လီဗာပူးအသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂျွန်ဟင်နရီဟာ ၂၀၁၀ ခုနှစ်က အမေရိကန် သူဌေးတွေဖြစ်တဲ့ တွမ်ဟစ်နဲ့ ဂျီလက် လက်ထံကနေ ဝယ်ယူခဲ့တဲ့ လီဗာပူးအသင်းကို အလုံးစုံ ထိန်းချုပ်ခွင့် ရထားသူပါ။

ကမ္ဘာကျော် စီးပွားရေးသတင်းဌာနဖြစ်တဲ့ the Wall Street Journal က ဖော်ပြလာမှုအရ လီဗာပူးရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ မာဆေးဆိုဒ်ကလပ်ကို ဂလိုဘယ်ဈေးကွက်ထဲ ပို့ဖို့ စတင်ကြိုးစားနေပြီဖြစ်ပါတယ်။ ဒီစကားပြောမှုအရ RedBall Acquisition Corp လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းစုကို FSG က ၂၅% ထက်နည်းတဲ့ ရှယ်ယာကို ရောင်းချသွားမှာဖြစ်တယ်။

FSG က ဘော်စတွန် ဂလိုဘယ်သတင်းစာကို ပိုင်ဆိုင်ထားတယ်။ FSG ရဲ့ လက်အောက်မှာတော့ အဓိက အသင်းကြီး ၂ ခုအဖြစ် Boston Red Sox လို့ ခေါ်တဲ့ မေဂျာလိဂ် ဘော့ဘောအသင်းနဲ့ လီဗာပူးဘောလုံးအသင်းတို့ ရှိနေတာဖြစ်တယ်။ ဒါကြောင့် ဒီရင်းနှီးမြုပ်နှံမှုမှာ လီဗာပူးအသင်းကလည်း အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ မန်စီးတီးအသင်းကို Silver Lake အဖွဲ့က ပေါင် သန်း ၅၀၀ ဝင်ရောက် ရင်းနှီးမြုပ်နှံမှုနဲ့ တူညီတဲ့ အနေအထားအဖြစ် လီဗာပူးဘောလုံးအသင်းကို FSG ရဲ့ စီမံခန့်ခွဲမှုမှာ ပါတနာအသစ် ဝင်ရောက်လာမယ့် သဘောဖြစ်တယ်။ ဒီမြုပ်နှံမှုက ဒေါ်လာ ၁ ဘီလီယံလောက်ထိ ကြီးမားနိုင်ပါတယ်။

ဒါက သိပ်ကြီးတဲ့ ကိစ္စဖြစ်ကာ လုပ်ငန်းစဉ်ကြီး တစ်ခုလုံးအတွက် စစ်ဆေးမှု ခံယူတာ၊ တွက်ချက်တာတွေ လုပ်မှုနဲ့အတူ တရားဝင်ကိစ္စတွေ ပြီးမြောက်ဖို့တောင် ၂ နှစ်လောက် ကြာမြင့်နိုင်ပါတယ်။ အခုကတည်းက ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကာ ၂၀၂၁ ခုနှစ်ထဲမှာတော့ မြင်သာတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာဖို့ ရှိနေတာဖြစ်တယ်။

RedBall ရဲ့ ဘုတ်အဖွဲ့ထဲမှာတော့ ပရီးမီးယားလိဂ်ကို အမှုဆောင်ချုပ်အဖြစ် နှစ်ပေါင်း ၂၀ တာဝန်ယူခဲ့တဲ့ စကူဒါမိုးလို ပုဂ္ဂိုလ်လည်း ပါဝင်တယ်။ သူဟာ အင်္ဂလန်ရဲ့ အဆင့်မြင့်တန်းကို ဂလိုဘယ်အဆင့်ကို ရောက်အောင် လုပ်ပေးနိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ရုပ်သံထုတ်လွှင့်မှု အမြင့်ဆုံး ဘောလုံးလိဂ်ဖြစ်လာဖို့ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တယ်။

ဒီကိစ္စကြီး ဖြစ်မြောက်ခဲ့မယ်ဆိုရင် လီဗာပူးအသင်းကို နောက်ခံထားတဲ့ FSG ရဲ့ ဘဏ္ဍာရေးက အကြီးအကျယ် တောင့်တင်းလာမှာဖြစ်တယ်။ ထိုနည်းတူ ဂလိုဘယ်အဖွဲ့အစည်းတွေပါ ပါဝင်လာခြင်းကြောင့် အနာဂတ် လီဗာပူးအသင်းနဲ့ ကလပ်ရဲ့ အုပ်ချုပ်မှုတွေကို သက်ရောက်မှု ကြီးမားနိုင်မှာဖြစ်ပါတယ်။

သေချာတာကတော့ ဒီကိစ္စကြီး အပြီးသတ်ခဲ့ရင် လီဗာပူးက ယခင်ကလို ပိုင်ရှင်တစ်ဦးနဲ့ အလုပ်လုပ်နေတဲ့ ကလပ်အသင်းဆိုတဲ့ အနေအထားမှာ ဆက်ရှိနေတော့မှာ မဟုတ်ပါဘူး။ ဒါက ဂလိုဘယ်အဆင့်ကို ရောက်သွားမှာဖြစ်ပြီး ပူးပေါင်း လုပ်ဆောင်မှုနဲ့ အကျိုးအမြတ်ဆိုတဲ့ ကိစ္စတွေ ပါဝင်လာမှာပါ။ စိတ်ပြင်းပြမှု ပြင်းထန်တဲ့ ဘောလုံးကလပ်တစ်ခုအတွက် ကောင်ခြင်းလား ဆိုးခြင်းလားဆိုတာက စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ပိုင္ရွင္ျဖစ္တဲ့ ဂၽြန္ဟင္နရီဟာ ၂၀၁၀ ခုႏွစ္က အေမရိကန္ သူေဌးေတြျဖစ္တဲ့ တြမ္ဟစ္နဲ႔ ဂ်ီလက္ လက္ထံကေန ဝယ္ယူခဲ့တဲ့ လီဗာပူးအသင္းကို အလံုးစံု ထိန္းခ်ဳပ္ခြင့္ ရထားသူပါ။

ကမၻာေက်ာ္ စီးပြားေရးသတင္းဌာနျဖစ္တဲ့ the Wall Street Journal က ေဖာ္ျပလာမႈအရ လီဗာပူးရဲ႕ ပိုင္ရွင္ေတြျဖစ္တဲ့ FSG ဟာ မာေဆးဆိုဒ္ကလပ္ကို ဂလိုဘယ္ေစ်းကြက္ထဲ ပို႔ဖို႔ စတင္ၾကိဳးစားေနျပီျဖစ္ပါတယ္။ ဒီစကားေျပာမႈအရ RedBall Acquisition Corp လို႔ေခၚတဲ့ စီးပြားေရးလုပ္ငန္းစုကို FSG က ၂၅% ထက္နည္းတဲ့ ရွယ္ယာကို ေရာင္းခ်သြားမွာျဖစ္တယ္။

FSG က ေဘာ္စတြန္ ဂလိုဘယ္သတင္းစာကို ပိုင္ဆိုင္ထားတယ္။ FSG ရဲ႕ လက္ေအာက္မွာေတာ့ အဓိက အသင္းၾကီး ၂ ခုအျဖစ္ Boston Red Sox လို႔ ေခၚတဲ့ ေမဂ်ာလိဂ္ ေဘာ့ေဘာအသင္းနဲ႔ လီဗာပူးေဘာလံုးအသင္းတို႔ ရွိေနတာျဖစ္တယ္။ ဒါေၾကာင့္ ဒီရင္းႏွီးျမဳပ္ႏွံမႈမွာ လီဗာပူးအသင္းကလည္း အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ပါဝင္သြားမွာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္မွာ မန္စီးတီးအသင္းကို Silver Lake အဖြဲ႔က ေပါင္ သန္း ၅၀၀ ဝင္ေရာက္ ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ တူညီတဲ့ အေနအထားအျဖစ္ လီဗာပူးေဘာလံုးအသင္းကို FSG ရဲ႕ စီမံခန္႔ခြဲမႈမွာ ပါတနာအသစ္ ဝင္ေရာက္လာမယ့္ သေဘာျဖစ္တယ္။ ဒီျမဳပ္ႏွံမႈက ေဒၚလာ ၁ ဘီလီယံေလာက္ထိ ၾကီးမားႏုိင္ပါတယ္။

ဒါက သိပ္ၾကီးတဲ့ ကိစၥျဖစ္ကာ လုပ္ငန္းစဥ္ၾကီး တစ္ခုလံုးအတြက္ စစ္ေဆးမႈ ခံယူတာ၊ တြက္ခ်က္တာေတြ လုပ္မႈနဲ႔အတူ တရားဝင္ကိစၥေတြ ျပီးေျမာက္ဖို႔ေတာင္ ၂ ႏွစ္ေလာက္ ၾကာျမင့္ႏုိင္ပါတယ္။ အခုကတည္းက ေဆြးေႏြးမႈေတြ စတင္ေနျပီျဖစ္ကာ ၂၀၂၁ ခုႏွစ္ထဲမွာေတာ့ ျမင္သာတ့ဲ ပံုရိပ္ေတြ ထြက္ေပၚလာဖို႔ ရွိေနတာျဖစ္တယ္။

RedBall ရဲ႕ ဘုတ္အဖြဲ႔ထဲမွာေတာ့ ပရီးမီးယားလိဂ္ကို အမႈေဆာင္ခ်ဳပ္အျဖစ္ ႏွစ္ေပါင္း ၂၀ တာဝန္ယူခဲ့တဲ့ စကူဒါမိုးလို ပုဂၢိဳလ္လည္း ပါဝင္တယ္။ သူဟာ အဂၤလန္ရဲ႕ အဆင့္ျမင့္တန္းကို ဂလိုဘယ္အဆင့္ကို ေရာက္ေအာင္ လုပ္ေပးႏုိင္ခဲ့ျပီး ကမၻာေပၚမွာ ရုပ္သံထုတ္လႊင့္မႈ အျမင့္ဆံုး ေဘာလံုးလိဂ္ျဖစ္လာဖို႔ ဦးေဆာင္ခဲ့သူ တစ္ဦးျဖစ္တယ္။

ဒီကိစၥၾကီး ျဖစ္ေျမာက္ခဲ့မယ္ဆိုရင္ လီဗာပူးအသင္းကို ေနာက္ခံထားတဲ့ FSG ရဲ႕ ဘ႑ာေရးက အၾကီးအက်ယ္ ေတာင့္တင္းလာမွာျဖစ္တယ္။ ထိုနည္းတူ ဂလိုဘယ္အဖြဲ႔အစည္းေတြပါ ပါဝင္လာျခင္းေၾကာင့္ အနာဂတ္ လီဗာပူးအသင္းနဲ႔ ကလပ္ရဲ႕ အုပ္ခ်ဳပ္မႈေတြကို သက္ေရာက္မႈ ၾကီးမားႏုိင္မွာျဖစ္ပါတယ္။

ေသခ်ာတာကေတာ့ ဒီကိစၥၾကီး အျပီးသတ္ခဲ့ရင္ လီဗာပူးက ယခင္ကလို ပိုင္ရွင္တစ္ဦးနဲ႔ အလုပ္လုပ္ေနတဲ့ ကလပ္အသင္းဆိုတဲ့ အေနအထားမွာ ဆက္ရွိေနေတာ့မွာ မဟုတ္ပါဘူး။ ဒါက ဂလိုဘယ္အဆင့္ကို ေရာက္သြားမွာျဖစ္ျပီး ပူးေပါင္း လုပ္ေဆာင္မႈနဲ႔ အက်ိဳးအျမတ္ဆိုတဲ့ ကိစၥေတြ ပါဝင္လာမွာပါ။ စိတ္ျပင္းျပမႈ ျပင္းထန္တဲ့ ေဘာလံုးကလပ္တစ္ခုအတြက္ ေကာင္ျခင္းလား ဆိုးျခင္းလားဆိုတာက ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။