လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အဖြစ် Group D မှာ အေဂျက်၊ အတ္တလန္တာ၊ မစ်ဂျယ်လန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

နယ်သာလန်၊ အီတလီနဲ့ ဒိန်းမတ်တို့က အသင်းကောင်းတွေကို ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာဖြစ်သလို ထူးခြားမှုကတော့ လီဗာပူး အပါအဝင် အသင်းတိုင်းက တိုက်စစ်အသားပေး အသင်းတွေဖြစ်နေပါတယ်။

၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့တဲ့ လီဗာပူးက ဒီရာသီမှာ ဥရောပဖလားကို ထပ်မံကိုင်မြှောက်နိုင်ဖို့လဲ မျှော်လင့်နေဦးမှာဖြစ်ပါတယ်။ ကွင်းလယ်လူ ဝိုင်နယ်ဒန်ကတော့ အေဂျက်က သူ့ရဲ့ နယ်သာလန် အသင်းဖော်တွေနဲ့ ရင်ဆိုင်တွေ့ဖို့ မျှော်လင့်နေပြီး သုံးသင်းလုံးက ခြိမ်းခြောက်နိုင်တဲ့ အသင်းတွေလို့ ဝန်ခံပါတယ်။

“ အေဂျက်ကစားသမား အများကြီးနဲ့ ကျွန်တော်သိပါတယ်၊ နိုင်ငံအသင်းမှာ အဲ့က လူတွေနဲ့ တွဲကစားရတယ်လေ၊ ချန်ပီယံလိဂ်မှာ သူတို့နဲ့ ရင်ဆိုင်ရတာ ကောင်းမှာပါ၊ သူတို့ရဲ့ကစားပုံက လေးစားမှုနဲ့ ထိုက်တန်ပါတယ်။

အုပ်စုထဲက ပြိုင်ဘက် ၃သင်းလုံးပါပဲ၊ ကျွန်တော်တို့က ရာနှုန်းပြည့် အားထုတ်ကစားပြီးတော့ သူတို့အပေါ် လေးစားမှုကို ပြသသွားမှာဖြစ်ပြီး ပွဲတွေကို အနိုင်ရဖို့ ကြိုးစားသွားမှာပါ ” လို့ ဝိုင်နယ်ဒန်က ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

သီယာဂို ၁၄ ရက် သီးသန့်နေမှု ပြီးမြောက်ခဲ့ပြီဖြစ်ကာ ဆာဒီယိုမာနေးက ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရရာက ပြန်လည်သက်သာလာဖို့ စောင့်ရဦးမှာ ဖြစ်တယ်။ ဒါပေမယ့် အဲဗာတန်နဲ့ပွဲမှာ မာနေး မပါဝင်နိုင်ရင်တောင် အေဂျက်နဲ့ပွဲကိုတော့ ပါဝင်သွားနိုင်ဖို့ မျှော်လင့်နေမှာပဲဖြစ်တယ်။


ZAWGYI

လီဗာပူးဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အုပ္စုအဆင့္အျဖစ္ Group D မွာ ေအဂ်က္၊ အတၱလႏၲာ၊ မစ္ဂ်ယ္လန္ တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။

နယ္သာလန္၊ အီတလီနဲ႔ ဒိန္းမတ္တို႔က အသင္းေကာင္းေတြကို ျပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ရမွာျဖစ္သလို ထူးျခားမႈကေတာ့ လီဗာပူး အပါအဝင္ အသင္းတိုင္းက တိုက္စစ္အသားေပး အသင္းေတြျဖစ္ေနပါတယ္။

၂၀၁၉ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့တဲ့ လီဗာပူးက ဒီရာသီမွာ ဥေရာပဖလားကို ထပ္မံကိုင္ေျမႇာက္ႏိုင္ဖို႔လဲ ေမွ်ာ္လင့္ေနဦးမွာျဖစ္ပါတယ္။ ကြင္းလယ္လူ ဝိုင္နယ္ဒန္ကေတာ့ ေအဂ်က္က သူ႔ရဲ႕ နယ္သာလန္ အသင္းေဖာ္ေတြနဲ႔ ရင္ဆိုင္ေတြ႕ဖို႔ ေမွ်ာ္လင့္ေနၿပီး သုံးသင္းလုံးက ၿခိမ္းေျခာက္ႏိုင္တဲ့ အသင္းေတြလို႔ ဝန္ခံပါတယ္။

“ ေအဂ်က္ကစားသမား အမ်ားႀကီးနဲ႔ ကြၽန္ေတာ္သိပါတယ္၊ ႏိုင္ငံအသင္းမွာ အဲ့က လူေတြနဲ႔ တြဲကစားရတယ္ေလ၊ ခ်န္ပီယံလိဂ္မွာ သူတို႔နဲ႔ ရင္ဆိုင္ရတာ ေကာင္းမွာပါ၊ သူတို႔ရဲ႕ကစားပုံက ေလးစားမႈနဲ႔ ထိုက္တန္ပါတယ္။

အုပ္စုထဲက ျပိဳင္ဘက္ ၃သင္းလုံးပါပဲ၊ ကြၽန္ေတာ္တို႔က ရာႏႈန္းျပည့္ အားထုတ္ကစားၿပီးေတာ့ သူတို႔အေပၚ ေလးစားမႈကို ျပသသြားမွာျဖစ္ၿပီး ပြဲေတြကို အႏိုင္ရဖို႔ ႀကိဳးစားသြားမွာပါ ” လို႔ ဝိုင္နယ္ဒန္က ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

သီယာဂို ၁၄ ရက္ သီးသန္႔ေနမႈ ျပီးေျမာက္ခဲ့ျပီျဖစ္ကာ ဆာဒီယိုမာေနးက ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရရာက ျပန္လည္သက္သာလာဖို႔ ေစာင့္ရဦးမွာ ျဖစ္တယ္။ ဒါေပမယ့္ အဲဗာတန္နဲ႔ပြဲမွာ မာေနး မပါဝင္ႏုိင္ရင္ေတာင္ ေအဂ်က္နဲ႔ပြဲကိုေတာ့ ပါဝင္သြားႏုိင္ဖို႔ ေမွ်ာ္လင့္ေနမွာပဲျဖစ္တယ္။