လီဗာပူးအသင်းရဲ့ ပထမအသင်း တိုးတက်မှုဆိုင်ရာ နည်းပြဖြစ်သူ ပေါ်တူဂီသား နည်းပြ မာတိုစ့်က ကွင်းလယ်လူ မာကို ဂရုဂျစ်ကို ပေါ်တိုအသင်းထံ အငှားချရခြင်း အကြောင်းရင်းကို အခုလို ပြောပါတယ်။

ပေါ်တိုနည်းပြစောင်း မာတိုစ့်ဟာ နောက်ဆုံးရက်ထိ အသင်းသစ်မရတဲ့ ဂရုဂျစ်ကို ပေါ်တူဂီကို အငှားထွက်နိုင်ဖို့ ကြိုးစားပေးခဲ့သူတွေထဲ ပါဝင်သူပါ။ ပေါ်တိုအသင်းကလည်း ဂရုဂျစ်ကို ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ အာမခံချက်ပေးခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ထည့်သုံးသွားဖို့ ရှိနေပါတယ်။

မာတိုစ့်က ရှင်းပြရာမှာ “ မာကိုက ဟာသာဘာလင်ကို အငှားချရာမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့်ရသူပါ။ အစောပိုင်း ပွဲနှစ်ပွဲမှာလည်း ကျနေ်ာတို့အတွက် သူပါဝင် ကစားခဲ့ပါတယ်။

ပုံမှန် သူကစားတဲ့ နေရာ မဟုတ်ပေမယ့်လည်း မာကိုက နံပါတ် ၆ နေရာကနေပြီး အကောင်းဆုံး ကစားခဲ့တယ်။ ကစားတာလည်း ကောင်းပါတယ်။ သူက နေရာရွှေ့လျားမှုတွေမှာ ပိုမို သက်သောင့်သက်သာရှိတဲ့ ကွင်းလယ်လူမျိုးပါ။ နေရာကျယ်ကျယ်တွေကို အသုံးချကစားရတာကို ပိုမို နှစ်သက်တဲ့ ကွင်းလယ်လူလည်း ဖြစ်ပါတယ်။

သူက ကောင်းမွန်တဲ့ နည်းစနစ်ပိုင်းလည်းရှိတယ်။ တာဝန်တွေ အများအပြားမှာ စွယ်စုံရသူ တစ်ဦးအဖြစ် သူ့ကို သုံးလို့ရတာက မတူညီတဲ့ တည်ဆောက်ပုံတွေမှာ သူပါဝင်နိုင်တယ်လို့ ဆိုလိုပါတယ်။

ဘောလုံး ဖျက်လုမှုတွေမှာလည်း တိုက်ခိုက်လိုစိတ်ရှိပြီး ဘောလုံးကို အတွင်းပိုင်းထဲကို ကျော်ဖြတ်ပို့ဖို့ကို ဦးဆောင်ဖို့ရာ ပင်ကိုယ် စွမ်းဆောင်ရည် ရှိသူဖြစ်တယ်။ သူ့ကို ကျနေ်ာတို့ လက်မှတ်ထိုးခဲ့တုန်းက ဆားဘီးယားရဲ့ အလားအလာ အကောင်းဆုံး ကစားသမားအနေနဲ့ ဖြစ်ပါတယ်။

သူက လီဗာပူးမှာ နေရာမရဘူး။ နေရာတွေအတွက် ရွေးချယ်မှုတွေကြောင့်လည်း ပါပါတယ်။ တစ်ချိန်တည်းမှာပဲ ဈေးကွက်မှာ အခွင့်အရေးရဖို့ သူ့ကို ပွဲကစားခွင့်တွေရအောင် အငှားချခဲ့တာ ဖြစ်ပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ပထမအသင္း တိုးတက္မႈဆိုင္ရာ နည္းျပျဖစ္သူ ေပၚတူဂီသား နည္းျပ မာတိုစ့္က ကြင္းလယ္လူ မာကို ဂရုဂ်စ္ကို ေပၚတိုအသင္းထံ အငွားခ်ရျခင္း အေၾကာင္းရင္းကို အခုလို ေျပာပါတယ္။

ေပၚတိုနည္းျပေစာင္း မာတိုစ့္ဟာ ေနာက္ဆံုးရက္ထိ အသင္းသစ္မရတဲ့ ဂရုဂ်စ္ကို ေပၚတူဂီကို အငွားထြက္နုိင္ဖို႔ ၾကိဳးစားေပးခဲ့သူေတြထဲ ပါဝင္သူပါ။ ေပၚတိုအသင္းကလည္း ဂရုဂ်စ္ကို ပံုမွန္ပြဲထြက္ခြင့္ေပးဖို႔ အာမခံခ်က္ေပးခဲ့ကာ ခ်န္ပီယံလိဂ္မွာလည္း ထည့္သံုးသြားဖို႔ ရွိေနပါတယ္။

မာတိုစ့္က ရွင္းျပရာမွာ “ မာကိုက ဟာသာဘာလင္ကို အငွားခ်ရာမွာ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ကို ျပခဲ့ျပီး ပံုမွန္ ပြဲထြက္ခြင့္ရသူပါ။ အေစာပိုင္း ပြဲႏွစ္ပြဲမွာလည္း က်ေန္ာတို႔အတြက္ သူပါဝင္ ကစားခဲ့ပါတယ္။

ပံုမွန္ သူကစားတဲ့ ေနရာ မဟုတ္ေပမယ့္လည္း မာကိုက နံပါတ္ ၆ ေနရာကေနျပီး အေကာင္းဆံုး ကစားခဲ့တယ္။ ကစားတာလည္း ေကာင္းပါတယ္။ သူက ေနရာေရႊ႔လ်ားမႈေတြမွာ ပိုမို သက္ေသာင့္သက္သာရွိတဲ့ ကြင္းလယ္လူမ်ိဳးပါ။ ေနရာက်ယ္က်ယ္ေတြကို အသံုးခ်ကစားရတာကို ပိုမို ႏွစ္သက္တဲ့ ကြင္းလယ္လူလည္း ျဖစ္ပါတယ္။

သူက ေကာင္းမြန္တဲ့ နည္းစနစ္ပိုင္းလည္းရွိတယ္။ တာဝန္ေတြ အမ်ားအျပားမွာ စြယ္စံုရသူ တစ္ဦးအျဖစ္ သူ႔ကို သံုးလို႔ရတာက မတူညီတဲ့ တည္ေဆာက္ပံုေတြမွာ သူပါဝင္ႏုိင္တယ္လို႔ ဆိုလိုပါတယ္။

ေဘာလံုး ဖ်က္လုမႈေတြမွာလည္း တိုက္ခိုက္လိုစိတ္ရွိျပီး ေဘာလံုးကို အတြင္းပိုင္းထဲကို ေက်ာ္ျဖတ္ပို႔ဖို႔ကို ဦးေဆာင္ဖို႔ရာ ပင္ကိုယ္ စြမ္းေဆာင္ရည္ ရွိသူျဖစ္တယ္။ သူ႔ကို က်ေန္ာတုိ႔ လက္မွတ္ထိုးခဲ့တုန္းက ဆားဘီးယားရဲ႕ အလားအလာ အေကာင္းဆံုး ကစားသမားအေနနဲ႔ ျဖစ္ပါတယ္။

သူက လီဗာပူးမွာ ေနရာမရဘူး။ ေနရာေတြအတြက္ ေရြးခ်ယ္မႈေတြေၾကာင့္လည္း ပါပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေစ်းကြက္မွာ အခြင့္အေရးရဖို႔ သူ႔ကို ပြဲကစားခြင့္ေတြရေအာင္ အငွားခ်ခဲ့တာ ျဖစ္ပါတယ္ ” လို႔ ျဖစ္ပါတယ္။