လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေအတွက် ၂၄ ဦးပါ လူစာရင်းကို အတည်ပြုခဲ့ပြီဖြစ်ကာ ကွင်းလယ်လူ ဝဲလ်ဆန် ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ဝေလ်းကစားသမားကို homegrown ကစားသမားအဖြစ် နာမည်စာရင်း တင်လို့ရပေမယ့် ချန်လှပ်ထားခဲ့ပြီး သူဟာ ပရီးမီးယားလိဂ်မှာလည်း ကစားခွင့်ရဖွယ် မရှိတော့ဘူးလို့ သိရတယ်။ နွေဈေးကွက်မှာ ဘန်လေအသင်းနဲ့ ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့နောက် ဝဲလ်ဆန်ဟာ နိုင်ငံတကာပွဲတွေကနေ ပြန်လာရင် အနာဂတ်ကိစ္စ စဉ်းစားရမှာဖြစ်တယ်။

အောက်တိုဘာလ ၂၀ ရက်နေ့မှ ပရီးမီးယားလိဂ် လူစာရင်းတင်မှာဖြစ်လို့ သူဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းမှာ ပါဝင်နိုင်ဆဲဖြစ်တယ်။ လီဗာပူးသတင်းထောက် David Lynch ကတော့ ဝဲလ်ဆန်ကို ချန်ပီယံရှစ်ကလပ်တွေထံ အငှားချဖို့ကိစ္စကို ကလပ်က စကားပြောမှာဖြစ်ကာ ပြည်တွင်းဈေးကွက် မပိတ်ခင် အပြီးသတ်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ဆိုတယ်။

ဥရောပဈေးကွက်ကြီးက အောက်တိုဘာလ ၅ ရက်တည်းက ပိတ်သွားပြီဖြစ်ပေမယ့် အင်္ဂလန် ပြည်တွင်းဈေးကွက်ကတော့ အောက်တိုဘာလ ၁၆ ရက်နေ့ထိ ဖွင့်နေပါသေးတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဝေလ်းရဲ့ နောက်ဆုံးပွဲအပြီး ဝဲလ်ဆန်က အနာဂတ်ကိစ္စ စဉ်းစားလို့ ရဦးမှာဖြစ်တယ်။

ဝဲလ်ဆန်ကို ချန်ပီယံရှစ်ကလပ်ထံ အငှားချရာမှာ အဆိုပါ ကလပ်က ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့ရင် အပြီးသတ် ဝယ်ယူခွင့်ဆိုတဲ့ အချက်ကို ထည့်သွင်းဖို့ လီဗာပူးက ဆန္ဒရှိတယ်။ ညိနှိုင်းမှုက ပေါင် သန်း ၂၀ ခန့် ရှိရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ပြဲေတြအတြက္ ၂၄ ဦးပါ လူစာရင္းကို အတည္ျပဳခဲ့ျပီျဖစ္ကာ ကြင္းလယ္လူ ဝဲလ္ဆန္ ပါဝင္ခဲ့ျခင္း မရွိပါဘူး။

ေဝလ္းကစားသမားကို homegrown ကစားသမားအျဖစ္ နာမည္စာရင္း တင္လို႔ရေပမယ့္ ခ်န္လွပ္ထားခဲ့ျပီး သူဟာ ပရီးမီးယားလိဂ္မွာလည္း ကစားခြင့္ရဖြယ္ မရွိေတာ့ဘူးလို႔ သိရတယ္။ ေႏြေစ်းကြက္မွာ ဘန္ေလအသင္းနဲ႔ ေပါင္ ၁၆ သန္းျဖင့္ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တဲ့ေနာက္ ဝဲလ္ဆန္ဟာ ႏုိင္ငံတကာပြဲေတြကေန ျပန္လာရင္ အနာဂတ္ကိစၥ စဥ္းစားရမွာျဖစ္တယ္။

ေအာက္တိုဘာလ ၂၀ ရက္ေန႔မွ ပရီးမီးယားလိဂ္ လူစာရင္းတင္မွာျဖစ္လို႔ သူဟာ လီဗာပူးအသင္းရဲ႕ ပရီးမီးယားလိဂ္ လူစာရင္းမွာ ပါဝင္ႏုိင္ဆဲျဖစ္တယ္။ လီဗာပူးသတင္းေထာက္ David Lynch ကေတာ့ ဝဲလ္ဆန္ကို ခ်န္ပီယံရွစ္ကလပ္ေတြထံ အငွားခ်ဖို႔ကိစၥကို ကလပ္က စကားေျပာမွာျဖစ္ကာ ျပည္တြင္းေစ်းကြက္ မပိတ္ခင္ အျပီးသတ္ႏုိင္ဖို႔ ၾကိဳးစားလိမ့္မယ္လို႔ ဆိုတယ္။

ဥေရာပေစ်းကြက္ၾကီးက ေအာက္တိုဘာလ ၅ ရက္တည္းက ပိတ္သြားျပီျဖစ္ေပမယ့္ အဂၤလန္ ျပည္တြင္းေစ်းကြက္ကေတာ့ ေအာက္တိုဘာလ ၁၆ ရက္ေန႔ထိ ဖြင့္ေနပါေသးတယ္။ ဒါေၾကာင့္ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ ေဝလ္းရဲ႕ ေနာက္ဆံုးပြဲအျပီး ဝဲလ္ဆန္က အနာဂတ္ကိစၥ စဥ္းစားလို႔ ရဦးမွာျဖစ္တယ္။

ဝဲလ္ဆန္ကို ခ်န္ပီယံရွစ္ကလပ္ထံ အငွားခ်ရာမွာ အဆိုပါ ကလပ္က ပရီးမီးယားလိဂ္ကို တန္းတက္ႏုိင္ခဲ့ရင္ အျပီးသတ္ ဝယ္ယူခြင့္ဆိုတဲ့ အခ်က္ကို ထည့္သြင္းဖို႔ လီဗာပူးက ဆႏၵရွိတယ္။ ညိႏိႈင္းမႈက ေပါင္ သန္း ၂၀ ခန္႔ ရွိရမွာ ျဖစ္ပါတယ္။