လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အထူးချီးကျူးမှု လုပ်ခဲ့ပြီး အသင်းအဝတ်လဲခန်းကို ဦးဆောင်သူအဖြစ် ဂုဏ်တင်သွားပါတယ်။

စတီဗင်ဂျရတ်ရဲ့ တာဝန်ကို လက်လွဲယူစမှာ ဟန်ဒါဆန်က ဖိအားတွေ အများကြီး ရှိခဲ့ပေမယ့် အခုချိန်မှာတော့ အားလုံးက သူ့ကို ယုံကြည်လာခဲ့ပါပြီ။ ဟန်ဒါဆန်ဟာ လီဗာပူးအဝတ်လဲခန်းရဲ့ အထင်ကြီး လေးစားခံ ပုဂ္ဂိုလ်ဖြစ်သလို ပွဲတွေမှာ သူပါလာခြင်းက လုံခြုံစိတ်ချရတယ်ဆိုတဲ့ ခံစားချက်ကို ပရိသတ်တွေ ကိုယ်တိုင်ကလည်း ခံစားမိလာပြီဖြစ်ပါတယ်။

ရိုဘိုက ” စတီဗင်ဂျရတ်ထံက အသင်းခေါင်းဆောင် လက်ပတ်ကို လက်လွဲယူခဲ့တည်းက ဟန်ဒိုက မေးခွန်းတွေအများကြီး ထုတ်ခံခဲ့ရတယ်။ စတီဗင်ဟာ အစားထိုးဖို့ လွယ်တဲ့ ကစားသမား မဟုတ်ပါဘူး။ ဒါကို ဟန်ဒိုက အားလုံးထက် ပိုနားလည်ခဲ့တယ်။ ဒါပေမယ့် လီဗာပူးဂန္တဝင်ကြီး တစ်ဦးနဲ့ အမြဲတမ်း နှိုင်းယှဉ်ခံရမှုကနေ ကိုယ်ပိုင် အရည်အချင်းတွေကို ဟန်ဒိုက သက်သေပြခဲ့ပါတယ်။

အခုဆိုရင် လူတိုင်းက ဂျော်ဒန် ဟန်ဒါဆန်ကို ဂျော်ဒန် ဟန်ဒါဆန်အဖြစ် မြင်လာကြပါပြီ။ စတီဗင်ဂျရတ်ထံက အသင်းခေါင်းဆောင် တာဝန်ကို လက်လွဲယူခဲ့သူအဖြစ် မဟုတ်တော့ပါဘူး။ အားလုံးက သူ့ကို စပြီး ယုံကြည်လာကြတယ်။

လီဗာပူးကစားသမား တစ်ဦးအဖြစ် စတီဗင်နေရာမှာ ဘယ်သူက အစားဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟန်ဒိုက လီဗာပူးအတွက် နောက်ထပ် အောင်မြင်တဲ့ အသင်းခေါင်းဆောင်ဖြစ်လာခဲ့တယ်။ သူ့ကို လေးစားမှုတွေ ပေးဖို့ ထိုက်တန်ပါတယ်။ သူက ချန်ပီယံလိဂ် အနိုင်ရ ကျနေ်ာတို့ကို ဦးဆောင်ခဲ့တယ်။ သူက ပရီးမီးယားလိဂ် နယ်ပယ်မှာလည်း ရှေ့ဆက်နိုင်ဖို့ ကျနေ်ာတို့ကို ဦးဆောင်တယ်။

အဲ့အရှိန်တွေကြောင့်ပဲ တစ်နှစ်တာ အကောင်းဆုံးဆုအတွက် သူ့ကို စဉ်းစားမှုတွေ ရှိလာခဲ့တယ်။ ကျနော်က ဟန်ဒိုနဲ့ သိပ်ကို ရင်းနှီးပြီး သူ့ကို အားကျသူဆိုတာကို ဝန်ခံပါတယ်။ စကော်တလန်အသင်းကို ကျနော် ဦးဆောင်ဖို့အတွက် ဟန်ဒိုက ကျနော်အပေါ်မှာ လွှမ်းမိုးမှုလည်း ကြီးမားပါတယ်။ နေ့တိုင်းမှာ သူ့ကိုကြည့်ပြီး သူ့ထံက သင်ယူနေတာပါ။ အထူးသဖြင့် ဆက်လက် တိုးတက်အောင် သူကြိုးစား ထိန်းသိမ်းမှုမှာပေါ့။

ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားဖို့ ဟန်ဒို တိုက်တွန်းပြောဆိုတယ်ဆိုတာက ကျနော် ပုံကြီးချဲ့ ပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့ ပွဲကို ချဉ်းကပ်မှုက တစ်သင်းလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ သတိပေးစကားတွေ ပြောစရာမလိုပါဘဲ အသင်းတစ်ခုလုံးကို တိုးတက်စေတယ်။ သူ့ကိုယ်သူ ဂုဏ်တင်မှုတွေ မရှိပေမယ့် ဟန်ဒိုက အသိအမှတ်ပြုဖို့ ထိုက်တန်သူပါ ” လို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို အထူးခ်ီးက်ဴးမႈ လုပ္ခဲ့ျပီး အသင္းအဝတ္လဲခန္းကို ဦးေဆာင္သူအျဖစ္ ဂုဏ္တင္သြားပါတယ္။

စတီဗင္ဂ်ရတ္ရဲ႕ တာဝန္ကို လက္လြဲယူစမွာ ဟန္ဒါဆန္က ဖိအားေတြ အမ်ားၾကီး ရွိခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ အားလံုးက သူ႔ကို ယံုၾကည္လာခဲ့ပါျပီ။ ဟန္ဒါဆန္ဟာ လီဗာပူးအဝတ္လဲခန္းရဲ႕ အထင္ၾကီး ေလးစားခံ ပုဂၢိဳလ္ျဖစ္သလုိ ပြဲေတြမွာ သူပါလာျခင္းက လံုျခံဳစိတ္ခ်ရတယ္ဆိုတဲ့ ခံစားခ်က္ကို ပရိသတ္ေတြ ကိုယ္တိုင္ကလည္း ခံစားမိလာျပီျဖစ္ပါတယ္။

ရိုဘိုက ” စတီဗင္ဂ်ရတ္ထံက အသင္းေခါင္းေဆာင္ လက္ပတ္ကို လက္လြဲယူခဲ့တည္းက ဟန္ဒိုက ေမးခြန္းေတြအမ်ားၾကီး ထုတ္ခံခဲ့ရတယ္။ စတီဗင္ဟာ အစားထိုးဖို႔ လြယ္တဲ့ ကစားသမား မဟုတ္ပါဘူး။ ဒါကို ဟန္ဒိုက အားလံုးထက္ ပိုနားလည္ခဲ့တယ္။ ဒါေပမယ့္ လီဗာပူးဂႏၱဝင္ၾကီး တစ္ဦးနဲ႔ အျမဲတမ္း ႏိႈင္းယွဥ္ခံရမႈကေန ကိုယ္ပိုင္ အရည္အခ်င္းေတြကို ဟန္ဒိုက သက္ေသျပခဲ့ပါတယ္။

အခုဆိုရင္ လူတိုင္းက ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ေဂ်ာ္ဒန္ ဟန္ဒါဆန္အျဖစ္ ျမင္လာၾကပါျပီ။ စတီဗင္ဂ်ရတ္ထံက အသင္းေခါင္းေဆာင္ တာဝန္ကို လက္လြဲယူခဲ့သူအျဖစ္ မဟုတ္ေတာ့ပါဘူး။ အားလံုးက သူ႔ကို စျပီး ယံုၾကည္လာၾကတယ္။

လီဗာပူးကစားသမား တစ္ဦးအျဖစ္ စတီဗင္ေနရာမွာ ဘယ္သူက အစားဝင္ႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဟန္ဒိုက လီဗာပူးအတြက္ ေနာက္ထပ္ ေအာင္ျမင္တဲ့ အသင္းေခါင္းေဆာင္ျဖစ္လာခဲ့တယ္။ သူ႔ကို ေလးစားမႈေတြ ေပးဖို႔ ထိုက္တန္ပါတယ္။ သူက ခ်န္ပီယံလိဂ္ အႏုိင္ရ က်ေန္ာတို႔ကို ဦးေဆာင္ခဲ့တယ္။ သူက ပရီးမီးယားလိဂ္ နယ္ပယ္မွာလည္း ေရွ႔ဆက္ႏုိင္ဖို႔ က်ေန္ာတို႔ကို ဦးေဆာင္တယ္။

အဲ့အရွိန္ေတြေၾကာင့္ပဲ တစ္ႏွစ္တာ အေကာင္းဆံုးဆုအတြက္ သူ႔ကို စဥ္းစားမႈေတြ ရွိလာခဲ့တယ္။ က်ေနာ္က ဟန္ဒိုနဲ႔ သိပ္ကို ရင္းႏွီးျပီး သူ႔ကို အားက်သူဆိုတာကို ဝန္ခံပါတယ္။ စေကာ္တလန္အသင္းကို က်ေနာ္ ဦးေဆာင္ဖို႔အတြက္ ဟန္ဒိုက က်ေနာ္အေပၚမွာ လႊမ္းမိုးမႈလည္း ၾကီးမားပါတယ္။ ေန႔တိုင္းမွာ သူ႔ကိုၾကည့္ျပီး သူ႔ထံက သင္ယူေနတာပါ။ အထူးသျဖင့္ ဆက္လက္ တိုးတက္ေအာင္ သူၾကိဳးစား ထိန္းသိမ္းမႈမွာေပါ့။

ပြဲတိုင္းကို ဗိုလ္လုပြဲလို ကစားဖို႔ ဟန္ဒို တိုက္တြန္းေျပာဆိုတယ္ဆိုတာက က်ေနာ္ ပံုၾကီးခ်ဲ႔ ေျပာတာ မဟုတ္ပါဘူး။ သူ႔ရဲ႕ ပြဲကို ခ်ဥ္းကပ္မႈက တစ္သင္းလံုးအေပၚ သက္ေရာက္မႈရွိပါတယ္။ သတိေပးစကားေတြ ေျပာစရာမလိုပါဘဲ အသင္းတစ္ခုလံုးကို တိုးတက္ေစတယ္။ သူ႔ကိုယ္သူ ဂုဏ္တင္မႈေတြ မရွိေပမယ့္ ဟန္ဒိုက အသိအမွတ္ျပဳဖို႔ ထိုက္တန္သူပါ ” လို႔ ထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။