လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ကြီး ၆ ကြီး ကလပ်တွေ နောက်ခံထားမှုနဲ့အတူ “Project Big Picture” လို့ ခေါ်တဲ့ မဟာစီမံကိန်းတစ်ခုကို စတင် ကြိုးစားနေပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

ဒီအစီအစဉ်က အနာဂတ် အင်္ဂလန်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းလဲမယ့် အစီအစဉ်ဖြစ်တယ်။ ဒီအစီအစဉ်မှာတော့ ပရီးမီးယားလိဂ်ကို ၁၈ သင်းဖြစ်အောင် လျော့ချရေးနဲ့ လိဂ်ရဲ့ ပါဝါကို အသင်းကြီးတွေက ပိုမို ကိုင်ထားနိုင်ရေးတို့ ပါဝင်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို စတင်ဖွဲ့စည်းစဉ် ရေးဆွဲထားခဲ့တဲ့ စည်းမျဉ်းအချို့ဟာ ကိုဗစ် ကပ်ဘေးမှာတော့ ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်လာရတယ်။ အထူးသဖြင့် အင်္ဂလန်ဘောလုံးလောကို ကယ်တင်နိုင်တဲ့ ဓနအင်အားကြီး ကလပ်တွေဖြစ်တဲ့ ကြီး ၆ ကြီးဟာ အစစ အရာရာမှာ ဦးဆောင် လုပ်ပိုင်ခွင့်မရဘဲ တန်းဆင်းဇုန်က အသင်းတွေရဲ့ သဘောကို လိုက်နေခဲ့ရတယ်။

အင်္ဂလန်ဘောလုံးလောကဟာ ဦးဆောင်သူမရှိ ပြိုကွဲနေတယ်ဆိုတဲ့ ဝေဖန်မှုနဲ့အတူ အခြားသော လိဂ်တွေလို တူညီတဲ့ ဦးတည်ချက်ကို ရှာမရခဲ့ပါဘူး။ ဒီအခြေအနေကို ပြောင်းလဲဖို့ ကြီး ၆ ကြီးက အကြံကြီး ကြံလာခဲ့ကာ လီဗာပူး အဓိက ဦးဆောင်ပြီး ယူနိုက်တက်က ကျောထောက်နောက်ခံ ပြုပေးမယ့် မဟာအစီအစဉ် စတင်လာတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ စည်းမျဉ်းတိုင်းကို ကလပ် ၁၄ သင်းက သဘောတူညီမှုမှ ပြောင်းလဲခွင့်ရပြီး အစီအစဉ်သစ် အောင်မြင်ခဲ့ရင် အဆိုပါ ကိစ္စကို ပြောင်းလဲနိုင်မှာဖြစ်တယ်။ နောက်ပြီး မဟာအစီအစဉ်မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွေကို ထိခိုက်မှုကြီးမားစေတဲ့ ကွန်မြူနတီဒိုင်းနဲ့ လိဂ်ဖလားတို့ကို ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။

လိဂ်ဖလားကို အလုံးစုံ ဖယ်ထုတ်ခြင်း မဟုတ်ဘဲ ဥရောပဝင်ခွင့်မရှိတဲ့ ကလပ်တွေကတော့ ဆက်လက် ပြိုင်ဆိုင်ခွင့်ပုံစံ ပါရှိဦးမှာပါ။ ဒါ့အပြင် ချန်ပီယံရှစ် ထိပ်ဆုံး နှစ်သင်းကို တိုက်ရိုက် တန်းတက်စေပြီး ပရီးမီးယားလိဂ်က အဆင့် ၁၆ အသင်းနဲ့ ချန်ပီယံရှစ်က အဆင့် ၃၊ ၄၊ ၅၊ ၆ တို့ကို play-off ကစားစေတဲ့ စနစ်တွေ ပါဝင်မှာဖြစ်တယ်။

အင်္ဂလန် ပရော်ဖက်ရှယ်နယ် ကလပ်တွေအဖြစ် ပရီးမီးယားလိဂ်က ၁၈ သင်း၊ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးတို့က ၂၄ သင်းစီနဲ့ ပရော်ဖက်ရှယ်နယ် အသင်းပေါင်း ၉၀ ပဲ ထားမှာဖြစ်ကာ ၂ သင်းကို လျော့ချလိုက်မှာပါ။ ဒီအစီအစဉ်မှာတော့ အောက်တန်းလိဂ်တွေကို ပေါင် သန်း ၂၅၀ ထိ ထောက်ပံ့ပေးနိုင်ရေး၊ အက်ဖ်အေကို ပေါင် သန်း ၁၀၀ ထောက်ပံ့ပေးရေးတွေလည်း ပါဝင်ပါမယ်။

ထပ်ပြီးလည်း လက်မှတ် ရောင်းချရေး၊ အငှားကစားသမား စေလွှတ်ရေး ကိစ္စတွနဲ့ ရာသီကြို ချစ်ကြည်ရေးပွဲတွေအတွက် ပြင်ဆင်မှု ယှဉ်ပြိုင်မှုတွေအတွက် ပိုကောင်းမွန်တဲ့ အနေအထားတွေ ရှိလာဖို့လည်း ရည်ရွယ်ထားကြတယ်။ ပရီးမီးယားလိဂ်ရဲ့ လုပ်ပိုင်းခွင့်ကို တန်းဆင်းအသင်းတွေက လိုက်ပါ ချုပ်ကိုင်မှုကို လျော့ချရေးကို အဓိက အားပြုပါမယ်။

အစီအစဉ်ကိုတော့ EFL ဥက္ကဌ Rick Parry ရဲ့ အားပေးထောက်ခံမှုနဲ့အတူ လီဗာပူးအသင်းပိုင်ရှင်တွေဘက်က စကားပြောနေတယ်။ Rick Parry က ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာနဲ့လည်း စကားပြောထားပါသေးတယ်။

အဲဗာတန်၊ ဆောက်သမ်တန်၊ ဝက်ဟမ်းနဲ့ ကြီး ၆ ကြီး အပါ ကလပ် ၉ သင်းက ဒီကိစ္စကို အောင်မြင်ဖို့ စုပေါင်းကြမှာဖြစ်တယ်။ ပရော်ဂျက်ကြီး လုပ်နေစဉ်မှာ ကလပ်တွေမှာ ပိုင်ရှင်သစ်တွေ ပြောင်းခဲ့ရင်တောင် ဒီကိစ္စကို အောင်မြင်ရေး ဆက်လက် လုပ်ဆောင်ခွင့်ပေးဖို့ ကြိုတင် စီစဉ်ကြမှာ ဖြစ်ပါတယ်။

ZAwGYI

လီဗာပူးအသင္းနဲ႔ ယူႏိုက္တက္တို႔ဟာ ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီး ကလပ္ေတြ ေနာက္ခံထားမႈနဲ႔အတူ “Project Big Picture” လို႔ ေခၚတဲ့ မဟာစီမံကိန္းတစ္ခုကို စတင္ ၾကိဳးစားေနျပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ဒီအစီအစဥ္က အနာဂတ္ အဂၤလန္ေဘာလံုးေလာကနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းလဲမယ့္ အစီအစဥ္ျဖစ္တယ္။ ဒီအစီအစဥ္မွာေတာ့ ပရီးမီးယားလိဂ္ကို ၁၈ သင္းျဖစ္ေအာင္ ေလ်ာ့ခ်ေရးနဲ႔ လိဂ္ရဲ႕ ပါဝါကို အသင္းၾကီးေတြက ပိုမို ကိုင္ထားႏုိင္ေရးတို႔ ပါဝင္ပါတယ္။

၁၉၉၂ ခုႏွစ္မွာ ပရီးမီးယားလိဂ္ကို စတင္ဖြဲ႔စည္းစဥ္ ေရးဆြဲထားခဲ့တဲ့ စည္းမ်ဥ္းအခ်ိဳ႔ဟာ ကိုဗစ္ ကပ္ေဘးမွာေတာ့ ခက္ခဲတဲ့ အေျခအေနေတြကို ရင္ဆိုင္လာရတယ္။ အထူးသျဖင့္ အဂၤလန္ေဘာလံုးေလာကို ကယ္တင္ႏုိင္တဲ့ ဓနအင္အားၾကီး ကလပ္ေတြျဖစ္တဲ့ ၾကီး ၆ ၾကီးဟာ အစစ အရာရာမွာ ဦးေဆာင္ လုပ္ပိုင္ခြင့္မရဘဲ တန္းဆင္းဇုန္က အသင္းေတြရဲ႕ သေဘာကို လုိက္ေနခဲ့ရတယ္။

အဂၤလန္ေဘာလံုးေလာကဟာ ဦးေဆာင္သူမရွိ ျပိဳကြဲေနတယ္ဆိုတဲ့ ေဝဖန္မႈနဲ႔အတူ အျခားေသာ လိဂ္ေတြလို တူညီတဲ့ ဦးတည္ခ်က္ကို ရွာမရခဲ့ပါဘူး။ ဒီအေျခအေနကို ေျပာင္းလဲဖို႔ ၾကီး ၆ ၾကီးက အၾကံၾကီး ၾကံလာခဲ့ကာ လီဗာပူး အဓိက ဦးေဆာင္ျပီး ယူနုိက္တက္က ေက်ာေထာက္ေနာက္ခံ ျပဳေပးမယ့္ မဟာအစီအစဥ္ စတင္လာတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ စည္းမ်ဥ္းတိုင္းကို ကလပ္ ၁၄ သင္းက သေဘာတူညီမႈမွ ေျပာင္းလဲခြင့္ရျပီး အစီအစဥ္သစ္ ေအာင္ျမင္ခဲ့ရင္ အဆိုပါ ကိစၥကို ေျပာင္းလဲႏုိင္မွာျဖစ္တယ္။ ေနာက္ျပီး မဟာအစီအစဥ္မွာေတာ့ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲဝင္ အဂၤလန္အသင္းေတြကို ထိခိုက္မႈၾကီးမားေစတဲ့ ကြန္ျမဴနတီဒိုင္းနဲ႔ လိဂ္ဖလားတို႔ကို ဖယ္ထုတ္လိုက္မွာ ျဖစ္ပါတယ္။

လိဂ္ဖလားကို အလံုးစံု ဖယ္ထုတ္ျခင္း မဟုတ္ဘဲ ဥေရာပဝင္ခြင့္မရွိတဲ့ ကလပ္ေတြကေတာ့ ဆက္လက္ ျပိဳင္ဆိုင္ခြင့္ပံုစံ ပါရွိဦးမွာပါ။ ဒါ့အျပင္ ခ်န္ပီယံရွစ္ ထိပ္ဆံုး ႏွစ္သင္းကို တိုက္ရိုက္ တန္းတက္ေစျပီး ပရီးမီးယားလိဂ္က အဆင့္ ၁၆ အသင္းနဲ႔ ခ်န္ပီယံရွစ္က အဆင့္ ၃၊ ၄၊ ၅၊ ၆ တို႔ကို play-off ကစားေစတဲ့ စနစ္ေတြ ပါဝင္မွာျဖစ္တယ္။

အဂၤလန္ ပေရာ္ဖက္ရွယ္နယ္ ကလပ္ေတြအျဖစ္ ပရီးမီးယားလိဂ္က ၁၈ သင္း၊ ခ်န္ပီယံရွစ္၊ လိဂ္ဝမ္း၊ လိဂ္တူးတို႔က ၂၄ သင္းစီနဲ႔ ပေရာ္ဖက္ရွယ္နယ္ အသင္းေပါင္း ၉၀ ပဲ ထားမွာျဖစ္ကာ ၂ သင္းကို ေလ်ာ့ခ်လိုက္မွာပါ။ ဒီအစီအစဥ္မွာေတာ့ ေအာက္တန္းလိဂ္ေတြကို ေပါင္ သန္း ၂၅၀ ထိ ေထာက္ပံ့ေပးႏုိင္ေရး၊ အက္ဖ္ေအကို ေပါင္ သန္း ၁၀၀ ေထာက္ပံ့ေပးေရးေတြလည္း ပါဝင္ပါမယ္။

ထပ္ျပီးလည္း လက္မွတ္ ေရာင္းခ်ေရး၊ အငွားကစားသမား ေစလႊတ္ေရး ကိစၥတြနဲ႔ ရာသီၾကိဳ ခ်စ္ၾကည္ေရးပြဲေတြအတြက္ ျပင္ဆင္မႈ ယွဥ္ျပိဳင္မႈေတြအတြက္ ပိုေကာင္းမြန္တဲ့ အေနအထားေတြ ရွိလာဖို႔လည္း ရည္ရြယ္ထားၾကတယ္။ ပရီးမီးယားလိဂ္ရဲ႕ လုပ္ပိုင္းခြင့္ကို တန္းဆင္းအသင္းေတြက လိုက္ပါ ခ်ဳပ္ကိုင္မႈကို ေလ်ာ့ခ်ေရးကို အဓိက အားျပဳပါမယ္။

အစီအစဥ္ကိုေတာ့ EFL ဥကၠဌ Rick Parry ရဲ႕ အားေပးေထာက္ခံမႈနဲ႔အတူ လီဗာပူးအသင္းပိုင္ရွင္ေတြဘက္က စကားေျပာေနတယ္။ Rick Parry က ယူႏုိက္တက္အသင္းပိုင္ရွင္ ဂေလဇာနဲ႔လည္း စကားေျပာထားပါေသးတယ္။

အဲဗာတန္၊ ေဆာက္သမ္တန္၊ ဝက္ဟမ္းနဲ႔ ၾကီး ၆ ၾကီး အပါ ကလပ္ ၉ သင္းက ဒီကိစၥကို ေအာင္ျမင္ဖို႔ စုေပါင္းၾကမွာျဖစ္တယ္။ ပေရာ္ဂ်က္ၾကီး လုပ္ေနစဥ္မွာ ကလပ္ေတြမွာ ပိုင္ရွင္သစ္ေတြ ေျပာင္းခဲ့ရင္ေတာင္ ဒီကိစၥကို ေအာင္ျမင္ေရး ဆက္လက္ လုပ္ေဆာင္ခြင့္ေပးဖို႔ ၾကိဳတင္ စီစဥ္ၾကမွာ ျဖစ္ပါတယ္။