ချယ်ဆီးအသင်းခေါင်းဆောင် ဆီဇာ အပီလီကွီတာက ကလပ်အသင်း အနေနဲ့ အီဒင်ဟာဇက် စတန်းဖို့ဘရစ်ခ်ျက ထွက်ခွာသွားချင်ရင်တောင် ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှု ရှိရမယ် လို့ ပြောကြားခဲ့ပါတယ်။

ဘန်လေနဲ့ ပွဲမှာ ဖနောင့်ကြော ဒဏ်ရာ ရသွားခဲ့တဲ့ ချယ်ဆီးလူငယ်တိုက်စစ်မှူး အိုဒွိုင်းရဲ့ အခြေအနေက သက်သာ ပျောက်ကင်းဖို့ လအနည်းငယ် အချိန်ယူရမှာ ဖြစ်ပြီး အောက်တိုဘာ ၂၀၁၉ ထဲမှ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ချယ်ဆီးအသင်း တိုက်စစ်မှူးဟောင်း Hasselbaink က ဆာရီနဲ့ ချယ်ဆီးအသင်းဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင် ဒီဘောလုံးရာသီ အောင်မြင်တယ် ဆိုနိုင်ကြောင်း ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်မှာ အငှားသွားကစားရင်း ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်သမား ဘတ်ရှူဝါရီက ချယ်ဆီး အသင်းသို့ ပြန်သွားရမလား ၄င်း အနာဂတ်ကို မဆုံးဖြတ်ရသေး၊ မိခင်ကလပ်အသင်းနဲ့ မဆွေးနွေးရသေးကြောင်း ၀န်ခံပြောဆိုပါတယ်။

ချယ်ဆီးလူငယ်တိုက်စစ်မှူး Martell Taylor-Crossdale က အသင်းနဲ့ စာချုပ် ဇွန် ၂၀၁၉ မှာတင် ကုန်ဆုံးမှာ ဖြစ်ပြီး ၁၁ နှစ်ကြာ ကျင်လည်ခဲ့တဲ့ လန်ဒန်ကလပ်မှ ထွက်ခွာရန် ပြင်ဆင်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမားဟာ ဇာတိမြေကလပ် ဘရစ်စတိုး စီးတီး ဒါမှမဟုတ်ရင် ဘွန်ဒစ်လီဂါကလပ် ဟော့ဖန်ဟိန်းကို ရွေးချယ်ဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ပိတ်ခံရခြင်းကို ထပ်မံ အယူခံဝင်မှု အကျိုးဆက်အရ နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူခွင့် ရမယ်ဆိုရင် ဘာစီလိုနာ ကစားသမား ကော်တင်ညိုကို ပရီးမီးယားလိဂ်ထဲ ပြန်လည်ခေါ်ဆောင်ဖို့ ဦးစားပေးအဖြစ် သက်မှတ်ထားခဲ့ပြီဖြစ်တယ်။ ဟာဇက်နေရာ အစားထိုးဖို့ လူရှာနေတဲ့ ချယ်ဆီးထံက ကော်တင်ညိုကို စိတ်ဝင်စားမှုကိုလည်း ဘာစီလိုနာက ရထားခဲ့ပြီလို့ သိရတယ်။

အက်စ်တွန်ဗီလာဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ရင် ချယ်ဆီး အငှါးကစားသမား တန်မီ အေဗရာဟမ်ကို ပေါင် ၂၅ သန်းနဲ့ စာချုပ် ချုပ်ဖို့ ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။