လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဖီး သွမ်ပဆန်က ဒီနွေမှာ လီဗာပူးအသင်း လုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေကို အားရကျေနပ်တယ်လို့ ဖွင့်ဟသွားပါတယ်။

သူကပဲ လီဗာပူးရဲ့ လူခေါ်ယူမှုတွေကို သုံးသပ်ချက်တွေ လုပ်ပေးခဲ့ရာမှာ ကစားသမားတိုင်းက အသင်းလိုအပ်နေသူမျိုးတွေလို့ဆိုတယ်။ ကစားသမားဟောင်းကြီးကပဲ ဂျိုတာဟာ ကမ္ဘာအဆင့် ကစားသမားဖြစ်လာမယ့်သူလို့ မှတ်ချက်ပေးပါသေးတယ်။

သွမ်ပဆန်က ” လီဗာပူးရဲ့ ဈေးကွက်ထဲ ဝင်ရောက် လှုပ်ရှားမှုက သိပ်ကောင်းပါတယ်။ ဗီလာကို အရေးနိမ့်တဲ့ပွဲအပြီး ဈေးကွက်အပေါ် လီဗာပူးရဲ့ ဝင်ရောက်မှုက မကောင်းဘူးလို့ အချို့ ပရိသတ်တွေ ခံစားနေရတယ်လို့ ကြားမိတယ်။ အဲ့လို့ ပြောတာက ပြင်းထန်လွန်းပါတယ်။

လီဗာပူးဖန်းတစ်ယောက်ဆိုရင် အသင်းက တကယ်တမ်း လိုအပ်တာက ဘာလဲဆိုတာကို မြင်နိုင်ရမယ်။ လီဗာပူးမှာ ဘယ်အစွန်နေရာကို အရန်အဖြစ် အင်အားဖြည့်ပေးနိုင်မယ့်သူ လိုတယ်။ ကိုစတက်က အဲ့နေရာကို အကောင်းဆုံး ဖြည့်ပေးနိုင်မယ့် လက်ရွေးစင်အဆင့် ကစားသမားဖြစ်တယ်။

ကျနေ်ာတို့ အသင်းမှာ ဖန်တီးမှုပိုင်းလိုတယ်။ ဒါက ကာလရှည် ပြောလာခဲ့တဲ့ ကိစ္စပဲဖြစ်ပြီး သီယာဂိုကို ရလိုက်ပါတယ်။ ဧရိယယာထဲကို ဖန်တီးမှုတွေ လုပ်ပေးဖို့ သူ့ထက် ပိုကောင်းတဲ့ ကစားသမား မရှိတော့ပါဘူး။ ဘောလုံး ထိန်းထားစေချင်တဲ့ အခိုက်အတန့်တွေမှာ သီယာဂိုက ဘောလုံး ထိန်းထားပေးလိမ့်မယ်။ သူက ဘောလုံးကို ခပ်မြန်မြန်လည်း ပေးနိုင်တယ်။ သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှု ဖြစ်ပါတယ်။

တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ယောက် လိုနေချိန်မှာ မနှစ်တုန်းက ဝုဗ်နဲ့ အများကြီး လုပ်ပြထားတဲ့ ဂျိုတာကို ရခဲ့တယ်။ ဒီလတွေမှာ ဂျိုတာနဲ့ ပက်သက်ပြီး တကယ်ကို စိတ်လှုပ်ရှားထားမိတယ်။ သူက အသင်းကြီးတွေမှာ ကစားဖို့လိုတာပါ။ ဝုဗ်ကို မလေးစားတာ မဟုတ်ပေမယ့် လီဗာပူးကို သူရောက်လာတာက မာနေးကို ခေါ်ယူတုန်းကလိုပါပဲ။

မာနေး လီဗာပူးအသင်းကို ပြောင်းလာတော့ လူတိုင်းက ဒီငနဲက ဆောက်သမ်တန်မှာ ကစားတဲ့သူပဲ၊ ပြောရအောင် ကောင်းလို့လားကွာပေါ့။ အခုတော့ကော မာနေးက စူပါစတားတစ်ယောက် ကမ္ဘာအဆင့် ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။

ဂျိုတာကလည်း မာနေးလို ဖြစ်လာမယ့် ကစားသမားပါ။ သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှုပါ။ အကယ်လို့ ဒီနွေဈေးကွက်ကို အမှတ်ပေးလို့ရမယ်ဆိုရင် ၈/၁၀ လောက်ထိ ပေးလိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဖီး သြမ္ပဆန္က ဒီေႏြမွာ လီဗာပူးအသင္း လုပ္ခဲ့တဲ့ အေျပာင္းအေရႊ႔ေတြကို အားရေက်နပ္တယ္လို႔ ဖြင့္ဟသြားပါတယ္။

သူကပဲ လီဗာပူးရဲ႕ လူေခၚယူမႈေတြကို သံုးသပ္ခ်က္ေတြ လုပ္ေပးခဲ့ရာမွာ ကစားသမားတိုင္းက အသင္းလိုအပ္ေနသူမ်ိဳးေတြလို႔ဆိုတယ္။ ကစားသမားေဟာင္းၾကီးကပဲ ဂ်ိဳတာဟာ ကမၻာအဆင့္ ကစားသမားျဖစ္လာမယ့္သူလို႔ မွတ္ခ်က္ေပးပါေသးတယ္။

သြမ္ပဆန္က ” လီဗာပူးရဲ႕ ေစ်းကြက္ထဲ ဝင္ေရာက္ လႈပ္ရွားမႈက သိပ္ေကာင္းပါတယ္။ ဗီလာကို အေရးနိမ့္တဲ့ပြဲအျပီး ေစ်းကြက္အေပၚ လီဗာပူးရဲ႕ ဝင္ေရာက္မႈက မေကာင္းဘူးလို႔ အခ်ိဳ႔ ပရိသတ္ေတြ ခံစားေနရတယ္လို႔ ၾကားမိတယ္။ အဲ့လို႔ ေျပာတာက ျပင္းထန္လြန္းပါတယ္။

လီဗာပူးဖန္းတစ္ေယာက္ဆိုရင္ အသင္းက တကယ္တမ္း လိုအပ္တာက ဘာလဲဆိုတာကို ျမင္ႏုိင္ရမယ္။ လီဗာပူးမွာ ဘယ္အစြန္ေနရာကို အရန္အျဖစ္ အင္အားျဖည့္ေပးႏုိင္မယ့္သူ လိုတယ္။ ကိုစတက္က အဲ့ေနရာကို အေကာင္းဆံုး ျဖည့္ေပးႏုိင္မယ့္ လက္ေရြးစင္အဆင့္ ကစားသမားျဖစ္တယ္။

က်ေန္ာတို႔ အသင္းမွာ ဖန္တီးမႈပိုင္းလိုတယ္။ ဒါက ကာလရွည္ ေျပာလာခဲ့တဲ့ ကိစၥပဲျဖစ္ျပီး သီယာဂိုကို ရလိုက္ပါတယ္။ ဧရိယယာထဲကို ဖန္တီးမႈေတြ လုပ္ေပးဖို႔ သူ႔ထက္ ပိုေကာင္းတဲ့ ကစားသမား မရွိေတာ့ပါဘူး။ ေဘာလံုး ထိန္းထားေစခ်င္တ့ဲ အခိုက္အတန္႔ေတြမွာ သီယာဂိုက ေဘာလံုး ထိန္းထားေပးလိမ့္မယ္။ သူက ေဘာလံုးကို ခပ္ျမန္ျမန္လည္း ေပးႏုိင္တယ္။ သိပ္ေကာင္းတဲ့ လက္မွတ္ထိုးမႈ ျဖစ္ပါတယ္။

တိုက္စစ္ပိုင္းအတြက္ ကစားသမားတစ္ေယာက္ လိုေနခ်ိန္မွာ မႏွစ္တုန္းက ဝုဗ္နဲ႔ အမ်ားၾကီး လုပ္ျပထားတဲ့ ဂ်ိဳတာကို ရခဲ့တယ္။ ဒီလေတြမွာ ဂ်ိဳတာနဲ႔ ပက္သက္ျပီး တကယ္ကို စိတ္လႈပ္ရွားထားမိတယ္။ သူက အသင္းၾကီးေတြမွာ ကစားဖို႔လိုတာပါ။ ဝုဗ္ကို မေလးစားတာ မဟုတ္ေပမယ့္ လီဗာပူးကို သူေရာက္လာတာက မာေနးကို ေခၚယူတုန္းကလိုပါပဲ။

မာေနး လီဗာပူးအသင္းကို ေျပာင္းလာေတာ့ လူတိုင္းက ဒီငနဲက ေဆာက္သမ္တန္မွာ ကစားတဲ့သူပဲ၊ ေျပာရေအာင္ ေကာင္းလို႔လားကြာေပါ့။ အခုေတာ့ေကာ မာေနးက စူပါစတားတစ္ေယာက္ ကမၻာအဆင့္ ကစားသမားတစ္ေယာက္ ျဖစ္ေနပါျပီ။

ဂ်ိဳတာကလည္း မာေနးလို ျဖစ္လာမယ့္ ကစားသမားပါ။ သိပ္ေကာင္းတဲ့ လက္မွတ္ထိုးမႈပါ။ အကယ္လို႔ ဒီေႏြေစ်းကြက္ကို အမွတ္ေပးလို႔ရမယ္ဆိုရင္ ၈/၁၀ ေလာက္ထိ ေပးလိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။