လီဗာပူးအသင်း ပြန်လည် တိုးတက်လာခြင်းရဲ့ အဓိက အချက်ထဲမှာတော့ ကစားသမား အရောင်းအဝယ် ကိစ္စတွေကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်လာနိုင်ခြင်းကလည်း အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ခေတ်မှာ အပြောင်းအရွှေ့ဟာ ကံမစပ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး အားကစားဒါရိုက်တာဖြစ်လာတဲ့ မိုင်ကယ် အတ်ဝပ် လက်ထက်မှတော့ လီဗာပူးရဲ့ ကစားသမား ရောင်းထုတ်ရေးအဖွဲ့ဟာ လူရိုသေ ရှင်ရိုသေအဆင့်ကို ရောက်လာခဲ့တယ်။ သူရောင်းထုတ်ပေးခဲ့တဲ့ ကစားသမားတွေထဲက အသိအမှတ်ပြုသင့်တဲ့ အပြောင်းအရွှေ့ ၅ ခုကို ဖော်ပြပါမယ်။

Philippe Coutinho (£142m to Barcelona)

လီဗာပူးအသင်းသမိုင်းမှာ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်နိုင်မှုဖြစ်ပြီး ၂၀၁၈ ခုနှစ်က ကော်တင်ညိုကိစ္စ အပြီးမှာ လီဗာပူးအသင်းဟာ မည်သည့် အဓိက ကစားသမားမှ ရောင်းထုတ်ဖို့ မလိုတော့တဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အထူးသဖြင့် ကော်တင်ညိုကို ရောင်းထုတ်နိုင်ခဲ့ခြင်းကြောင့် ၂၀၁၈ နွေမှာ အယ်လီဆန်၊ ဖာဘင်ညို၊ ရှာကွီရီ အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ အသုံးစရိတ် ရစေခဲ့တယ်။

ကော်တင်ညိုကို ရောင်းထုတ်ခြင်းက လီဗာပူး အပြောင်းအရွှေ့ဆိုင်ရာ အဖွဲ့အတွက် စံတစ်ခုကို ရောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း ကစားသမား ချိတ်ဆက်မှုတွေမှာ ပိုမို ပါးနပ်တဲ့ အနေအထားကို ရောက်ရှိခဲ့ပါတယ်။ သူဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုကို တစ်ဆစ်ချိုးစေခဲ့သူ ဖြစ်ပါတယ်။

Jordan Ibe (£16m to Bournemouth)

အိုဘ်ဟာ ယာဂင်ကလော့ပ် လီဗာပူးအသင်းကို တာဝန်ယူပြီး ၁၀ လအကြာမှာ ရောင်းထုတ်ခံခဲ့ရသူပါ။ ဘုန်းမောက်အသင်းက အိုဘ်ကို ကလပ်စံချိန်တင်ကြေး ပေးခဲ့တာဖြစ်ပြီး အင်္ဂလန်တိုက်စစ်သမားအပေါ် မျှော်လင့်ချက်တွေ အများအပြားထားခဲ့တယ်။ လီဗာပူးအတွက်ကတော့ အိုဘ်ကို ပေါင် ၁၆ သန်းနဲ့ ရောင်းထုတ်နိုင်မှုဟာ ဂုဏ်သတင်း ကျဆင်းနေတဲ့ ကီရာဘီကို ပြန်လည် မြင့်တင်နိုင်မှုဖြစ်ပြီး နောက်ပိုင်းမှာ အကယ်ဒမီထွက် အများအပြားကို ဈေးကောင်းတွေနဲ့ ရောင်းထုတ်လာနိုင်ခဲ့ပါတယ်။

Christian Benteke (£28m to Crystal Palace)

လီဗာပူးက ဘန်တီကီကို အက်စတွန်ဗီလာကနေ ပေါင် သန်း ၃၀ ထိပေးပြီး ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လို့ အသင်းနဲ့ အံမဝင်တဲ့ ကစားသမားဖြစ်ခဲ့ပြီး ကစားသမားအတွက် ပေးထားရတဲ့ ပြောင်းရွှေ့ကြေးကြောင်း ခေါင်းခဲစရာဖြစ်လာနိုင်ပေမယ့် အတ်ဝပ်က သူ့ကို ပဲလေစ့်အသင်းထံ ပေါင် ၂၈ သန်းနဲ့ ပြန်ရောင်းထုတ်နိုင်ခဲ့တာကြောင့် ပါးနပ်တဲ့ အကွက်ရွှေ့မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

Mamadou Sakho (£25.3m to Crystal Palace)

တစ်ချိန်က ပရိသတ်အချစ်တော် ခံစစ်သမားဟာ ပီအက်စ်ဂျီအသင်းရဲ့ အသွင်ပြောင်းမှုမှာ ရှင်းထုတ်ခံခဲ့ရသူ တစ်ဦးပါ။ ပီအက်စ်ဂျီအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းကို အသင်းကို မြေလှန်နေတဲ့ ပြင်သစ်ကလပ်က လီဗာပူးထံ ပေါင် ၁၆ သန်းနဲ့ ရောင်းထုတ်ခဲ့တယ်။ ယာဂင်ကလော့ပ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ဒီခံစစ်မှူးကို အငှားတွေချခဲ့ရပြီး နောက်ဆုံးမှာ ပေါင် ၂၅ သန်းကျော်နဲ့ ရောင်းထုတ်နိုင်ခဲ့ပါတယ်။

Dominic Solanke (£19m to Bournemouth)

ဂျော်ဒန်အိုဘ်လိုပဲ လီဗာပူး ဈေးကောင်းရခဲ့တဲ့ လူငယ်တစ်ဦးပါ။ အိုဘ်နဲ့ မတူတာက လီဗာပူးက ဆိုလန်ကီကို ချယ်ဆီးကနေ ပေါင် ၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်။ ၂ နှစ်ခွဲအကြာမှာတော့ သူ့ကို ပေါင် ၁၉ သန်းနဲ့ ပြန်ရောင်းထုတ်ခဲ့တယ်။ ဆိုလန်ကီဟာ လီဗာပူးကင်းထောက်ရဲ့ တိုးတက်မှုကို ပြသနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္း ျပန္လည္ တိုးတက္လာျခင္းရဲ႕ အဓိက အခ်က္ထဲမွာေတာ့ ကစားသမား အေရာင္းအဝယ္ ကိစၥေတြကို ပိုင္ပိုင္ႏုိင္ႏုိင္ လုပ္ေဆာင္လာႏုိင္ျခင္းကလည္း အေၾကာင္းရင္း တစ္ခ်က္ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ေခတ္မွာ အေျပာင္းအေရႊ႔ဟာ ကံမစပ္တဲ့ လုပ္ငန္းတစ္ခုျဖစ္ခဲ့ျပီး အားကစားဒါရိုက္တာျဖစ္လာတဲ့ မုိင္ကယ္ အတ္ဝပ္ လက္ထက္မွေတာ့ လီဗာပူးရဲ႕ ကစားသမား ေရာင္းထုတ္ေရးအဖြဲ႔ဟာ လူရိုေသ ရွင္ရိုေသအဆင့္ကို ေရာက္လာခဲ့တယ္။ သူေရာင္းထုတ္ေပးခဲ့တဲ့ ကစားသမားေတြထဲက အသိအမွတ္ျပဳသင့္တဲ့ အေျပာင္းအေရႊ႔ ၅ ခုကို ေဖာ္ျပပါမယ္။

Philippe Coutinho (£142m to Barcelona)

လီဗာပူးအသင္းသမိုင္းမွာ အျမင့္မားဆံုး ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာင္းထုတ္ႏုိင္မႈျဖစ္ျပီး ၂၀၁၈ ခုႏွစ္က ေကာ္တင္ညိဳကိစၥ အျပီးမွာ လီဗာပူးအသင္းဟာ မည္သည့္ အဓိက ကစားသမားမွ ေရာင္းထုတ္ဖို႔ မလိုေတာ့တဲ့ အေျခအေနထိ ေရာက္ခဲ့တယ္။ အထူးသျဖင့္ ေကာ္တင္ညိဳကို ေရာင္းထုတ္ႏုိင္ခဲ့ျခင္းေၾကာင့္ ၂၀၁၈ ေႏြမွာ အယ္လီဆန္၊ ဖာဘင္ညိဳ၊ ရွာကီြရီ အစရွိတဲ့ ကစားသမားေတြကို ေခၚယူဖို႔ အသံုးစရိတ္ ရေစခဲ့တယ္။

ေကာ္တင္ညိဳကို ေရာင္းထုတ္ျခင္းက လီဗာပူး အေျပာင္းအေရႊ႔ဆိုင္ရာ အဖြဲ႔အတြက္ စံတစ္ခုကို ေရာက္ခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္း ကစားသမား ခ်ိတ္ဆက္မႈေတြမွာ ပိုမို ပါးနပ္တဲ့ အေနအထားကို ေရာက္ရွိခဲ့ပါတယ္။ သူဟာ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈကို တစ္ဆစ္ခ်ိဳးေစခဲ့သူ ျဖစ္ပါတယ္။

Jordan Ibe (£16m to Bournemouth)

အိုဘ္ဟာ ယာဂင္ကေလာ့ပ္ လီဗာပူးအသင္းကို တာဝန္ယူျပီး ၁၀ လအၾကာမွာ ေရာင္းထုတ္ခံခဲ့ရသူပါ။ ဘုန္းေမာက္အသင္းက အိုဘ္ကို ကလပ္စံခ်ိန္တင္ေၾကး ေပးခဲ့တာျဖစ္ျပီး အဂၤလန္တိုက္စစ္သမားအေပၚ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားအျပားထားခဲ့တယ္။ လီဗာပူးအတြက္ကေတာ့ အိုဘ္ကို ေပါင္ ၁၆ သန္းနဲ႔ ေရာင္းထုတ္ႏုိင္မႈဟာ ဂုဏ္သတင္း က်ဆင္းေနတဲ့ ကီရာဘီကို ျပန္လည္ ျမင့္တင္ႏုိင္မႈျဖစ္ျပီး ေနာက္ပိုင္းမွာ အကယ္ဒမီထြက္ အမ်ားအျပားကို ေစ်းေကာင္းေတြနဲ႔ ေရာင္းထုတ္လာႏုိင္ခဲ့ပါတယ္။

Christian Benteke (£28m to Crystal Palace)

လီဗာပူးက ဘန္တီကီကို အက္စတြန္ဗီလာကေန ေပါင္ သန္း ၃၀ ထိေပးျပီး ေခၚယူခဲ့တာပါ။ ဒါေပမယ့္လို႔ အသင္းနဲ႔ အံမဝင္တဲ့ ကစားသမားျဖစ္ခဲ့ျပီး ကစားသမားအတြက္ ေပးထားရတဲ့ ေျပာင္းေရႊ႔႔ေၾကးေၾကာင္း ေခါင္းခဲစရာျဖစ္လာႏုိင္ေပမယ့္ အတ္ဝပ္က သူ႔ကို ပဲေလစ့္အသင္းထံ ေပါင္ ၂၈ သန္းနဲ႔ ျပန္ေရာင္းထုတ္ႏုိင္ခဲ့တာေၾကာင့္ ပါးနပ္တဲ့ အကြက္ေရႊ႔မႈတစ္ခု ျဖစ္ခဲ့ပါတယ္။

Mamadou Sakho (£25.3m to Crystal Palace)

တစ္ခ်ိန္က ပရိသတ္အခ်စ္ေတာ္ ခံစစ္သမားဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ အသြင္ေျပာင္းမႈမွာ ရွင္းထုတ္ခံခဲ့ရသူ တစ္ဦးပါ။ ပီအက္စ္ဂ်ီအသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းကို အသင္းကို ေျမလွန္ေနတဲ့ ျပင္သစ္ကလပ္က လီဗာပူးထံ ေပါင္ ၁၆ သန္းနဲ႔ ေရာင္းထုတ္ခဲ့တယ္။ ယာဂင္ကေလာ့ပ္နဲ႔ ထိပ္တိုက္ေတြ႔ခဲ့တဲ့ ဒီခံစစ္မွဴးကို အငွားေတြခ်ခဲ့ရျပီး ေနာက္ဆံုးမွာ ေပါင္ ၂၅ သန္းေက်ာ္နဲ႔ ေရာင္းထုတ္ႏုိင္ခဲ့ပါတယ္။

Dominic Solanke (£19m to Bournemouth)

ေဂ်ာ္ဒန္အိုဘ္လိုပဲ လီဗာပူး ေစ်းေကာင္းရခဲ့တဲ့ လူငယ္တစ္ဦးပါ။ အိုဘ္နဲ႔ မတူတာက လီဗာပူးက ဆိုလန္ကီကို ခ်ယ္ဆီးကေန ေပါင္ ၃ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္တယ္။ ၂ ႏွစ္ခြဲအၾကာမွာေတာ့ သူ႔ကို ေပါင္ ၁၉ သန္းနဲ႔ ျပန္ေရာင္းထုတ္ခဲ့တယ္။ ဆိုလန္ကီဟာ လီဗာပူးကင္းေထာက္ရဲ႕ တိုးတက္မႈကို ျပသႏုိင္ခဲ့တဲ့ ကစားသမား ျဖစ္ခဲ့ပါတယ္။