးဂိုးနည်းပြချုပ် အက်တာဘတ်က “ ကမ္ဘာဖလားမှာ သူ့ကို ပထမဆုံး မြင်ခဲ့တာပါ။ ဂိုးအားလုံးရဲ့ အသက်ကို လိုက်ကြည့်ရာမှာ သူက တစ်သင်းလုံးက ကစားသမားတွေထက်တောင်မှ ၁ နှစ်ငယ်နေပါတယ်။ ဂိုသမား အသင်းဖော်တွေထက်လည်း တစ်နှစ်တောင် ငယ်နေတော့ သူက တစ်ခုခု ပိုထူးခြားမယ်လို့ တွေးမိခဲ့တယ်။

သူက ဖလူမီနက်စ် အသင်းကဖြစ်ပြီး ကျနော်တို့ ဂိုးနည်းပြတွေဖြစ်တဲ့ ဂျက် ရော်ဘင်ဆန်၊ မက် မာရိုစ်၊ နေး အတ်ဝပ်တို့နဲ့ စကားပြောခဲ့ပြီး မန်နေဂျာကလော့ပ်နဲ့ တိုင်ပင်ကြည့်တယ်။ ဖလူမီနက်စ်အသင်းကို ကျနေ်ာတို့ အလန်ကို အငှားချဖူးတယ်။ ဒီတော့ အငှားကစားသမားဆိုင်ရာ မန်နေဂျာ ဂျူလီယန်နဲ့လည်း စကားပြောခဲ့တယ်။

ဂျူလီယန်က တစ်ကြိမ်၊ နှစ်ကြိမ်လောက် သူ့ကို တွေ့ဖူးပြီး အကောင်းမြင်စရာပါလို့ ပြောပြတယ်။ အယ်လီဆန်နဲ့လည်း စကားပြောခဲ့ပြီး ဘရာဇီးမှာ ကောင်လေးကို လေ့ကျင့်ပေးနေတဲ့ အယ်လီဆန်ရဲ့ အကိုကို မေးမြန်းမှုတွေ လုပ်ခဲ့ကြတယ်။ သူက ဘရာဇီးကလပ်မှာ အရန်အသင်းအတွက် ကစားပေးပါတယ်။

သူက ၁၆ နှစ်ပဲ ရှိသေးပေမယ့် အရန်အသင်းမှာ ကစားနေပါပြီ ဒီလောက် အသက်ငယ်ငယ်နဲ့ ယုံကြည်ခံနေရတယ်။ အခုတော့ သူ လီဗာပူးကို ရောက်လာပါပြီ သူတိုးတက်လာရမှာပါ။ ကောင်လေးက ငယ်သေးတယ်ဆိုတော့ ဖိအား မရှိပါဘူး။ သူ့ကို အုလပ်ကို ကြိုးစားလုပ်စေမှာ ဖြစ်တယ်။

ပထမဆုံးအနေနဲ့ သူ့ကို အထိုင်ကျအောင် လုပ်ပေးမယ်။ လျှင်မြန်မှုနဲ့ အင်္ဂလန် ဘောလုံးလောကနဲ့ ပက်သက်တာတွေ၊ ဘရာဇီးနဲ့ ခြားနားတာတွေကို သင်ပေးမယ်။ အချိန်ကြာလာရင် ဒီက အခြေအနေတွေနဲ့ ပိုပြီး အံဝင်လာမှာပါ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘရာဇီးကလပ္ ဖလူမီနက္စ္ အသင္းမွ အသက္ ၁၇ ႏွစ္အရြယ္ ဘရာဇီးဂိုးသမား မာဆယ္လို ပီတာလူးဂါကို အျပီးသတ္ လက္မွတ္ထိုး ေခၚယူႏုိင္ေၾကာင္း ေၾကညာခဲ့ပါျပီ။

သူဟာ မဲဝုဒ္မွာလည္း ေလ့က်င့္ေရး ဆင္းေနျပီျဖစ္ကာ စီနီယာအသင္းနဲ႔ အဓိက ေလ့က်င့္ေရးဆင္းျပီး အကယ္ဒမီအသင္းအတြက္ ပြဲထြက္ေပးရမယ္လို႔ သိရပါတယ္။ လီဗာပူးအသင္းဟာ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁.၈ သန္းထိ ကုန္က်မွာ ျဖစ္ပါတယ္။

လီဗာပူးဂိုးနည္းျပခ်ဳပ္ အက္တာဘတ္က “ ကမာၻဖလားမွာ သူ႔ကို ပထမဆံုး ျမင္ခဲ့တာပါ။ ဂိုးအားလံုးရဲ႕ အသက္ကို လိုက္ၾကည့္ရာမွာ သူက တစ္သင္းလံုးက ကစားသမားေတြထက္ေတာင္မွ ၁ နွစ္ငယ္ေနပါတယ္။ ဂိုသမား အသင္းေဖာ္ေတြထက္လည္း တစ္ႏွစ္ေတာင္ ငယ္ေနေတာ့ သူက တစ္ခုခု ပိုထူးျခားမယ္လို႔ ေတြးမိခဲ့တယ္။

သူက ဖလူမီနက္စ္ အသင္းကျဖစ္ျပီး က်ေနာ္တို႔ ဂိုးနည္းျပေတြျဖစ္တဲ့ ဂ်က္ ေရာ္ဘင္ဆန္၊ မက္ မာရိုစ္၊ ေနး အတ္ဝပ္တို႔နဲ႔ စကားေျပာခဲ့ျပီး မန္ေနဂ်ာကေလာ့ပ္နဲ႔ တိုင္ပင္ၾကည့္တယ္။ ဖလူမီနက္စ္အသင္းကို က်ေန္ာတို႔ အလန္ကို အငွားခ်ဖူးတယ္။ ဒီေတာ့ အငွားကစားသမားဆုိင္ရာ မန္ေနဂ်ာ ဂ်ဴလီယန္နဲ႔လည္း စကားေျပာခဲ့တယ္။

ဂ်ဴလီယန္က တစ္ၾကိမ္၊ ႏွစ္ၾကိမ္ေလာက္ သူ႔ကို ေတြ႔ဖူးျပီး အေကာင္းျမင္စရာပါလို႔ ေျပာျပတယ္။ အယ္လီဆန္နဲ႔လည္း စကားေျပာခဲ့ျပီး ဘရာဇီးမွာ ေကာင္ေလးကို ေလ့က်င့္ေပးေနတဲ့ အယ္လီဆန္ရဲ႕ အကိုကို ေမးျမန္းမႈေတြ လုပ္ခဲ့ၾကတယ္။ သူက ဘရာဇီးကလပ္မွာ အရန္အသင္းအတြက္ ကစားေပးပါတယ္။

သူက ၁၆ ႏွစ္ပဲ ရွိေသးေပမယ့္ အရန္အသင္းမွာ ကစားေနပါျပီ ဒီေလာက္ အသက္ငယ္ငယ္နဲ႔ ယံုၾကည္ခံေနရတယ္။ အခုေတာ့ သူ လီဗာပူးကို ေရာက္လာပါျပီ သူတိုးတက္လာရမွာပါ။ ေကာင္ေလးက ငယ္ေသးတယ္ဆိုေတာ့ ဖိအား မရွိပါဘူး။ သူ႔ကို အုလပ္ကို ၾကိဳးစားလုပ္ေစမွာ ျဖစ္တယ္။

ပထမဆံုးအေနနဲ႔ သူ႔ကို အထုိင္က်ေအာင္ လုပ္ေပးမယ္။ လွ်င္ျမန္မႈနဲ႔ အဂၤလန္ ေဘာလံုးေလာကနဲ႔ ပက္သက္တာေတြ၊ ဘရာဇီးနဲ႔ ျခားနားတာေတြကို သင္ေပးမယ္။ အခ်ိန္ၾကာလာရင္ ဒီက အေျခအေနေတြနဲ႔ ပိုျပီး အံဝင္လာမွာပါ။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။