လာမယ့်အပတ် စနေနေ့မှာတော့ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံးသော ဒါဘီလို့ နာမည်ကြီးတဲ့ မာဆေးဆိုဒ်ဒါဘီပွဲကို ဂူဒီဆင်ပါခ့်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

လီဗာပူးအခြေစိုက် အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးဘောလုံးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ရာစုနှစ်ချီကြာ ပြိုင်ဆိုင်လာခဲ့ပြီး အကောင်းဆုံး အိမ်နီးနားချင်းတွေဖြစ်သလို အကြမ်းတမ်းဆုံး ပြိုင်ဘက်တွေလည်း ဖြစ်ပါတယ်။

ဒီဘက်နှစ်တွေရဲ့ ကလပ် နှစ်သင်း ထိပ်တိုက်တွေ့မှုတွေအရ လီဗာပူးက အသာရထားပေမယ့် အဲဗာတန်ကလည်း ပိုင်ရှင်အပြောင်းအလဲတွေနဲ့အတူ ထိပ်တန်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာပါ။ ဒီတစ်ကြိမ် တွေ့ဆုံမှုကတော့ အဲဗာတန်ကလည်း တက်ရိပ်ပြလာနေတာကြောင့် ပွဲကောင်းဖြစ်လာဖို့ ရှိနေပါတယ်။

လီဗာပူးအတွက်ကော အဲဗာတန်အတွက်ပါ ဘောလုံးရာသီတိုင်းအတွက် အကြီးကျယ်ဆုံးပွဲဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီပွဲအပေါ် အန်ဆယ်လော့တီရဲ့ အဖြေကတော့ “ ကျနေ်ာတို့က ယုံကြည်ချက် ရှိနေပါတယ် ” လို့ ဖြစ်ပါတယ်။

“ အရင်အပတ်က လီဗာပူးက အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တာက အရေးမကြီးပါဘူး။ သူတို့က ထူးချွန်တဲ့ မန်နေဂျာကောင်း တစ်ဦးနဲ့အတူ အသင်းကောင်းတစ်သင်း ဖြစ်နေဆဲပါ။ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာနိုင်ပေမယ့်လည်း ကျနေ်ာတို့ ယုံကြည်မှုရှိနေပါတယ်။

ကျနေ်ာတို့ရဲ့ ရည်ရွယ်ချက်က ဖြစ်နိုင်သလောက် ဇယားထိပ်မှာ အကြာကြီး ဆက်နေဖို့ပါ။ ကျနေ်ာတို့ရဲ့ ပစ်မှတ်က ပြိုင်ဆိုင်ဖို့ဖြစ်ပြီး ရာသီအကုန်မှာတော့ ဥရောပဝင်ခွင့်ကို ရယူဖို့ဖြစ်ပါတယ် ” လို့ အန်ဆယ်လော့တီက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အဲဗာတန်ဟာ ဒီရာသီမှာ ၄ ပွဲကစား ၄ ပွဲနိုင်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ ဒီနွေမှာ ခေါ်ယူထားတဲ့ ဂျိမ်း ရိုဒရီဂွက်စ်က အထူး ခြေစွမ်းပြနေသလို တိုက်စစ်သမားတွေဖြစ်တဲ့ ကယ်ဗက်လီဝင်နဲ့ ရစ်ချာလီဆန်တို့ကလည်း ပုံစံကောင်းတွေ ရနေတာကို အသင်းဘက်က သတိပြုရမှာ ဖြစ်ပါတယ်။

ZAWGYI

လာမယ့္အပတ္ စေနေန႔မွာေတာ့ အဂၤလန္ရဲ႕ အျပင္းထန္ဆံုးေသာ ဒါဘီလို႔ နာမည္ၾကီးတဲ့ မာေဆးဆိုဒ္ဒါဘီပြဲကို ဂူဒီဆင္ပါခ့္မွာ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ပါတယ္။

လီဗာပူးအေျခစိုက္ အသင္းႏွစ္သင္းျဖစ္တဲ့ လီဗာပူးေဘာလံုးအသင္းနဲ႔ အဲဗာတန္အသင္းတို႔ဟာ ရာစုႏွစ္ခ်ီၾကာ ျပိဳင္ဆိုင္လာခဲ့ျပီး အေကာင္းဆံုး အိမ္နီးနားခ်င္းေတြျဖစ္သလို အၾကမ္းတမ္းဆံုး ျပိဳင္ဘက္ေတြလည္း ျဖစ္ပါတယ္။

ဒီဘက္ႏွစ္ေတြရဲ႕ ကလပ္ နွစ္သင္း ထိပ္တိုက္ေတြ႔မႈေတြအရ လီဗာပူးက အသာရထားေပမယ့္ အဲဗာတန္ကလည္း ပိုင္ရွင္အေျပာင္းအလဲေတြနဲ႔အတူ ထိပ္တန္းအဆင့္ကို တက္လွမ္းဖို႔ ၾကိဳးစားေနတာပါ။ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈကေတာ့ အဲဗာတန္ကလည္း တက္ရိပ္ျပလာေနတာေၾကာင့္ ပြဲေကာင္းျဖစ္လာဖို႔ ရွိေနပါတယ္။

လီဗာပူးအတြက္ေကာ အဲဗာတန္အတြက္ပါ ေဘာလံုးရာသီတိုင္းအတြက္ အၾကီးက်ယ္ဆုံးပြဲျဖစ္တဲ့ မာေဆးဆိုဒ္ဒါဘီပြဲအေပၚ အန္ဆယ္ေလာ့တီရဲ႕ အေျဖကေတာ့ “ က်ေန္ာတို႔က ယံုၾကည္ခ်က္ ရွိေနပါတယ္ ” လို႔ ျဖစ္ပါတယ္။

“ အရင္အပတ္က လီဗာပူးက အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ခဲ့တာက အေရးမၾကီးပါဘူး။ သူတို႔က ထူးခၽြန္တဲ့ မန္ေနဂ်ာေကာင္း တစ္ဦးနဲ႔အတူ အသင္းေကာင္းတစ္သင္း ျဖစ္ေနဆဲပါ။ ခက္ခဲတဲ့ပြဲတစ္ပြဲ ျဖစ္လာနုိင္ေပမယ့္လည္း က်ေန္ာတို႔ ယံုၾကည္မႈရွိေနပါတယ္။

က်ေန္ာတို႔ရဲ႕ ရည္ရြယ္ခ်က္က ျဖစ္ႏုိင္သေလာက္ ဇယားထိပ္မွာ အၾကာၾကီး ဆက္ေနဖို႔ပါ။ က်ေန္ာတို႔ရဲ႕ ပစ္မွတ္က ျပိဳင္ဆုိင္ဖို႔ျဖစ္ျပီး ရာသီအကုန္မွာေတာ့ ဥေရာပဝင္ခြင့္ကို ရယူဖို႔ျဖစ္ပါတယ္ ” လို႔ အန္ဆယ္ေလာ့တီက ဆက္လက္ ေျပာဆိုခဲ့ပါတယ္။

အဲဗာတန္ဟာ ဒီရာသီမွာ ၄ ပြဲကစား ၄ ပြဲႏုိင္ထားျပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတာပါ။ ဒီေႏြမွာ ေခၚယူထားတဲ့ ဂ်ိမ္း ရိုဒရီဂြက္စ္က အထူး ေျခစြမ္းျပေနသလို တိုက္စစ္သမားေတြျဖစ္တဲ့ ကယ္ဗက္လီဝင္နဲ႔ ရစ္ခ်ာလီဆန္တို႔ကလည္း ပံုစံေကာင္းေတြ ရေနတာကို အသင္းဘက္က သတိျပဳရမွာ ျဖစ္ပါတယ္။