ဗြိတိန် အားကစားသတင်းဌာန The Athletic ကနေပြီး နာမည်ကျော် ဘောလုံးအေးဂျင့်တွေကို ၂၀၂၀ နွေဈေးကွက်အတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လက်မှတ်ထိုးခေါ်ယူမှုကို ရွေးထုတ်မှု လုပ်စေခဲ့တယ်။

အဆိုပါ ရွေးချယ်မှုမှာတော့ ထိပ်တန်း မဲပေးမှုရဲ့ ၂၈% က လီဗာပူးက သီယာဂိုကို ခေါ်ယူနိုင်မှုက ဒီရာသီရဲ့ အကောင်းဆုံး လက်မှတ်ထိုးမှုအဖြစ် မဲပေးခဲ့ကြတယ်။ ဒုတိယနေရာမှာ ရှိခဲ့တာက အဲဗာတန်အသင်းက ဂျိမ်း ရိုဒရီဂွက်ကို လက်မှတ်ထိုးမှုဖြစ်ပြီး မဲပေးမှု ၂၂% ထိ ရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ဒီနွေဟာ မျှော်လင့်ထားသလို အပြောင်းအရွှေ့ လုပ်ရှားမှုတွေ မများခဲ့ပါဘူး။ ဒါတောင်မှ ပေါင် ၁ ဘီလီယံကျော်တဲ့ ခေါ်ယူမှုတွေ လုပ်နိုင်ခဲ့သေးတာဖြစ်တယ်။ ချယ်ဆီးက ဈေးကွက်ကို ဦးဆောင်ခဲ့ပြီး စပါး၊ အဲဗာတန်နဲ့ မန်စီးတီးတို့က ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေ အများအပြား လုပ်ခဲ့ကြတယ်။

လီဗာပူးက သီယာဂိုကို ခေါ်ယူနိုင်မှုကတော့ ထိပ်တန်း ကစားသမားကို သက်သာတဲ့ဈေးနဲ့ ရခဲ့ခြင်းလို့ မှတ်ချက်ပေးကြတယ်။ စကိုင်းစပေါ့ရဲ့ အပြောင်းအရွှေ့ဆိုင်ရာ ကျွမ်းကျင်သူ Kaveh Solhekol ကလည်း ဒီနွေရဲ့ အကောင်းဆုံး ခေါ်ယူမှုက သီယာဂိုကို လီဗာပူးအသင်း ခေါ်ယူနိုင်မှုအဖြစ် ဝန်ခံထားပါတယ်။

သီယာဂိုဟာ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ဆုဖလားအောင်မြင်မှုတွေကို သိမ်းပိုက်လာခဲ့သူဖြစ်ပြီး နည်းစနစ်ပိုင်း အထူးကောင်းမွန်သူဖြစ်တယ်။ ဘိုင်ယန်ကနေ ထွက်ခွာမယ့် သီယာဂိုကို ဘာစီလိုနာအပြင် ပီအက်စ်ဂျီ၊ ယူနိုက်တက်လို ကလပ်တွေကလည်း ခေါ်လိုခဲ့ပေမယ့် စပိန်သားက လီဗာပူးကို ပြောင်းဖို့ပဲ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာတော့ လီဗာပူးက ဝုဗ်ကနေ ဂျိုတာကို ခေါ်ယူနိုင်ခြင်းက စပါးအသင်းက ဘေလ်းကို ခေါ်ယူခဲ့ခြင်းနဲ့ အာဆင်နယ်က ပါတေးကို ခေါ်ယူခဲ့ခြင်းနည်းတူ အကောင်းဆုံး လက်မှတ်ထိုးမှု တစ်ခုအဖြစ် မဲပေးခြင်း ခံခဲ့ရပါတယ်။

ZAWGYI

ျဗိတိန္ အားကစားသတင္းဌာန The Athletic ကေနျပီး နာမည္ေက်ာ္ ေဘာလံုးေအးဂ်င့္ေတြကို ၂၀၂၀ ေႏြေစ်းကြက္အတြက္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး လက္မွတ္ထိုးေခၚယူမႈကို ေရြးထုတ္မႈ လုပ္ေစခဲ့တယ္။

အဆိုပါ ေရြးခ်ယ္မႈမွာေတာ့ ထိပ္တန္း မဲေပးမႈရဲ႕ ၂၈% က လီဗာပူးက သီယာဂိုကို ေခၚယူႏုိင္မႈက ဒီရာသီရဲ႕ အေကာင္းဆံုး လက္မွတ္ထိုးမႈအျဖစ္ မဲေပးခဲ့ၾကတယ္။ ဒုတိယေနရာမွာ ရွိခဲ့တာက အဲဗာတန္အသင္းက ဂ်ိမ္း ရိုဒရီဂြက္ကို လက္မွတ္ထိုးမႈျဖစ္ျပီး မဲေပးမႈ ၂၂% ထိ ရွိခဲ့ပါတယ္။

ကိုဗစ္ကပ္ေဘးေၾကာင့္ ဒီေႏြဟာ ေမွ်ာ္လင့္ထားသလို အေျပာင္းအေရႊ႔ လုပ္ရွားမႈေတြ မမ်ားခဲ့ပါဘူး။ ဒါေတာင္မွ ေပါင္ ၁ ဘီလီယံေက်ာ္တဲ့ ေခၚယူမႈေတြ လုပ္ႏုိင္ခဲ့ေသးတာျဖစ္တယ္။ ခ်ယ္ဆီးက ေစ်းကြက္ကို ဦးေဆာင္ခဲ့ျပီး စပါး၊ အဲဗာတန္နဲ႔ မန္စီးတီးတို႔က ဒီေႏြမွာ ကစားသမား ေခၚယူမႈေတြ အမ်ားအျပား လုပ္ခဲ့ၾကတယ္။

လီဗာပူးက သီယာဂိုကို ေခၚယူႏုိင္မႈကေတာ့ ထိပ္တန္း ကစားသမားကို သက္သာတဲ့ေစ်းနဲ႔ ရခဲ့ျခင္းလို႔ မွတ္ခ်က္ေပးၾကတယ္။ စကိုင္းစေပါ့ရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာ ကၽြမ္းက်င္သူ Kaveh Solhekol ကလည္း ဒီေႏြရဲ႕ အေကာင္းဆံုး ေခၚယူမႈက သီယာဂိုကို လီဗာပူးအသင္း ေခၚယူႏုိင္မႈအျဖစ္ ဝန္ခံထားပါတယ္။

သီယာဂိုဟာ ကစားသမားဘဝ တစ္ေလွ်ာက္လံုးမွာ ဆုဖလားေအာင္ျမင္မႈေတြကို သိမ္းပိုက္လာခဲ့သူျဖစ္ျပီး နည္းစနစ္ပိုင္း အထူးေကာင္းမြန္သူျဖစ္တယ္။ ဘိုင္ယန္ကေန ထြက္ခြာမယ့္ သီယာဂိုကို ဘာစီလိုနာအျပင္ ပီအက္စ္ဂ်ီ၊ ယူႏုိက္တက္လို ကလပ္ေတြကလည္း ေခၚလိုခဲ့ေပမယ့္ စပိန္သားက လီဗာပူးကို ေျပာင္းဖို႔ပဲ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။

ဒီစာရင္းထဲမွာေတာ့ လီဗာပူးက ဝုဗ္ကေန ဂ်ိဳတာကို ေခၚယူႏုိင္ျခင္းက စပါးအသင္းက ေဘလ္းကို ေခၚယူခဲ့ျခင္းနဲ႔ အာဆင္နယ္က ပါေတးကို ေခၚယူခဲ့ျခင္းနည္းတူ အေကာင္းဆံုး လက္မွတ္ထိုးမႈ တစ္ခုအျဖစ္ မဲေပးျခင္း ခံခဲ့ရပါတယ္။