လီဗာပူးအသင်းက စတုတ်အသင်းမှ ဂိုးသမား ဂျက် ဘတ်လန်းကို ခေါ်ယူဖို့ လုံးဝ ညိနှိုင်းမှာ မဟုတ်ကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက အတည်ပြုပါတယ်။ လက်တလောမှာတော့ အင်္ဂလန်သတင်းဌာန အချို့က ဂိုးသမား ပြဿနာရှိနေတဲ့ လီဗာပူးက ဘတ်လန်းကို ခေါ်မယ်လို့ ခန့်မှန်း ဖော်ပြမှုတွေ ရှိနေတာဖြစ်တယ်။

လီဗာပူးက ဂိုးသမား အယ်လီဆန်ကို ၆ ပတ်လောက်ထိ လက်လွတ်ရမှာဖြစ်တယ်။ ပြီးခဲ့တဲ့ ပွဲမှာ အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့ရာမှာ ပွဲထွက်သွားတဲ့ အတ်ဒရီယန်ရဲ့ လက်စွမ်းက စိတ်ပျက်ဖွယ် ဖြစ်ခဲ့တယ်။ ဒါပမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပိတ်မယ့် ပြည်တွင်း ဈေးကွက်အတွင်း ဘတ်လန်းကို ခေါ်ယူသွားဖို့တော့ အသင်းဘက်က ဆန္ဒမရှိပါဘူး။

မနှစ်ကရာသီ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပွဲတွေမှာ ထွက်ခွာရမှုအတွက် အမှားကြီးတွေ လုပ်ခဲ့တဲ့ အတ်ဒရီယန်ဟာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ရနေသူပါ။ မနှစ်တုန်းက အယ်လီဆန် ဒဏ်ရာရခဲ့တာကြောင့် အတ်ဒရီယန်ကို ပထမဂိုးသမား တာဝန်ပေးခဲ့ပြီး အရန်နေရာအတွက် လိုနာဂတ်ကို အရေးပေါ် ခေါ်ယူခဲ့ပါသေးတယ်။

ဒါပေမယ့်လို့ ဒီနွေမှာ ပြည်တွင်းဈေးကွက် မပိတ်ခင် ဘတ်လန်းကို ခေါ်ယူဖို့ကို အသင်းဘက်က လုံးဝ စိတ်မဝင်စားဘဲ အတ်ဒရီယန်ကိုပဲ ပွဲထွက်စေမှာဖြစ်တယ်။ အရန်ဂိုးသမားအဖြစ်တော့ လူငယ်လေး ဂလယ်ဟာကို တာဝန်ပေးမှာဖြစ်ပါတယ်။ ဘရာဇီးဂိုးသမား အယ်လီဆန်ဟာ လီဗာပူးရဲ့ ပွဲ ၇ ပွဲထိကို လွဲမှာဖြစ်ပြီး နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ ပြန်သက်သာလာမယ်လို့ ခန့်မှန်းထားရတယ်။

အသက် ၂၇ နှစ်အရွယ် ဂိုးသမား ဘတ်လန်းဟာ အင်္ဂလန်ရဲ့ အသက်အငယ်ဆုံး ဂိုးသမားအဖြစ် နေရာရခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ လက်ရွေးစင်တာဝန် ထမ်းဆောင်စဉ် ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တယ်။ အဲ့နောက်ပိုင်း ခွဲစိတ်မှု ခံယူခဲ့ရသလို သူ့ရဲ့ လက်စွမ်းက ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ချန်ပီယံရှစ်လို အဆင့်မှာတောင် ထူးချွန်တဲ့ လက်စွမ်းကို မပြသထားနိုင်ပါဘူး။

ဘတ်လန်းဟာ ဒီရာသီမှာလည်း စတုတ်အသင်းမှာ နေရာမရဘဲ အရန်အဖြစ်ပဲ ဆက်ရှိနေရတယ်။ စတုတ်ပရိသတ်တွေ ကိုယ်တိုင်က ဘတ်လန်းကို အိပ်မက်ဆိုးလို့ ကင်ပွန်းတပ်ရတဲ့အထိ သူ့ရဲ့ ပုံစံကောင်းတွေက ပျောက်ဆုံးနေတယ်လို့ Echo က ဖော်ပြသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းက စတုတ္အသင္းမွ ဂိုးသမား ဂ်က္ ဘတ္လန္းကို ေခၚယူဖို႔ လံုးဝ ညိႏိႈင္းမွာ မဟုတ္ေၾကာင္း မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းဌာနက အတည္ျပဳပါတယ္။ လက္တေလာမွာေတာ့ အဂၤလန္သတင္းဌာန အခ်ိဳ႔က ဂိုးသမား ျပႆနာရွိေနတဲ့ လီဗာပူးက ဘတ္လန္းကို ေခၚမယ္လို႔ ခန္႔မွန္း ေဖာ္ျပမႈေတြ ရွိေနတာျဖစ္တယ္။

လီဗာပူးက ဂိုးသမား အယ္လီဆန္ကို ၆ ပတ္ေလာက္ထိ လက္လြတ္ရမွာျဖစ္တယ္။ ျပီးခဲ့တဲ့ ပြဲမွာ အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ခဲ့ရာမွာ ပြဲထြက္သြားတဲ့ အတ္ဒရီယန္ရဲ႕ လက္စြမ္းက စိတ္ပ်က္ဖြယ္ ျဖစ္ခဲ့တယ္။ ဒါပမယ့္ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ပိတ္မယ့္ ျပည္တြင္း ေစ်းကြက္အတြင္း ဘတ္လန္းကို ေခၚယူသြားဖို႔ေတာ့ အသင္းဘက္က ဆႏၵမရွိပါဘူး။

မႏွစ္ကရာသီ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားပြဲေတြမွာ ထြက္ခြာရမႈအတြက္ အမွားၾကီးေတြ လုပ္ခဲ့တဲ့ အတ္ဒရီယန္ဟာ ေဝဖန္မႈေတြ ျပင္းျပင္းထန္ထန္ ရေနသူပါ။ မႏွစ္တုန္းက အယ္လီဆန္ ဒဏ္ရာရခဲ့တာေၾကာင့္ အတ္ဒရီယန္ကို ပထမဂိုးသမား တာဝန္ေပးခဲ့ျပီး အရန္ေနရာအတြက္ လိုနာဂတ္ကို အေရးေပၚ ေခၚယူခဲ့ပါေသးတယ္။

ဒါေပမယ့္လို႔ ဒီေႏြမွာ ျပည္တြင္းေစ်းကြက္ မပိတ္ခင္ ဘတ္လန္းကို ေခၚယူဖို႔ကို အသင္းဘက္က လံုးဝ စိတ္မဝင္စားဘဲ အတ္ဒရီယန္ကိုပဲ ပြဲထြက္ေစမွာျဖစ္တယ္။ အရန္ဂိုးသမားအျဖစ္ေတာ့ လူငယ္ေလး ဂလယ္ဟာကို တာဝန္ေပးမွာျဖစ္ပါတယ္။ ဘရာဇီးဂိုးသမား အယ္လီဆန္ဟာ လီဗာပူးရဲ႕ ပြဲ ၇ ပြဲထိကို လြဲမွာျဖစ္ျပီး ႏိုဝင္ဘာလ ႏုိင္ငံတကာ သီတင္းပတ္မွာ ျပန္သက္သာလာမယ္လို႔ ခန္႔မွန္းထားရတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဂိုးသမား ဘတ္လန္းဟာ အဂၤလန္ရဲ႕ အသက္အငယ္ဆံုး ဂိုးသမားအျဖစ္ ေနရာရခဲ့ေပမယ့္ ၂၀၁၆ ခုႏွစ္မွာ လက္ေရြးစင္တာဝန္ ထမ္းေဆာင္စဥ္ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိခဲ့တယ္။ အဲ့ေနာက္ပိုင္း ခြဲစိတ္မႈ ခံယူခဲ့ရသလို သူ႔ရဲ႕ လက္စြမ္းက ဆိုးဆိုးရြားရြား က်ဆင္းခဲ့ျပီး ခ်န္ပီယံရွစ္လို အဆင့္မွာေတာင္ ထူးခၽြန္တဲ့ လက္စြမ္းကို မျပသထားႏုိင္ပါဘူး။

ဘတ္လန္းဟာ ဒီရာသီမွာလည္း စတုတ္အသင္းမွာ ေနရာမရဘဲ အရန္အျဖစ္ပဲ ဆက္ရွိေနရတယ္။ စတုတ္ပရိသတ္ေတြ ကိုယ္တိုင္က ဘတ္လန္းကို အိပ္မက္ဆိုးလို႔ ကင္ပြန္းတပ္ရတဲ့အထိ သူ႔ရဲ႕ ပံုစံေကာင္းေတြက ေပ်ာက္ဆံုးေနတယ္လို႔ Echo က ေဖာ္ျပသြားပါတယ္။