မန်စီးတီး တိုက်စစ်သမား မာရက်ဇ်က ပြီးခဲ့တဲ့ရာသီမှာ အခွင့်အရေး များများစားစား မရခဲ့ပေမယ့် ၄င်း ကိုယ်ပိုင် အရည်အချင်းအပေါ် သံသယ မရှိဘဲ အသင်းမှာ ဆက်နေကာ သက်သေပြသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီး ခံစစ်မှူး လာပေါ်တေးက လီဗာပူးကို ကျော်ဖြတ်ပြီး စီးတီး ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့ခြင်းက အသင်းရဲ့ ဆက်တိုက် ခြေစွမ်းကောင်းမွန်မှုကို ထိန်းသိမ်းနိုင်ခဲ့တာက အဓိက အချက် ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘဏ္ဍာရေးစည်းမျဉ်းများ ဖောက်ဖျက်မှုကြောင့် စစ်ဆေးမှုများ ခံနေရပြီး ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရဖွယ် ရင်ဆိုင်နေရတဲ့ မန်စီးတီး အသင်းက စည်းကမ်းထိန်းသိမ်းရေးရဲ့ စစ်ဆေးမှုများကို အသင်းဘက်က အပြည့်အ၀ ပူးပေါင်း ပါဝင်ကူညီနေကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အဂွယ်ရိုက ဘလွန်းဒီအော ဆုရှင်ဟာ ဥရောပရဲ့ ဂုဏ်သိက္ခာအကြီးဆုံး ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အသင်းထဲကပဲ ဖြစ်သင့်တယ်လို့ ယုံကြည်နေပြီး ” ဘာပဲဖြစ်နေနေ ဘလွန်းဒီအော ဆုအတွက် ဆိုရင်တော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ကို ရောက်နေရမယ်လို့ ကျနော်ထင်တယ်။ ” လို့ အဂွယ်ရိုက Marca သတင်းမှာ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ညာခြမ်း ခံစစ်နေရာ အားဖြည့်ဖို့အတွက် ဂျူဗင်တပ်မှ ကန်ဆယ်လိုကို မျက်စိကျနေပြီး ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အီတလီသတင်းများမှာ ဖော်ပြထားပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကတော့ နွေအပြောင်းအရွှေ့မှာ ကစားသမား လေးဦးလောက်အတွက်ကို ပေါင် သန်း 200 လောက် အသုံးပြုပြီး အင်အားဖြည့်ဖို့ ရည်ရွယ်လာကြောင်း ဒေးလီးမေလ်းက ဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက သူ့နေရာမှာ ဆက်ခံမယ့် အနာဂတ် အသင်းခေါင်းဆောင်အဖြစ် ဘာနာဒို ဆေးလ်ဗားကို ထောက်ခံလိုက်ပါတယ်။ မန်စီးတီးဟာ မကြာခင်မှာတော့ ကွန်ပနီနေရာမှာ ဆက်ခံရမယ့် အသင်းခေါင်းဆောင်သစ်ကို ရွေးချယ်ရခြင်းတွေ ရှိလာမှာပါ။

မန်စီးတီးကို လူငယ်ခေါ်ယူမှုဆိုင်ရာမှာ စည်းမျဉ်းချိုးဖောက်မှုဖြင့် ဖီဖာက စစ်ဆေးနေပြီး အကယ်ဒမီကစားသမား စုဆောင်းမှုမှာ တတိယအဖွဲ့အစည်း ပါဝင်မှုဖြင့် FFP စည်းမျဉ်းချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ပရီးမီးယားလိဂ်ကလည်း စစ်ဆေးနေပါတယ်။