ယာဂင်ကလော့ပ်ကို လီဗာပူးပရိသတ်တွေက ယုံကြည်သလို ယာဂင်နဲ့ လီဗာပူးအသင်းသားတွေကြား ဆက်နွယ်မှုက ထင်ထားတာထက် ပိုမို နက်ရှိုင်းတယ်လို့ The Times ရဲ့ ဘောလုံးအကြီးအကဲ Henry Winter က ဆိုပါတယ်။

အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး သတင်းဌာနကြီးရဲ့ ဆောင်းပါးကိုတော့ လီဗာပူးအသင်းက အသင်းဝဘ်ဆိုဒ်ကနေ ပြန်လည် ဖော်ပြခဲ့ပြီး ဟင်နရီဝင်တာက လီဗာပူးကို သံသယဝင်သူတိုင်းကို ယာဂင်နဲ့ လီဗာပူးအသင်းသားတွေက တုန့်ပြန်ပြလိမ့်မယ်လို့ သတိပေးခဲ့တယ်။

ဟင်နရီဝင်တာက ” ယာဂင်ကလော့ပ်ဟာ မန်နေဂျာတစ်ဦးအဖြစ် ပရိသတ်တွေ အလိုရှိတာတွေ အားလုံး ပိုင်ဆိုင်သူပါ။ သူ့အလုပ်ကို အကောင်းဆုံးလုပ်တယ်၊ ပျော်ရွှင်စွာလုပ်တယ်၊ စိန်ခေါ်မှုတွေကို လက်ခံပြီး တိုးတက်အောင်လုပ်မှုနဲ့အတူ သံသယဝင်သူတိုင်းကို ယုံကြည်လာစေတယ်။

သူ့ရဲ့ ပေးမှုနဲ့ ဖိအားပေးခြင်းဆိုတဲ့ အတွေ့အမြင်တွေ၊ တိုက်စစ်ကစားဟန်တွေ၊ မဲဝုဒ်မှာ ကြိုးစားလေ့ကျင့်ပြီး အန်ဖီးမှာ လုပ်ရပ်နဲ့ သက်သေပြမှုတွေကို တိကျပြတ်သားစွာ လုပ်ဆောင်ပြထားတယ်။ ကလော့ပ်က ခေါင်းဆောင်ကောင်းတွေရဲ့ လက္ခဏာအတိုင်း ဝေဖန်သံတွေကိုလည်း နားထောင်တယ်။ လူတွေရဲ့ ခံစားချက်ကို တိုးတက်ဖို့ ဆုံးဖြတ်ချက်တွေ လုပ်ရာမှာ ထည့်သွင်း စဉ်းစားပေးတယ်။ မိသားစု စိတ်ဓါတ်ရှိတယ်။

ယာဂင်ကလော့ပ်မှာ လင်ဒါးနဲ့ ပီတာတို့လို ယုံကြည်ရတဲ့ နည်းပြတွေရှိတယ်။ သူက အဝတ်လဲခန်းကိုလည်း ဂျော်ဒန် ဟန်ဒါဆန်၊ ဗန်ဒိုက်၊ မီလ်နာတို့လို အသင်းသားတွေကို လုံ့ဆော်နိုင်စွမ်းရှိတဲ့ စံပြ ကစားသမားတွေကို ဦးဆောင်စေတယ်။ ယာဂင်က ဟန်ဒါဆန်ကို သိပ်ပြီး အလေးထားတယ်။ ဟန်ဒါဆန်က မန်နေဂျာရဲ့ အလိုအတိုင်း ပြင်းထန်တဲ့ လုပ်အားနဲ့ ကစားနိုင်ပြီး လီဗာပူးဂျာစီအတွက် ပေးဆပ်ကစားတတ်သူဖြစ်တယ်။

လီဗာပူးအသင်းဟာ ဟန်ဒါဆန်ရဲ့ ဦးဆောင်နိုင်မှုကို လွမ်းဆွတ်နေရတာဖြစ်တယ်။ ဗန်ဒိုက်က လီဗာပူးကို အလှည့်အပြောင်းဖြစ်စေတဲ့ လက်မှတ်ထိုးမှု ဖြစ်ခဲ့တယ်။ မီလ်နာကလည်း အသက် ၃၄ နှစ်ရှိလာပေမယ့် ရံှူးပွဲအတွက် ဒေါသထွက်နေတဲ့ မှုန်ကုပ်ကုပ် မျက်နှာထားနဲ့အတူ စွမ်းဆောင်ရည်ကို မကြိုက်ဘူးဆိုတာ ပြသနေတယ်။

ဒါတွေကြောင့်ပဲ လီဗာပူးက ပြန်လာပြမှာပါ။ ကလော့ပ်က သူ့ အသင်းသားတွေနဲ့အတူ ရည်ရွယ်ချက်ကြီးတွေကို မျှဝေထားသူပါ။ သူတို့က ပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး ရံှူးရတာကို မုန်းတယ်။ ဗီလာနဲ့ပွဲကို အရေးနိမ့်ခဲ့တာက ကြီးမားတဲ့ တုန့်ပြန်မှုကို ရအောင်လုပ်ပြဖို့ တောင်းဆိုမှု ဖြစ်လာခဲ့တယ်။

ယာဂင်ကလော့ပ်က ပြင်ဆင်နေပါလိမ့်မယ်။ ဂျိမ်း ရိုဒရီဂွက်စ်ရဲ့ ပေးမှုတွေက သူ့ရဲ့ ခံစစ် high line ကို ဒုက္ခမပေးနိုင်ဖို့၊ ကာဗက်လီဝင်ရဲ့ တိုက်စစ်ဆင်မှုကို ခြေမှုန်းဖို့ စဉ်းစားနေလိမ့်မယ်။ ဗီလာကို ရံှူးတဲ့ပွဲအပြီးမှာ ကလော့ပ်က နာကျင်နေတယ်။ ဒါပေမယ့် သူ့အသင်းကို ထိခိုက်စေခဲ့တဲ့ ဝက်ကင်နဲ့ ဂရီလစ်ကို ရိုးရိုးသားသား ချီးကျူးတယ်။

ရံှူးပွဲအတွက် ကလော့ပ်က ဆင်ခြေမပေးဘူး။ ဘာလို့ ရံှူးခဲ့လဲဆိုတာကို မြင်အောင်ကြည့်ဖို့ပဲ ကြိုးစားနေတယ်။ ပြင်ဆင်မှုတွေ လုပ်နေတယ်။ လီဗာပူးအသင်းသားတွေက တုန့်ပြန်ပြပါလိမ့်မယ်။ သူက သူ့တို့ရဲ့ ပင်ကိုယ်သဘာဝ ပုံစံပါပဲ။ လီဗာပူးက တုန့်ပြန်ပြမယ်ဆိုတာ သိလို့လည်း လူတွေက ယာဂင်ကလော့ပ်ကို ယုံကြည်ကြတာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ကို လီဗာပူးပရိသတ္ေတြက ယံုၾကည္သလို ယာဂင္နဲ႔ လီဗာပူးအသင္းသားေတြၾကား ဆက္ႏြယ္မႈက ထင္ထားတာထက္ ပိုမို နက္ရိႈင္းတယ္လို႔ The Times ရဲ႕ ေဘာလံုးအၾကီးအကဲ Henry Winter က ဆိုပါတယ္။

အဂၤလန္ရဲ႕ ဂုဏ္သိကၡာ အၾကီးမားဆံုး သတင္းဌာနၾကီးရဲ႕ ေဆာင္းပါးကိုေတာ့ လီဗာပူးအသင္းက အသင္းဝဘ္ဆိုဒ္ကေန ျပန္လည္ ေဖာ္ျပခဲ့ျပီး ဟင္နရီဝင္တာက လီဗာပူးကို သံသယဝင္သူတိုင္းကို ယာဂင္နဲ႔ လီဗာပူးအသင္းသားေတြက တုန္႔ျပန္ျပလိမ့္မယ္လို႔ သတိေပးခဲ့တယ္။

ဟင္နရီဝင္တာက ” ယာဂင္ကေလာ့ပ္ဟာ မန္ေနဂ်ာတစ္ဦးအျဖစ္ ပရိသတ္ေတြ အလိုရွိတာေတြ အားလံုး ပိုင္ဆိုင္သူပါ။ သူ႔အလုပ္ကို အေကာင္းဆံုးလုပ္တယ္၊ ေပ်ာ္ရႊင္စြာလုပ္တယ္၊ စိန္ေခၚမႈေတြကို လက္ခံျပီး တိုးတက္ေအာင္လုပ္မႈနဲ႔အတူ သံသယဝင္သူတိုင္းကို ယံုၾကည္လာေစတယ္။

သူ႔ရဲ႕ ေပးမႈနဲ႔ ဖိအားေပးျခင္းဆိုတဲ့ အေတြ႔အျမင္ေတြ၊ တိုက္စစ္ကစားဟန္ေတြ၊ မဲဝုဒ္မွာ ၾကိဳးစားေလ့က်င့္ျပီး အန္ဖီးမွာ လုပ္ရပ္နဲ႔ သက္ေသျပမႈေတြကို တိက်ျပတ္သားစြာ လုပ္ေဆာင္ျပထားတယ္။ ကေလာ့ပ္က ေခါင္းေဆာင္ေကာင္းေတြရဲ႕ လကၡဏာအတိုင္း ေဝဖန္သံေတြကိုလည္း နားေထာင္တယ္။ လူေတြရဲ႕ ခံစားခ်က္ကို တိုးတက္ဖို႔ ဆံုးျဖတ္ခ်က္ေတြ လုပ္ရာမွာ ထည့္သြင္း စဥ္းစားေပးတယ္။ မိသားစု စိတ္ဓါတ္ရွိတယ္။

ယာဂင္ကေလာ့ပ္မွာ လင္ဒါးနဲ႔ ပီတာတို႔လို ယံုၾကည္ရတဲ့ နည္းျပေတြရွိတယ္။ သူက အဝတ္လဲခန္းကိုလည္း ေဂ်ာ္ဒန္ ဟန္ဒါဆန္၊ ဗန္ဒိုက္၊ မီလ္နာတို႔လို အသင္းသားေတြကို လံု႔ေဆာ္ႏုိင္စြမ္းရွိတဲ့ စံျပ ကစားသမားေတြကို ဦးေဆာင္ေစတယ္။ ယာဂင္က ဟန္ဒါဆန္ကို သိပ္ျပီး အေလးထားတယ္။ ဟန္ဒါဆန္က မန္ေနဂ်ာရဲ႕ အလိုအတိုင္း ျပင္းထန္တဲ့ လုပ္အားနဲ႔ ကစားႏုိင္ျပီး လီဗာပူးဂ်ာစီအတြက္ ေပးဆပ္ကစားတတ္သူျဖစ္တယ္။

လီဗာပူးအသင္းဟာ ဟန္ဒါဆန္ရဲ႕ ဦးေဆာင္ႏုိင္မႈကို လြမ္းဆြတ္ေနရတာျဖစ္တယ္။ ဗန္ဒိုက္က လီဗာပူးကို အလွည့္အေျပာင္းျဖစ္ေစတဲ့ လက္မွတ္ထိုးမႈ ျဖစ္ခဲ့တယ္။ မီလ္နာကလည္း အသက္ ၃၄ ႏွစ္ရွိလာေပမယ့္ ရံွဴးပြဲအတြက္ ေဒါသထြက္ေနတဲ့ မႈန္ကုပ္ကုပ္ မ်က္ႏွာထားနဲ႔အတူ စြမ္းေဆာင္ရည္ကို မၾကိဳက္ဘူးဆိုတာ ျပသေနတယ္။

ဒါေတြေၾကာင့္ပဲ လီဗာပူးက ျပန္လာျပမွာပါ။ ကေလာ့ပ္က သူ႔ အသင္းသားေတြနဲ႔အတူ ရည္ရြယ္ခ်က္ၾကီးေတြကို မွ်ေဝထားသူပါ။ သူတို႔က ပေရာ္ဖက္ရွင္နယ္ေတြျဖစ္ျပီး ရံွဴးရတာကို မုန္းတယ္။ ဗီလာနဲ႔ပြဲကို အေရးနိမ့္ခဲ့တာက ၾကီးမားတဲ့ တုန္႔ျပန္မႈကို ရေအာင္လုပ္ျပဖို႔ ေတာင္းဆိုမႈ ျဖစ္လာခဲ့တယ္။

ယာဂင္ကေလာ့ပ္က ျပင္ဆင္ေနပါလိမ့္မယ္။ ဂ်ိမ္း ရိုဒရီဂြက္စ္ရဲ႕ ေပးမႈေတြက သူ႔ရဲ႕ ခံစစ္ high line ကို ဒုကၡမေပးႏုိင္ဖို႔၊ ကာဗက္လီဝင္ရဲ႕ တိုက္စစ္ဆင္မႈကို ေျခမႈန္းဖို႔ စဥ္းစားေနလိမ့္မယ္။ ဗီလာကို ရံွဴးတဲ့ပြဲအျပီးမွာ ကေလာ့ပ္က နာက်င္ေနတယ္။ ဒါေပမယ့္ သူ႔အသင္းကို ထိခိုက္ေစခဲ့တဲ့ ဝက္ကင္နဲ႔ ဂရီလစ္ကို ရိုးရိုးသားသား ခ်ီးက်ဴးတယ္။

ရံွဴးပြဲအတြက္ ကေလာ့ပ္က ဆင္ေျခမေပးဘူး။ ဘာလို႔ ရံွဴးခဲ့လဲဆိုတာကို ျမင္ေအာင္ၾကည့္ဖို႔ပဲ ၾကိဳးစားေနတယ္။ ျပင္ဆင္မႈေတြ လုပ္ေနတယ္။ လီဗာပူးအသင္းသားေတြက တုန္႔ျပန္ျပပါလိမ့္မယ္။ သူက သူ႔တို႔ရဲ႕ ပင္ကိုယ္သဘာဝ ပံုစံပါပဲ။ လီဗာပူးက တုန္႔ျပန္ျပမယ္ဆိုတာ သိလို႔လည္း လူေတြက ယာဂင္ကေလာ့ပ္ကို ယံုၾကည္ၾကတာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။