ဒီနွေမှာ လီဗာပူးအသင်းဟာ ပရိသတ်တွေကြား မှတ်ချက်ပေးစရာရှိနေတဲ့ ကိစ္စ သုံးခုကို လုပ်ဆောင်ထားခဲ့တယ်။ အဲ့တာကတော့ ဂရုဂျစ်၊ ဝဲလ်ဆန်နဲ့ ရှာကွီရီတို့အတွက် ရတဲ့ဈေးနဲ့ ရောင်းထုတ်ခြင်းအစား တစ်ရာသီ ဆက်ထိန်းဖို့ ရွေးချယ်ခဲ့ပါတယ်။

နွေအပြောင်းအရွှေ့မှာ သီယာဂို၊ ဂျိုတာ၊ ကိုစတက်တို့ကို ခေါ်ယူခဲ့တဲ့ လီဗာပူးဟာ ဘရူးစတားနဲ့ ကီဂျာနာတို့ကို ရောင်းထုတ်ခြင်းကို ပြုလုပ်ခဲ့တယ်။ လီဗာပူးက ကစားသမား ရောင်းထုတ်မှုတွေကနေ ကစားသမားအင်အားဖြည့်မှုတွေ ပြန်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တစ်ဦးကို ပေါင် သန်း ၂၀ ဈေးခေါ်ထားတဲ့ ကစားသမား ၃ ဦးကို ရဈေးနဲ့ ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး မာဆေးဆိုဒ် သတင်းဌာနက ဖော်ပြရာမှာတော့ ဒီနွေမှာ လီဗာပူးအသင်းက သူတို့ သုံးဦးအတွက် ကမ်းလှမ်းမှုတွေ ရခဲ့ပြီး ပြောင်းရွှေ့ကြေးအားဖြင့် ပေါင် သန်း ၄၀ လောက် တန်ကြေးရှိမယ်လို့ ယုံကြည်ရတယ်။ သူတို့ သုံးဦးကို ၁၀ လလောက် နောက်ကျပြီးမှ ရောင်းထုတ်ရင်လည်း အနည်းဆုံး သန်း ၄၀ လောက်က ရနိုင်သေးတယ်လို့ အသင်းဘက်က မြင်တယ်။

လီဗာပူးအသင်းက ဂရုဂျစ်ရဲ့ အသက်အရွယ်နဲ့ ကစားနိုင်စွမ်းတွေအရ ဒီနွေမှာ ကပ်ဘေးကြောင့် မရောင်းထုတ်နိုင်ခဲ့ပေမယ့်လည်း ဇန်နဝါရီနဲ့ နွေမှာ ရောင်းထုတ်နိုင်မယ် ယုံကြည်ထားကာ ပိုကောင်းတဲ့ အခွင့်အရေးတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရ ပေါ်တိုအသင်းထံ အငှားပို့ခဲ့တယ်။ ဂရုဂျစ်က အသက် ၂၄ နှစ်အရွယ်ပဲ ရှိသေးပြီး ကလပ်နဲ့ ကာလရှည် စာချုပ်ရှိနေတာပါ။

ဝဲလ်ဆန်နဲ့ ရှာကွီရီတို့ရဲ့ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေဖြစ်တဲ့ ဝေလ်းနဲ့ ဆွစ်ဇလန်တို့ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အောင်မြင်ထားပါပြီ။ သူတို့ နှစ်ဦးလုံးက ယူရိုမှာ တောက်ပလာနိုင်သေးတာကြောင့် ဒီနွေမှာ ရဈေးနဲ့ မရောင်းဘဲ အခြေအနေ ပိုတည်ငြိမ်လာမှာကို စောင့်မယ့် စွန့်စားမှုကို လီဗာပူးက ရွေးချယ်ခဲ့တယ်။

ချန်ပီယံလိဂ် လူစာရင်းကနေ ဝဲလ်ဆန်ကို ထုတ်ထားကာ ချန်ပီယံရှစ်ကို အငှားချဖို့ လုပ်ဆောင်သွားမှာပါ။ နောက်ပြီး ဝဲလ်ဆန်က homegrown စာရင်းဝင်သူဖြစ်တာကလည်း အသင်းက သူ့ကို ကိုင်ထားတဲ့ အချက်ပါပဲ။

လက်ရှိ လီဗာပူးလူစာရင်းက ကစားသမား ၂၅ ဦးလုံး ပြည့်လုနီးပါး ဖြစ်နေပါပြီ။ နောက်ရာသီတွေမှာ ကစားသမား အင်အားဖြည့်လိုရင် စီနီယာအသင်းအတွက် နေရာလွတ်တွေ ထားရတော့မှာဖြစ်ကာ လာမယ့် ဈေးကွက်တွေမှာတော့ ဒီအလောင်းအစားက မှန်ကန်တဲ့ အချိန် စောင့်ဆိုင်းမှု ဖြစ်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီေႏြမွာ လီဗာပူးအသင္းဟာ ပရိသတ္ေတြၾကား မွတ္ခ်က္ေပးစရာရွိေနတဲ့ ကိစၥ သံုးခုကို လုပ္ေဆာင္ထားခဲ့တယ္။ အဲ့တာကေတာ့ ဂရုဂ်စ္၊ ဝဲလ္ဆန္နဲ႔ ရွာကီြရီတို႔အတြက္ ရတဲ့ေစ်းနဲ႔ ေရာင္းထုတ္ျခင္းအစား တစ္ရာသီ ဆက္ထိန္းဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ သီယာဂို၊ ဂ်ိဳတာ၊ ကိုစတက္တို႔ကို ေခၚယူခဲ့တဲ့ လီဗာပူးဟာ ဘရူးစတားနဲ႔ ကီဂ်ာနာတို႔ကို ေရာင္းထုတ္ျခင္းကို ျပဳလုပ္ခဲ့တယ္။ လီဗာပူးက ကစားသမား ေရာင္းထုတ္မႈေတြကေန ကစားသမားအင္အားျဖည့္မႈေတြ ျပန္လုပ္ဖို႔ စီစဥ္ခဲ့ေပမယ့္ တစ္ဦးကို ေပါင္ သန္း ၂၀ ေစ်းေခၚထားတဲ့ ကစားသမား ၃ ဦးကို ရေစ်းနဲ႔ ေရာင္းထုတ္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပက္သက္ျပီး မာေဆးဆိုဒ္ သတင္းဌာနက ေဖာ္ျပရာမွာေတာ့ ဒီေႏြမွာ လီဗာပူးအသင္းက သူတို႔ သံုးဦးအတြက္ ကမ္းလွမ္းမႈေတြ ရခဲ့ျပီး ေျပာင္းေရႊ႔ေၾကးအားျဖင့္ ေပါင္ သန္း ၄၀ ေလာက္ တန္ေၾကးရွိမယ္လို႔ ယံုၾကည္ရတယ္။ သူတို႔ သံုးဦးကို ၁၀ လေလာက္ ေနာက္က်ျပီးမွ ေရာင္းထုတ္ရင္လည္း အနည္းဆံုး သန္း ၄၀ ေလာက္က ရႏိုင္ေသးတယ္လို႔ အသင္းဘက္က ျမင္တယ္။

လီဗာပူးအသင္းက ဂရုဂ်စ္ရဲ႕ အသက္အရြယ္နဲ႔ ကစားႏုိင္စြမ္းေတြအရ ဒီေႏြမွာ ကပ္ေဘးေၾကာင့္ မေရာင္းထုတ္ႏုိင္ခဲ့ေပမယ့္လည္း ဇန္နဝါရီနဲ႔ ေႏြမွာ ေရာင္းထုတ္ႏုိင္မယ္ ယံုၾကည္ထားကာ ပိုေကာင္းတဲ့ အခြင့္အေရးေတြအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ ေပၚတိုအသင္းထံ အငွားပို႔ခဲ့တယ္။ ဂရုဂ်စ္က အသက္ ၂၄ ႏွစ္အရြယ္ပဲ ရွိေသးျပီး ကလပ္နဲ႔ ကာလရွည္ စာခ်ဳပ္ရွိေနတာပါ။

ဝဲလ္ဆန္နဲ႔ ရွာကီြရီတို႔ရဲ႕ သက္ဆိုင္ရာ လက္ေရြးစင္အသင္းေတြျဖစ္တဲ့ ေဝလ္းနဲ႔ ဆြစ္ဇလန္တို႔ဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲ ေအာင္ျမင္ထားပါျပီ။ သူတို႔ ႏွစ္ဦးလံုးက ယူရိုမွာ ေတာက္ပလာႏုိင္ေသးတာေၾကာင့္ ဒီေႏြမွာ ရေစ်းနဲ႔ မေရာင္းဘဲ အေျခအေန ပိုတည္ျငိမ္လာမွာကို ေစာင့္မယ့္ စြန္႔စားမႈကို လီဗာပူးက ေရြးခ်ယ္ခဲ့တယ္။

ခ်န္ပီယံလိဂ္ လူစာရင္းကေန ဝဲလ္ဆန္ကို ထုတ္ထားကာ ခ်န္ပီယံရွစ္ကို အငွားခ်ဖို႔ လုပ္ေဆာင္သြားမွာပါ။ ေနာက္ျပီး ဝဲလ္ဆန္က homegrown စာရင္းဝင္သူျဖစ္တာကလည္း အသင္းက သူ႔ကို ကိုင္ထားတ့ဲ အခ်က္ပါပဲ။

လက္ရွိ လီဗာပူးလူစာရင္းက ကစားသမား ၂၅ ဦးလံုး ျပည့္လုနီးပါး ျဖစ္ေနပါျပီ။ ေနာက္ရာသီေတြမွာ ကစားသမား အင္အားျဖည့္လိုရင္ စီနီယာအသင္းအတြက္ ေနရာလြတ္ေတြ ထားရေတာ့မွာျဖစ္ကာ လာမယ့္ ေစ်းကြက္ေတြမွာေတာ့ ဒီအေလာင္းအစားက မွန္ကန္တဲ့ အခ်ိန္ ေစာင့္ဆိုင္းမႈ ျဖစ္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။