ဘောလုံးအားကစားမှာ နည်းစနစ်အမျိုးအမျိုး အသုံးတတ်ကြပြီး ခံစစ်ပိုင်းမှာလည်း ဗျူဟာအမျိုးအမျိုးရှိပါတယ်။ အင်္ဂလန်မှာတော့ Bus ကွက်လို့ခေါ်တဲ့ ခံစစ်ကို ပိတ်ကစားတဲ့ နည်းစနစ်က နာမည်ကြီးပြီး တိုက်စစ်အသားပေးတဲ့ လီဗာပူးနဲ့ မန်စီးတီးလို အသင်းတွေက ခံစစ်လိုင်းကို မြင့်ကစားတာကို မြင်ရမှာဖြစ်ပါတယ်။

High line ဆိုတာက တိုက်စစ်ပိုင်း ကစားနိုင်ဖို့အတွက် ဗဟိုခံစစ်မှူးတွေ အပါအဝင် ခံစစ်ကြောင်းက ခံစစ်ရဲ့ အဝေးမှာ ထားကစားတာမျိုးကို ဆိုလိုတာပါ။ အားနည်းချက်က ကိုယ်အသင်းရဲ့ ဂိုးသမားနဲ့ ခံစစ်ကြားမှာ Space လို့ ခေါ်ကြတဲ့ ကွက်လပ် အကြီးကြီး ရှိနေတတ်ပါတယ်။ ဒါပေမယ့်လို့ လူကျွံဘော ဥပဒေရှိတာကြောင့် ဗဟိုခံစစ်မှူးက သူ့ခံစစ်ကြောင်းကို ထိန်းနိုင်ရင် တိုက်စစ်အတွက် စိတ်ဝင်စားစရာ ရွေးချယ်မှု ဖြစ်ပါတယ်။

လီဗာပူးကစားနေတဲ့ Pressing ကို အကောင်းဆုံးတွဲဖို့က High line ဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်လူတွေက ဖန်တီးမှုထက် လှုပ်အားကို အားသန်တာကြောင့် ကွင်းလယ်မှာ Space ကျယ်ရင် အသင်းကို ထိခိုက်စေမယ်လို့ ယုံကြည်ပြီး မန်နေဂျာက ခံစစ်၊ ကွင်းလယ်နဲ့ တိုက်စစ်ကို ကပ်ပြီး ကစားစေကာ သူတို့ကြားက Space ကို နည်းနိုင်သမျှ နည်းအောက် High line နဲ့ ကာကွယ်ထားတာဖြစ်ပါတယ်။

စွန့်စားရတဲ့ high defensive line ကို ကစားခြင်းက အကျိုးရှိမှုလည်း များပါတယ်။ အထူးသဖြင့် ကိုယ်အသင်းက ပွဲကို လွှမ်းမိုးကစားတဲ့ အသင်းဆိုရင် ခံစစ်ကနေ ဘောလုံး ကိုင်ကစားနိုင်တယ်၊ တိုက်စစ်ကို ဘောလုံး ခပ်မြန်မြန် ပေးနိုင်တယ်။ ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ဘက်ကို ရောက်ဖို့ အချိန်နဲ့ လှုပ်အားကို လျော့ချနိုင်ပါတယ်။ ဒါပေမယ့်လို့ ခံစစ်ပိုင်း စွမ်းရည် သိပ်မြင့်ဖို့လိုပြီး ခံစစ်သမားတွေနဲ့ ဂိုးသမားကြားက Space ကို ပြိုင်ဘက်က အသုံးချမသွားနိုင်ဖို့ အသင်းဖော်တွေကြား နားလည်မှုနဲ့ ပြေးနှုန်တွေ လိုအပ်ပါတယ်။

High line ကို သုံးရင် အဓိက အကျိုးရှိမှုက ပွဲချိန် ၆-၇ စက္ကန့်ထဲနဲ့ ပြိုင်ဘက် ဧရိယာထဲကို ရောက်နိုင်ပါတယ်။ ဖိအားပေးခြင်းဆိုတာ ခြားနားတဲ့ ခံစစ်ကစားဟန်ပဲ ဖြစ်ပါတယ်။ ခံစစ်ကို တိုက်စစ်မှာ ထားလိုက်ပြီး ဘောလုံး အမြန်ပြန်ရအောင် ဖိအားပေးမယ် ပြိုင်ဘက် ဧရိယာနဲ့ နီးနိုင်သမျှ နီးတဲ့နေရာမှာ ဘောလုံးပြန်ရရင် ပြိုင်ဘက် ဧရိယာကို ထိုးဖောက်ဖို့ အချိန် အတိုဆုံးနဲ့ အမြန်ဆုံး ရောက်မှာဖြစ်ပါတယ်။

High line ရဲ့ အသက်က တိုက်စစ်က ဖိအားပေးမှုကနေ ပြိုင်ဘက်ထံက ဘောလုံးကို အမြန်ဆုံး ရယူနိုင်ဖို့နဲ့ ခံစစ်သမားတွေက ဂိုးသမားနဲ့ သူတို့ကြားမှာ ရှိနေတဲ့ နေရာလွတ်ကြီးကို ပြိုင်ဘက် တိုက်စစ်သမားတွေ အသုံးမချနိုင်အောင် ပါးနပ်ဖို့ ဖြစ်ပါတယ်။ ဒါကို အောင်မြင်ရင် ပွဲကို လွှမ်းမိုးနိုင်ပြီး ကျရံှူးရင်တော့ ပေးဆပ်မှုကြီးမှာဖြစ်ပါတယ်။

မနှစ်က လီဗာပူးဟာ ဒီခံစစ်ကစားပုံနဲ့ပဲ လိဂ်ရဲ့ အကောင်းဆုံးခံစစ်အဖြစ် ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့တယ်။ ဘယ်လို ပေးဆပ်မှုကြီးတွေကော ရှိနိုင်လဲဆိုရင် အက်စတွန်ဗီလာပွဲက သက်သေပါပဲ။

တကယ်တော့ Pressing နဲ့ High line ကို တွဲသုံးခြင်း ဆိုတာ မျဉ်းဖြောင့် သဘောတရားအတိုင်းပါပဲ။ ခရီးတစ်ခုကို အမြန်ဆုံး ရောက်နိုင်ဖို့နဲ့ ကြာချိန်ကို လျော့နိုင်ဖို့က အနီးဆုံးကနေ အဖြောင့်အတိုင်းပဲ သွားရမှာပါ။

အရင်နှစ်တွေကတော့ Passing လို့ ခေါ်တဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ ပေးမှုနဲ့ ဖန်တီးနိုင်စွမ်းကို အားပြုပြီး ကစားတဲ့ ကစားဟန်က တစ်ခေတ်ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့း Passing နေရာကို Pressing တွေ ဝင်လာပြီး တာတိုပြေးမှုတွေကို စိတ်ဓါတ်ပြင်းပြမှုတွေကို အချိုးညီညီ ပေါင်းထည့် ကစားလာကြပါပြီ။

ZAWGYI

ေဘာလုံးအားကစားမွာ နည္းစနစ္အမ်ိဳးအမ်ိဳး အသုံးတတ္ၾကၿပီး ခံစစ္ပိုင္းမွာလည္း ဗ်ဴဟာအမ်ိဳးအမ်ိဳးရွိပါတယ္။ အဂၤလန္မွာေတာ့ Bus ကြက္လို႔ေခၚတဲ့ ခံစစ္ကို ပိတ္ကစားတဲ့ နည္းစနစ္က နာမည္ႀကီးၿပီး တိုက္စစ္အသားေပးတဲ့ လီဗာပူးနဲ႔ မန္စီးတီးလို အသင္းေတြက ခံစစ္လိုင္းကို ျမင့္ကစားတာကို ျမင္ရမွာျဖစ္ပါတယ္။

High line ဆိုတာက တိုက္စစ္ပိုင္း ကစားႏိုင္ဖို႔အတြက္ ဗဟိုခံစစ္မႉးေတြ အပါအဝင္ ခံစစ္ေၾကာင္းက ခံစစ္ရဲ႕ အေဝးမွာ ထားကစားတာမ်ိဳးကို ဆိုလိုတာပါ။ အားနည္းခ်က္က ကိုယ္အသင္းရဲ႕ ဂိုးသမားနဲ႔ ခံစစ္ၾကားမွာ Space လို႔ ေခၚၾကတဲ့ ကြက္လပ္ အႀကီးႀကီး ရွိေနတတ္ပါတယ္။ ဒါေပမယ့္လို႔ လူကြၽံေဘာ ဥပေဒရွိတာေၾကာင့္ ဗဟိုခံစစ္မႉးက သူ႔ခံစစ္ေၾကာင္းကို ထိန္းႏိုင္ရင္ တိုက္စစ္အတြက္ စိတ္ဝင္စားစရာ ေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။

လီဗာပူးကစားေနတဲ့ Pressing ကို အေကာင္းဆုံးတြဲဖို႔က High line ျဖစ္ပါတယ္။ လီဗာပူးကြင္းလယ္လူေတြက ဖန္တီးမႈထက္ လႈပ္အားကို အားသန္တာေၾကာင့္ ကြင္းလယ္မွာ Space က်ယ္ရင္ အသင္းကို ထိခိုက္ေစမယ္လို႔ ယုံၾကည္ၿပီး မန္ေနဂ်ာက ခံစစ္၊ ကြင္းလယ္နဲ႔ တိုက္စစ္ကို ကပ္ၿပီး ကစားေစကာ သူတို႔ၾကားက Space ကို နည္းႏိုင္သမွ် နည္းေအာက္ High line နဲ႔ ကာကြယ္ထားတာျဖစ္ပါတယ္။

စြန႔္စားရတဲ့ high defensive line ကို ကစားျခင္းက အက်ိဳးရွိမႈလည္း မ်ားပါတယ္။ အထူးသျဖင့္ ကိုယ္အသင္းက ပြဲကို လႊမ္းမိုးကစားတဲ့ အသင္းဆိုရင္ ခံစစ္ကေန ေဘာလုံး ကိုင္ကစားႏိုင္တယ္၊ တိုက္စစ္ကို ေဘာလုံး ခပ္ျမန္ျမန္ ေပးႏိုင္တယ္။ ၿပိဳင္ဘက္အသင္းရဲ႕ ဂိုးေပါက္ဘက္ကို ေရာက္ဖို႔ အခ်ိန္နဲ႔ လႈပ္အားကို ေလ်ာ့ခ်ႏိုင္ပါတယ္။ ဒါေပမယ့္လို႔ ခံစစ္ပိုင္း စြမ္းရည္ သိပ္ျမင့္ဖို႔လိုၿပီး ခံစစ္သမားေတြနဲ႔ ဂိုးသမားၾကားက Space ကို ၿပိဳင္ဘက္က အသုံးခ်မသြားႏိုင္ဖို႔ အသင္းေဖာ္ေတြၾကား နားလည္မႈနဲ႔ ေျပးႏႈန္ေတြ လိုအပ္ပါတယ္။

High line ကို သုံးရင္ အဓိက အက်ိဳးရွိမႈက ပြဲခ်ိန္ ၆-၇ စကၠန႔္ထဲနဲ႔ ၿပိဳင္ဘက္ ဧရိယာထဲကို ေရာက္ႏိုင္ပါတယ္။ ဖိအားေပးျခင္းဆိုတာ ျခားနားတဲ့ ခံစစ္ကစားဟန္ပဲ ျဖစ္ပါတယ္။ ခံစစ္ကို တိုက္စစ္မွာ ထားလိုက္ၿပီး ေဘာလုံး အျမန္ျပန္ရေအာင္ ဖိအားေပးမယ္ ၿပိဳင္ဘက္ ဧရိယာနဲ႔ နီးႏိုင္သမွ် နီးတဲ့ေနရာမွာ ေဘာလုံးျပန္ရရင္ ၿပိဳင္ဘက္ ဧရိယာကို ထိုးေဖာက္ဖို႔ အခ်ိန္ အတိုဆုံးနဲ႔ အျမန္ဆုံး ေရာက္မွာျဖစ္ပါတယ္။

High line ရဲ႕ အသက္က တိုက္စစ္က ဖိအားေပးမႈကေန ၿပိဳင္ဘက္ထံက ေဘာလုံးကို အျမန္ဆုံး ရယူႏိုင္ဖို႔နဲ႔ ခံစစ္သမားေတြက ဂိုးသမားနဲ႔ သူတို႔ၾကားမွာ ရွိေနတဲ့ ေနရာလြတ္ႀကီးကို ၿပိဳင္ဘက္ တိုက္စစ္သမားေတြ အသုံးမခ်ႏိုင္ေအာင္ ပါးနပ္ဖို႔ ျဖစ္ပါတယ္။ ဒါကို ေအာင္ျမင္ရင္ ပြဲကို လႊမ္းမိုးႏိုင္ၿပီး က်ရံႉးရင္ေတာ့ ေပးဆပ္မႈႀကီးမွာျဖစ္ပါတယ္။

မႏွစ္က လီဗာပူးဟာ ဒီခံစစ္ကစားပုံနဲ႔ပဲ လိဂ္ရဲ႕ အေကာင္းဆုံးခံစစ္အျဖစ္ ပရီးမီးယားလိဂ္ဖလား အႏိုင္ရခဲ့တယ္။ ဘယ္လို ေပးဆပ္မႈႀကီးေတြေကာ ရွိႏိုင္လဲဆိုရင္ အက္စတြန္ဗီလာပြဲက သက္ေသပါပဲ။

တကယ္ေတာ့ Pressing နဲ႔ High line ကို တြဲသုံးျခင္း ဆိုတာ မ်ဥ္းေျဖာင့္ သေဘာတရားအတိုင္းပါပဲ။ ခရီးတစ္ခုကို အျမန္ဆုံး ေရာက္ႏိုင္ဖို႔နဲ႔ ၾကာခ်ိန္ကို ေလ်ာ့ႏိုင္ဖို႔က အနီးဆုံးကေန အေျဖာင့္အတိုင္းပဲ သြားရမွာပါ။

အရင္ႏွစ္ေတြကေတာ့ Passing လို႔ ေခၚတဲ့ ေဘာလုံးပိုင္ဆိုင္မႈမွာ ေပးမႈနဲ႔ ဖန္တီးႏိုင္စြမ္းကို အားျပဳၿပီး ကစားတဲ့ ကစားဟန္က တစ္ေခတ္ျဖစ္ခဲ့ပါတယ္။ ဒီကေန႔မွာေတာ့း Passing ေနရာကို Pressing ေတြ ဝင္လာၿပီး တာတိုေျပးမႈေတြကို စိတ္ဓါတ္ျပင္းျပမႈေတြကို အခ်ိဳးညီညီ ေပါင္းထည့္ ကစားလာၾကပါၿပီ။