လာဇီယို ကွင်းလယ်လူ လူးကပ်လေဗာက သူအသင်းကနေ ထွက်သွားခဲ့ချိန်မှာ အသင်းက အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာတော့မယ်ဆိုတာကို သိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

လီဗာပူးအသင်းမှာ ဆယ်စုနှစ်ကြာ ကစားခဲ့တဲ့ လူးကပ်ဟာ လီဗာပူးမွေးစားသားလို့ နာမည်တွင်သူပါ။ သူဟာ ဆယ်ကျော်သက်ဘဝမှာတင် လီဗာပူးကို ရောက်လာခဲ့ပြီး သူ့ရဲ့ သားသမီးတွေ အားလုံးက လီဗာပူးမြို့မှာ မွေးခဲ့ကာ ဒေသခံတွေက လူးကပ်ကို အတော်လေး ချစ်ခင်ကြပါတယ်။

ကလော့ပ်လက်ထက် အသွင်ပြောင်းမှုတွေ စတင်နေဆဲ ၂၀၁၇ မှာတော့ လူးကပ်က လာဇီယိုကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ လူးကပ်က လီဗာပူးမှာ ဆက်နေလိုပေမယ့် ထိုစဉ်က အသက် ၃၀ အရွယ် ကစားသမားတစ်ယောက်အနေနဲ့ ဘောလုံးကို အကောင်းဆုံး တစ်ကြိမ်လောက် ကစားပြလိုတာကြောင့် အသင်းပြောင်းဖို့ ခွင့်တောင်းခဲ့ခြင်း ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်နဲ့ ဟန်ဒါဆန်တို့က လူးကပ်ကို ဆက်နေစေလိုပေမယ့် ကစားသမားရဲ့ ဆန္ဒကို လေးစားမှုပေးခဲ့တယ်။ လီဗာပူးအသင်းဟာ လာဇီယိုကို ရောင်းထုတ်ရာမှာလည်း သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးနဲ့အတူ လူးကပ် အသင်းပြောင်းဖို့ အဆင်ပြေအောင်ပါ ညိနှိုင်းပေးခဲ့ပါတယ်။

လူးကပ်က ပြောရာမှာ “ အသင်းကနေ ကျနော် ထွက်သွားတော့ ကလပ်က အောင်မြင်မှုတွေကို ရလာတော့မယ်လို့ ကျနော် ရာနှုန်းပြည့် ယုံကြည်ခဲ့တယ်။ ဒါကို ခံစားမိခဲ့ပါတယ်။ အပြောင်းအလဲတွေ ရောက်လာနေပြီဆိုတာကို ခံစားမိခဲ့တယ်။ ဘယ်အချိန်လဲဆိုတာ မသိပေမယ့် အသင်းအောင်မြင်လာမှာကိုတော့ သေချာသိခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာက အသင်းကောင်းတွေအများကြီး ရှိတာဆိုတော့ ကြိုတင်ခန့်မှန်းဖို့ မလွယ်ပါဘူး။ ဒါပေမယ့် လီဗာပူးပြန်လာတော့မယ်ဆိုတာ ကျနော် ခံစားမိခဲ့တယ်။ ဆုဖလားတွေ အနိုင်ရတော့မယ်ဆိုတာ သိခဲ့တယ်။ ပရီးမီးယားလိဂ်ဖလားကတော့ နှစ်တိုင်းရဲ့ ပထမဆုံး ပစ်မှတ်ဖြစ်ခဲ့တာပေါ့။ ဒါကို ကျနော် သိပါတယ် ” လို့ ဆိုခဲ့တာပါ။

လူးကပ်နဲ့ လီဗာပူးပရိသတ်တွေကြား ချစ်ခင်မှုကတော့ ဆက်ရှိနေခဲ့ပြီး အသင်းဟောင်း ပရိသတ်တွေရဲ့ အကူအညီကြောင့်ပဲ လူးကပ်ဟာ လာဇီယိုအသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ၂ ရာသီဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

ZAWGYI

လာဇီယို ကြင္းလယ္လူ လူးကပ္ေလဗာက သူအသင္းကေန ထြက္သြားခဲ့ခ်ိန္မွာ အသင္းက ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ ျပန္ေရာက္လာေတာ့မယ္ဆိုတာကို သိခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

လီဗာပူးအသင္းမွာ ဆယ္စုႏွစ္ၾကာ ကစားခဲ့တဲ့ လူးကပ္ဟာ လီဗာပူးေမြးစားသားလို႔ နာမည္တြင္သူပါ။ သူဟာ ဆယ္ေက်ာ္သက္ဘဝမွာတင္ လီဗာပူးကို ေရာက္လာခဲ့ျပီး သူ႔ရဲ႕ သားသမီးေတြ အားလံုးက လီဗာပူးျမိဳ႔မွာ ေမြးခဲ့ကာ ေဒသခံေတြက လူးကပ္ကို အေတာ္ေလး ခ်စ္ခင္ၾကပါတယ္။

ကေလာ့ပ္လက္ထက္ အသြင္ေျပာင္းမႈေတြ စတင္ေနဆဲ ၂၀၁၇ မွာေတာ့ လူးကပ္က လာဇီယိုကို ေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တယ္။ လူးကပ္က လီဗာပူးမွာ ဆက္ေနလိုေပမယ့္ ထိုစဥ္က အသက္ ၃၀ အရြယ္ ကစားသမားတစ္ေယာက္အေနနဲ႔ ေဘာလံုးကို အေကာင္းဆံုး တစ္ၾကိမ္ေလာက္ ကစားျပလိုတာေၾကာင့္ အသင္းေျပာင္းဖို႔ ခြင့္ေတာင္းခဲ့ျခင္း ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္နဲ႔ ဟန္ဒါဆန္တို႔က လူးကပ္ကို ဆက္ေနေစလိုေပမယ့္ ကစားသမားရဲ႕ ဆႏၵကို ေလးစားမႈေပးခဲ့တယ္။ လီဗာပူးအသင္းဟာ လာဇီယိုကို ေရာင္းထုတ္ရာမွာလည္း သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔အတူ လူးကပ္ အသင္းေျပာင္းဖို႔ အဆင္ေျပေအာင္ပါ ညိႏိႈင္းေပးခဲ့ပါတယ္။

လူးကပ္က ေျပာရာမွာ “ အသင္းကေန က်ေနာ္ ထြက္သြားေတာ့ ကလပ္က ေအာင္ျမင္မႈေတြကို ရလာေတာ့မယ္လို႔ က်ေနာ္ ရာႏႈန္းျပည့္ ယံုၾကည္ခဲ့တယ္။ ဒါကို ခံစားမိခဲ့ပါတယ္။ အေျပာင္းအလဲေတြ ေရာက္လာေနျပီဆိုတာကို ခံစားမိခဲ့တယ္။ ဘယ္အခ်ိန္လဲဆိုတာ မသိေပမယ့္ အသင္းေအာင္ျမင္လာမွာကိုေတာ့ ေသခ်ာသိခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာက အသင္းေကာင္းေတြအမ်ားၾကီး ရွိတာဆိုေတာ့ ၾကိဳတင္ခန္႔မွန္းဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္ လီဗာပူးျပန္လာေတာ့မယ္ဆိုတာ က်ေနာ္ ခံစားမိခဲ့တယ္။ ဆုဖလားေတြ အႏုိင္ရေတာ့မယ္ဆိုတာ သိခဲ့တယ္။ ပရီးမီးယားလိဂ္ဖလားကေတာ့ ႏွစ္တုိင္းရဲ႕ ပထမဆံုး ပစ္မွတ္ျဖစ္ခဲ့တာေပါ့။ ဒါကို က်ေနာ္ သိပါတယ္ ” လို႔ ဆိုခဲ့တာပါ။

လူးကပ္နဲ႔ လီဗာပူးပရိသတ္ေတြၾကား ခ်စ္ခင္မႈကေတာ့ ဆက္ရွိေနခဲ့ျပီး အသင္းေဟာင္း ပရိသတ္ေတြရဲ႕ အကူအညီေၾကာင့္ပဲ လူးကပ္ဟာ လာဇီယိုအသင္းရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ၂ ရာသီဆက္တိုက္ ရရွိခဲ့တာျဖစ္ပါတယ္။