သီယာဂိုဟာ လီဗာပူးအတွက် သိပ်ကောင်းတဲ့ ပေါင်းစပ်မှုဖြစ်ပြီး ယခင် နှစ်တွေထဲက စပိန်ကစားသမားကို အထင်ကြီးခဲ့တာပါလို့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဆိုပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့တဲ့ သီယာဂိုဟာ ကိုဗစ်ကြောင့် ၁၄ ရက် သီးသန့်နေနေရပေမယ့် အဲဗာတန်နဲ့ပွဲ မတိုင်ခင် အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာမှာပါ။ သူဟာ ပွဲထွက်နေရာအတွက်လည်း ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်က “ သီယာဂိုရဲ့ အရည်အချင်း အားလုံးကို ကျနော် အထင်ကြီးပါတယ်။ သူကစားတာကို နှစ်ပေါင်းများစွာ မြင်လာခဲ့ရသလို ဘိုင်ယန်နဲ့ ရင်ဆိုင်ကစားတုန်းကလည်း သူနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ရတယ်။

ကွင်းထဲမှာ ဘောလုံးကိုင်ထားပြီး သူ့ရဲ့ ယုံကြည်မှုရှိစွာ ကစားနိုင်မှု၊ ပွဲအပေါ် နားလည် သဘောပေါက်မှုနဲ့ အသင်း အကောင်းဆုံး ကစားနိုင်ဖို့အတွက် သူ့ရဲ့ စီမံနိုင်မှုတွေက အံ့မခန်းပါဘဲ။ သူက ကျနေ်ာတို့ အသင်းကို အရင်ကထက် ပိုကောင်းလာအောင် ကူညီပေးနိုင်မယ့် ကစားသမား ဖြစ်ပါတယ်။

သီယာဂို ရောက်လာတာကြောင့် လီဗာပူးအသင်းက လူတိုင်းက အရမ်းပျော်နေတယ်။ ကျနော်လည်း သိပ်ပောျ်ပါတယ်။ လီဗာပူးနဲ့ သီယာဂို ပေါင်းစပ်မှုဟာ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုလို့ ကျနော် ထင်ပါတယ် ” လို့ ဖွင့်ဟခဲ့တယ်။

ဒီနွေမှာတော့ လီဗာပူးဟာ သီယာဂို အပြင် ဘယ်အစွန်လူ ကိုစတက်၊ တိုက်စစ်သမား ဂျိုတာနဲ့ ဂိုးသမားလေး ပီတာလူးဂါတို့ကိုလည်း ခေါ်ယူထားခဲ့တယ်။ ဒီကစားသမားတွေက အသင်းရဲ့ လူစာရင်းကို ပိုမို တောင့်တင်းလာစေမယ်လို့ ဝိုက်နယ်ဒမ်က ယုံကြည်နေတယ်။

ဝိုက်နယ်ဒမ်ကပဲ “ သိပ်ကောင်းတဲ့ အသင်းဖော်သစ်တွေပါ။ သူတို့တွေက အသင်းဟောင်းတွေမှာလည်း ကစားသမားကောင်းတွေဆိုတာ ပြသခဲ့တယ်။ အသင်းကို သူတို့တွေ ရောက်လာကြတာအတွက် ကျနေ်ာတို့ ပျော်ပါတယ်။ လူစာရင်းက ပိုကောင်းလာပြီလေ။

သူတို့တွေနဲ့အတူ အသင်းက ပိုကြီးတဲ့ လူစာရင်းကို ပိုင်ဆိုင်လာခဲ့ပါပြီ။ ဘောလုံးရာသီကို ဖြတ်သန်းရာမှာ ဒါမျိုး လိုပါတယ်။ အရေးကြီးက ထူးချွန်တဲ့ ကစားသမားကောင်းတွေက အရင်ကထက် ကျနေ်ာတို့ကို ပိုကောင်းလာစေတယ်။ သူတို့တွေက အသင်းနဲ့ အံဝင်ကြပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

သီယာဂိုဟာ လီဗာပူးအတြက္ သိပ္ေကာင္းတဲ့ ေပါင္းစပ္မႈျဖစ္ျပီး ယခင္ ႏွစ္ေတြထဲက စပိန္ကစားသမားကို အထင္ၾကီးခဲ့တာပါလို႔ ကြင္းလယ္လူ ဝိုက္နယ္ဒမ္က ဆိုပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ ၄၅ မိနစ္ ပါဝင္ကစားခဲ့တဲ့ သီယာဂိုဟာ ကိုဗစ္ေၾကာင့္ ၁၄ ရက္ သီးသန္႔ေနေနရေပမယ့္ အဲဗာတန္နဲ႔ပြဲ မတိုင္ခင္ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္လာမွာပါ။ သူဟာ ပြဲထြက္ေနရာအတြက္လည္း ယွဥ္ျပိဳင္သြားမွာျဖစ္ျပီး အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကလည္း ျပန္လည္ ကစားႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္က “ သီယာဂိုရဲ႕ အရည္အခ်င္း အားလံုးကို က်ေနာ္ အထင္ၾကီးပါတယ္။ သူကစားတာကို ႏွစ္ေပါင္းမ်ားစြာ ျမင္လာခဲ့ရသလို ဘိုင္ယန္နဲ႔ ရင္ဆိုင္ကစားတုန္းကလည္း သူနဲ႔ ထိပ္တိုက္ ယွဥ္ျပိဳင္ခဲ့ရတယ္။

ကြင္းထဲမွာ ေဘာလံုးကိုင္ထားျပီး သူ႔ရဲ႕ ယံုၾကည္မႈရွိစြာ ကစားႏုိင္မႈ၊ ပြဲအေပၚ နားလည္ သေဘာေပါက္မႈနဲ႔ အသင္း အေကာင္းဆံုး ကစားႏုိင္ဖို႔အတြက္ သူ႔ရဲ႕ စီမံႏုိင္မႈေတြက အံ့မခန္းပါဘဲ။ သူက က်ေန္ာတို႔ အသင္းကို အရင္ကထက္ ပိုေကာင္းလာေအာင္ ကူညီေပးႏုိင္မယ့္ ကစားသမား ျဖစ္ပါတယ္။

သီယာဂို ေရာက္လာတာေၾကာင့္ လီဗာပူးအသင္းက လူတိုင္းက အရမ္းေပ်ာ္ေနတယ္။ က်ေနာ္လည္း သိပ္ေပာ်္ပါတယ္။ လီဗာပူးနဲ႔ သီယာဂို ေပါင္းစပ္မႈဟာ ျပီးျပည့္စံုတဲ့ ေပါင္းစပ္မႈလို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ ဖြင့္ဟခဲ့တယ္။

ဒီေႏြမွာေတာ့ လီဗာပူးဟာ သီယာဂို အျပင္ ဘယ္အစြန္လူ ကိုစတက္၊ တိုက္စစ္သမား ဂ်ိဳတာနဲ႔ ဂိုးသမားေလး ပီတာလူးဂါတို႔ကိုလည္း ေခၚယူထားခဲ့တယ္။ ဒီကစားသမားေတြက အသင္းရဲ႕ လူစာရင္းကို ပိုမို ေတာင့္တင္းလာေစမယ္လို႔ ဝိုက္နယ္ဒမ္က ယံုၾကည္ေနတယ္။

ဝိုက္နယ္ဒမ္ကပဲ “ သိပ္ေကာင္းတဲ့ အသင္းေဖာ္သစ္ေတြပါ။ သူတို႔ေတြက အသင္းေဟာင္းေတြမွာလည္း ကစားသမားေကာင္းေတြဆိုတာ ျပသခဲ့တယ္။ အသင္းကို သူတို႔ေတြ ေရာက္လာၾကတာအတြက္ က်ေန္ာတို႔ ေပ်ာ္ပါတယ္။ လူစာရင္းက ပိုေကာင္းလာျပီေလ။

သူတို႔ေတြနဲ႔အတူ အသင္းက ပိုၾကီးတဲ့ လူစာရင္းကို ပိုင္ဆိုင္လာခဲ့ပါျပီ။ ေဘာလံုးရာသီကို ျဖတ္သန္းရာမွာ ဒါမ်ိဳး လိုပါတယ္။ အေရးၾကီးက ထူးခၽြန္တဲ့ ကစားသမားေကာင္းေတြက အရင္ကထက္ က်ေန္ာတုိ႔ကို ပိုေကာင္းလာေစတယ္။ သူတို႔ေတြက အသင္းနဲ႔ အံဝင္ၾကပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။