၁၉၉၈ ကမ္ဘာဖလားနဲ့ ၂၀၂၀ ယူရိုဖလားတို့ကို အောင်မြင်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အဓိက ဗဟိုခံစစ်သမားကြီး ဖရန့် လီဘိုဖ့်က သူ့အကြိုက် ခံစစ်မှူးကို ရွေးထုတ်မှု လုပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းရဲ့ ခံစစ်မှူးဟောင်းကြီးလည်းဖြစ်တဲ့ လီဘိုဖ့်က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ယူနိုက်တက်ခံစစ်မှူးဟောင်း ဗီဒစ်ထက် ပိုမို ပြည့်စုံတဲ့ ခံစစ်မှူးဟောင်းဖြစ်တယ်လို့ ဆိုတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဗီဒစ်က ပီးမီးယားလိဂ် ချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့ပေမယ့် ခံစစ်မှူးတစ်ယောက်အတွက်တော့ ဗန်ဒိုက်ကိုပဲ ပိုကြိုက်ပါတယ်လို့ လီဘိုဖ့်က ပြောခဲ့တာပါ။

လီဗိုဖ့်က ” ကျနော်ကတော့ ဗန်ဒိုက်ကိုပဲ အကောင်းဆုံး ဗဟိုခံစစ်မှူးအဖြစ် ရွေးပါတယ်။ ကျနော်ကတော့ ဗန်ဒိုက်က ပိုပြီး ပြည့်စုံတဲ့ ခံစစ်မှူးလို ထင်ပါတယ်။ ဗီဒစ်ကိုလည်း ကျနော် သဘောကျပါတယ်။ သူက ထူးချွန်တဲ့ ခံစစ်သမားကောင်း ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဗန်ဒိုက်က အသင်းကို ဦးဆောင်နိုင်တယ်။ အဝေးဘောတွေကိုလည်း ပေးနိုင်စွမ်းရှိတယ်။ ဗန်ဒိုက်လိုမျိုး ဗီဒစ်ပေးနိုင်မယ်လို့ ကျနော် မထင်ပါဘူး။ ဘာပဲပြောပြော ဗီဒစ်ကိုလည်း လေးစားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်ခေတ်မှာ အကောင်းဆုံး ခံစစ်မှူးက ဘယ်သူလဲဆိုတာက လူမေးများတဲ့ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် ဗန်ဒိုက်ဟာ ကာနယ်ဘာရိုးနောက်ပိုင်း ဘလွန်းဒီအော့ဆုကို အနိုင်ရဖို့ နီးစပ်ခဲ့တဲ့ တစ်ဦးတည်းသော ခံစစ်သမားဖြစ်ကာ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးဆုရှင်ဖြစ်တယ်။

ဒါပေမယ့်လို့ အချို့ ဘောလုံးပရိသတ်တွေက ဗီဒစ်က ဆုဖလား ပိုမိုအောင်မြင်ခြင်းကြောင့် ဗန်ဒိုက်ကို အကောင်းဆုံး ခံစစ်သမား မဟုတ်ဘူးလို့ ငြင်းချက်တွေ ထုတ်ခဲ့ကြတယ်။ လီဗိုဖ့်ကတော့ သူ့အတွက်တော့ ဗန်ဒိုက်ကပဲ ပိုကောင်းတဲ့ ခံစစ်မှူးပါလို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

၁၉၉၈ ကမၻာဖလားနဲ႔ ၂၀၂၀ ယူရိုဖလားတို႔ကို ေအာင္ျမင္ခဲ့တဲ့ ျပင္သစ္အသင္းရဲ႕ အဓိက ဗဟိုခံစစ္သမားၾကီး ဖရန္႔ လီဘိုဖ့္က သူ႔အၾကိဳက္ ခံစစ္မွဴးကို ေရြးထုတ္မႈ လုပ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးအသင္းရဲ႕ ခံစစ္မွဴးေဟာင္းၾကီးလည္းျဖစ္တဲ့ လီဘိုဖ့္က လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ ယူႏုိက္တက္ခံစစ္မွဴးေဟာင္း ဗီဒစ္ထက္ ပိုမို ျပည့္စံုတဲ့ ခံစစ္မွဴးေဟာင္းျဖစ္တယ္လို႔ ဆိုတယ္။ ၂၀၀၆ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း ဗီဒစ္က ပီးမီးယားလိဂ္ ခ်န္ပီယံ ၅ ၾကိမ္ ျဖစ္ခဲ့ေပမယ့္ ခံစစ္မွဴးတစ္ေယာက္အတြက္ေတာ့ ဗန္ဒိုက္ကိုပဲ ပိုၾကိဳက္ပါတယ္လို႔ လီဘိုဖ့္က ေျပာခဲ့တာပါ။

လီဗိုဖ့္က ” က်ေနာ္ကေတာ့ ဗန္ဒိုက္ကိုပဲ အေကာင္းဆံုး ဗဟိုခံစစ္မွဴးအျဖစ္ ေရြးပါတယ္။ က်ေနာ္ကေတာ့ ဗန္ဒိုက္က ပိုျပီး ျပည့္စံုတဲ့ ခံစစ္မွဴးလို ထင္ပါတယ္။ ဗီဒစ္ကိုလည္း က်ေနာ္ သေဘာက်ပါတယ္။ သူက ထူးခၽြန္တဲ့ ခံစစ္သမားေကာင္း ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ဗန္ဒိုက္က အသင္းကို ဦးေဆာင္ႏုိင္တယ္။ အေဝးေဘာေတြကိုလည္း ေပးႏုိင္စြမ္းရွိတယ္။ ဗန္ဒိုက္လိုမ်ိဳး ဗီဒစ္ေပးႏုိင္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဘာပဲေျပာေျပာ ဗီဒစ္ကိုလည္း ေလးစားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ေခတ္မွာ အေကာင္းဆံုး ခံစစ္မွဴးက ဘယ္သူလဲဆိုတာက လူေမးမ်ားတဲ့ ေမးခြန္းတစ္ခုပါ။ အထူးသျဖင့္ ဗန္ဒိုက္ဟာ ကာနယ္ဘာရိုးေနာက္ပိုင္း ဘလြန္းဒီေအာ့ဆုကို အႏုိင္ရဖို႔ နီးစပ္ခဲ့တဲ့ တစ္ဦးတည္းေသာ ခံစစ္သမားျဖစ္ကာ ယူအီးအက္ဖ္ေအ တစ္ႏွစ္တာအေကာင္းဆံုးဆုရွင္ျဖစ္တယ္။

ဒါေပမယ့္လို႔ အခ်ိဳ႔ ေဘာလံုးပရိသတ္ေတြက ဗီဒစ္က ဆုဖလား ပိုမိုေအာင္ျမင္ျခင္းေၾကာင့္ ဗန္ဒိုက္ကို အေကာင္းဆံုး ခံစစ္သမား မဟုတ္ဘူးလို႔ ျငင္းခ်က္ေတြ ထုတ္ခဲ့ၾကတယ္။ လီဗိုဖ့္ကေတာ့ သူ႔အတြက္ေတာ့ ဗန္ဒိုက္ကပဲ ပိုေကာင္းတဲ့ ခံစစ္မွဴးပါလို႔ ေျဖဆိုေပးခဲ့တာ ျဖစ္ပါတယ္။