လီဗာပူးအသင်းဟာ ယူ-၁၇ ကမ္ဘာဖလား ချန်ပီယံ ဘရာဇီးအသင်းရဲ့ ဂိုးသမားလေး Marcelo Pitaluga ကို အပြီးသတ် လက်မှတ်ထိုး ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာပါတယ်။

လီဗာပူးကွင်းလယ်လူ ရှာကွီရီကို ကိုဗစ် ထပ်မံစစ်ဆေးမှုမှာ negative အဖြေထွက်ခဲ့တာကြောင့် ပထမအကြိမ် စစ်ဆေးမှုက မှားယွင်းခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံအသင်းနဲ့ ပူးပေါင်းဖို့ရာ စပိန်ကို လိုက်သွားပြီဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ရဲ့ အကြိုက် ကွင်းလယ်လူဖြစ်တဲ့ ဝိုက်နယ်ဒမ်ဟာ ရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာသွားနိုင်ကြောင်း လီဗာပူးသတင်းထောက်တွေက ဖော်ပြလာခဲ့ပါပြီ။

၂၀၁၅ ခုနှစ်မှာ လီဗာပူးအသင်းက မန်နေဂျာအဖြစ် ယာဂင်ကလော့ပ်ကို တာဝန်ပေးခဲ့စဉ် လီဗာပူးက ကလော့ပ်နဲ့ အောင်မြင်လိမ့်မယ်လို့ ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ်က ထုတ်ပြောခဲ့ဖူးပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအတွက် လူစာရင်း တင်ခဲ့ပြီဖြစ်ကာ ဝေလ်းလက်ရွေးစင် ဟယ်ရီဝဲလ်ဆန် ပါဝင်လာခြင်း မရှိပါဘူး။

ဒီရာသီမှာ ဖာမင်နိုဟာ ဘောလုံးပေးမှု တိကျမှုက ဆိုးဆိုးရွားရွား ကျဆင်းနေပြီး ဘောလုံးဖြတ်တောက်မှုနဲ့ လုယူမှုမှာလည်း အားနည်းနေတဲ့ဆိုတဲ့ မှတ်တမ်းတွေ ထွက်ရှိလာပါတယ်။

လက်ရှိ လီဗာပူးအသင်းသားတွေထဲမှာ သီယာဂို၊ မာနေးတို့ဟာ ကိုဗစ်ပိုး တွေ့ရှိခြင်းကြောင့် ကွာရန်တင်းဝင်နေရကာ သီယာဂိုက အဲဗာတန်ပွဲ မတိုင်ခင် လေ့ကျင့်ရေး ဆင်နိုင်ဖို့ သေချာပေမယ့် မာနေးကတော့ အဲဗာတန်နဲ့ပွဲနေ့မှ ကွာရန်တင်းရက် ပြည့်မယ်လို့ သိရပါတယ်။

လီဗာပူးအသင်းရဲ့ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် The Guardian သတင်းဌာနက ဘလာဂီဇီဆိုတဲ့ လူငယ်ကစားသမားကို ရွေးချယ်သွားပါတယ်။ သူဟာ လက်ရှိ လီဗာပူး ယူ-၁၈ အသင်းအတွက် ကစားပေးနေတဲ့ ကွင်းလယ်လူဖြစ်ပါတယ်။

ဥရောပနွေဈေးကွက်က ပိတ်သွားပေမယ့် အင်္ဂလန်ပြည်တွင်းဈေးကွက်ကို အောက်တိုဘာလ ၁၆ ရက်နေ့ထိ ဖွင့်ထားပေးဆဲဖြစ်တယ်။ လီဗာပူးအသင်းကို လက်ကျန် ဈေးကွက်ကာလမှာ စတုန်ဂိုးသမား ဘတ်လန်းကို ခေါ်ယူဖို့ အကြံပေးမှုတွေ မြင့်တက်လာနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ယူ-၁၇ ကမၻာဖလား ခ်န္ပီယံ ဘရာဇီးအသင္းရဲ႕ ဂိုးသမားေလး Marcelo Pitaluga ကို အျပီးသတ္ လက္မွတ္ထိုး ေခၚယူႏုိင္ျပီျဖစ္ေၾကာင္း ေၾကညာပါတယ္။

လီဗာပူးကြင္းလယ္လူ ရွာကြီရီကို ကိုဗစ္ ထပ္မံစစ္ေဆးမႈမွာ negative အေျဖထြက္ခဲ့တာေၾကာင့္ ပထမအၾကိမ္ စစ္ေဆးမႈက မွားယြင္းခဲ့ေၾကာင္း အတည္ျပဳႏုိင္ခဲ့ျပီး ႏိုင္ငံအသင္းနဲ႔ ပူးေပါင္းဖို႔ရာ စပိန္ကို လိုက္သြားၿပီျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ အၾကိဳက္ ကြင္းလယ္လူျဖစ္တဲ့ ဝိုက္နယ္ဒမ္ဟာ ရာသီအကုန္မွာေတာ့ အသင္းကေန ထြက္ခြာသြားႏုိင္ေၾကာင္း လီဗာပူးသတင္းေထာက္ေတြက ေဖာ္ျပလာခဲ့ပါျပီ။

၂၀၁၅ ခုႏွစ္မွာ လီဗာပူးအသင္းက မန္ေနဂ်ာအျဖစ္ ယာဂင္ကေလာ့ပ္ကို တာဝန္ေပးခဲ့စဥ္ လီဗာပူးက ကေလာ့ပ္နဲ႔ ေအာင္ျမင္လိမ့္မယ္လို႔ ယူႏုိက္တက္ မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္က ထုတ္ေျပာခဲ့ဖူးပါတယ္။

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြအတြက္ လူစာရင္း တင္ခဲ့ျပီျဖစ္ကာ ေဝလ္းလက္ေရြးစင္ ဟယ္ရီဝဲလ္ဆန္ ပါဝင္လာျခင္း မရွိပါဘူး။

ဒီရာသီမွာ ဖာမင္ႏိုဟာ ေဘာလံုးေပးမႈ တိက်မႈက ဆိုးဆိုးရြားရြား က်ဆင္းေနျပီး ေဘာလံုးျဖတ္ေတာက္မႈနဲ႔ လုယူမႈမွာလည္း အားနည္းေနတဲ့ဆိုတဲ့ မွတ္တမ္းေတြ ထြက္ရွိလာပါတယ္။

လက္ရွိ လီဗာပူးအသင္းသားေတြထဲမွာ သီယာဂို၊ မာေနးတို႔ဟာ ကိုဗစ္ပိုး ေတြ႔ရွိျခင္းေၾကာင့္ ကြာရန္တင္းဝင္ေနရကာ သီယာဂိုက အဲဗာတန္ပြဲ မတိုင္ခင္ ေလ့က်င့္ေရး ဆင္ႏုိင္ဖို႔ ေသခ်ာေပမယ့္ မာေနးကေတာ့ အဲဗာတန္နဲ႔ပြဲေန႔မွ ကြာရန္တင္းရက္ ျပည့္မယ္လို႔ သိရပါတယ္။

လီဗာပူးအသင္းရဲ႕ အေကာင္းဆံုး လူငယ္ကစားသမားအျဖစ္ The Guardian သတင္းဌာနက ဘလာဂီဇီဆိုတဲ့ လူငယ္ကစားသမားကို ေရြးခ်ယ္သြားပါတယ္။ သူဟာ လက္ရွိ လီဗာပူး ယူ-၁၈ အသင္းအတြက္ ကစားေပးေနတဲ့ ကြင္းလယ္လူျဖစ္ပါတယ္။

ဥေရာပေႏြေစ်းကြက္က ပိတ္သြားေပမယ့္ အဂၤလန္ျပည္တြင္းေစ်းကြက္ကို ေအာက္တိုဘာလ ၁၆ ရက္ေန႔ထိ ဖြင့္ထားေပးဆဲျဖစ္တယ္။ လီဗာပူးအသင္းကို လက္က်န္ ေစ်းကြက္ကာလမွာ စတုန္ဂိုးသမား ဘတ္လန္းကို ေခၚယူဖို႔ အၾကံေပးမႈေတြ ျမင့္တက္လာေနပါတယ္။