လက်ရှိ လီဗာပူး စီနီယာအသင်းသားတွေထဲမှာ သီယာဂိုနဲ့ မာနေး တို့ဟာ ကိုဗစ်ပိုး တွေ့ရှိခြင်းကြောင့် ကွာရန်တင်းဝင်မှုတွေ ပြုလုပ်ထားကြရသူတွေ ဖြစ်ပါတယ်။

ဗြိတိန် ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ကိုဗစ်ဆိုင်ရာ လမ်းညွှန်ချက်မှာတော့ ကိုဗစ်နဲ့ ပက်သက်လို့ သက်မှတ်ထာတဲ့ စည်းမျဉ်းအရ ပုဂ္ဂိုလ်တစ်ဦးဟာ ကိုဗစ်ပိုးရှိခဲ့ရင် (သို့) ပိုးတွ့လို့ ရောဂါ လက္ခဏာ မပြရင်တောင်မှ အနည်းဆုံး ၁၄ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ အာဆင်နယ်နဲ့ပွဲ မတိုင်ခင်မှာ သီယာဂိုမှာ ကိုဗစ်ပိုးတွေ့ကြောင်း လီဗာပူးဘက်က ကြေညာခဲ့ပြီး သူဟာ နိုင်ငံတကာသီတင်းပတ်အတွင်း တစ်ဦးတည်း သီးသန့်နေမှုနဲ့ပဲ နေထိုင်နေခဲ့တာပါ။ ဒါပေမယ့်လို့ ဒီမနက်မှာတော့ သီယာဂိုဟာ ရောဂါ ပျောက်ကင်းခဲ့ပြီဖြစ်ကာ လီဗာပူးမြို့ထဲကို လမ်းလျှောက်ပြီး လေ့လာရေး ဆင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သီယာဂိုက ‘လီဗာပူးမြို့ထဲ လမ်းလျှောက်ခြင်း’ ဆိုပြီး မာက်စ်တပ်ပြီး မြို့ထဲ လမ်းလျှောက်နေတဲ့ပုံကို တွစ်တာမှာ တင်ခဲ့ကာ ပရိသတ်တွေက ကျန်းမာပါစေကြောင်းနဲ့ စောင့်မျှော်နေတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြတယ်။ သီယာဂိုဟာ လာမယ့်အပတ် အင်္ဂါနေ့မှ ကွာရန်တင်းပြီးမယ်လို့ ယူဆခဲ့ပေမယ့် ခပ်စောစောပဲ ပြန်လာနိုင်ခဲ့ပါတယ်။

လာမယ့်သီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာတော့ လီဗာပူးနဲ့ အဲဗာတန်တို့ဟာ မာဆေးဆိုဒ်ဒါဘီပွဲ ကစားရမှာဖြစ်တယ်။ တစ်ပတ်လုံးလုံး လေ့ကျင့်ချိန်နဲ့ အားဖြည့်ချိန်ရမယ့် သီယာဂိုက ပွဲထွက်ပါဝင်လာဖို့လည်း မျှော်လင့်လို့ ရနိုင်ပြီဖြစ်ပါတယ်။

ZAWGYI

လက္ရွိ လီဗာပူး စီနီယာအသင္းသားေတြထဲမွာ သီယာဂိုနဲ႔ မာေနး တို႔ဟာ ကိုဗစ္ပိုး ေတြ႔ရွိျခင္းေၾကာင့္ ကြာရန္တင္းဝင္မႈေတြ ျပဳလုပ္ထားၾကရသူေတြ ျဖစ္ပါတယ္။

ျဗိတိန္ က်န္းမာေရးဆိုင္ရာ ပုဂၢိဳလ္ေတြရဲ႕ ကိုဗစ္ဆိုင္ရာ လမ္းညႊန္ခ်က္မွာေတာ့ ကိုဗစ္နဲ႔ ပက္သက္လို႔ သက္မွတ္ထာတဲ့ စည္းမ်ဥ္းအရ ပုဂၢိဳလ္တစ္ဦးဟာ ကိုဗစ္ပိုးရွိခဲ့ရင္ (သို႔) ပိုးတြ႔လို႔ ေရာဂါ လကၡဏာ မျပရင္ေတာင္မွ အနည္းဆံုး ၁၄ ရက္ ကြာရန္တင္း ဝင္ရမွာျဖစ္ပါတယ္။

ျပီးခဲ့တဲ့လ အာဆင္နယ္နဲ႔ပြဲ မတိုင္ခင္မွာ သီယာဂိုမွာ ကိုဗစ္ပိုးေတြ႔ေၾကာင္း လီဗာပူးဘက္က ေၾကညာခဲ့ျပီး သူဟာ ႏုိင္ငံတကာသီတင္းပတ္အတြင္း တစ္ဦးတည္း သီးသန္႔ေနမႈနဲ႔ပဲ ေနထိုင္ေနခဲ့တာပါ။ ဒါေပမယ့္လို႔ ဒီမနက္မွာေတာ့ သီယာဂိုဟာ ေရာဂါ ေပ်ာက္ကင္းခဲ့ျပီျဖစ္ကာ လီဗာပူးျမိဳ႔ထဲကို လမ္းေလွ်ာက္ျပီး ေလ့လာေရး ဆင္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

သီယာဂိုက ‘လီဗာပူးျမိဳ႔ထဲ လမ္းေလွ်ာက္ျခင္း’ ဆိုျပီး မာက္စ္တပ္ျပီး ျမိဳ႔ထဲ လမ္းေလွ်ာက္ေနတဲ့ပံုကို တြစ္တာမွာ တင္ခဲ့ကာ ပရိသတ္ေတြက က်န္းမာပါေစေၾကာင္းနဲ႔ ေစာင့္ေမွ်ာ္ေနတယ္လို႔ မွတ္ခ်က္ေတြ ေပးခဲ့ၾကတယ္။ သီယာဂိုဟာ လာမယ့္အပတ္ အဂၤါေန႔မွ ကြာရန္တင္းျပီးမယ္လို႔ ယူဆခဲ့ေပမယ့္ ခပ္ေစာေစာပဲ ျပန္လာႏုိင္ခဲ့ပါတယ္။

လာမယ့္သီတင္းပတ္ျဖစ္တဲ့ ေအာက္တိုဘာလ ၁၇ ရက္ေန႔မွာေတာ့ လီဗာပူးနဲ႔ အဲဗာတန္တို႔ဟာ မာေဆးဆိုဒ္ဒါဘီပြဲ ကစားရမွာျဖစ္တယ္။ တစ္ပတ္လံုးလံုး ေလ့က်င့္ခ်ိန္နဲ႔ အားျဖည့္ခ်ိန္ရမယ့္ သီယာဂိုက ပြဲထြက္ပါဝင္လာဖို႔လည္း ေမွ်ာ္လင့္လို႔ ရႏုိင္ျပီျဖစ္ပါတယ္။