လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ အမြင့်ဆုံးအဆင့်မှာ တတ်နိုင်သလောက် အချိန်အကြာကြီး ဆက်ကစားဖို့ မျှော်လင့်နေသလို ကြံ့ခိုင်မှုပိုင်းမှာ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဟန်ဒိုဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာကြောင့် ကွင်းဘေးထွက်နေခဲ့ရတဲ့နောက် ကြံ့ခိုင်ရေး ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားရင်းအခု နိုင်ငံအသင်းနဲ့အတူ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာတော့ ယာဂန်ကလော့ပ်က “ဟန်ဒါဆန် အနေနဲ့ အင်္ဂလန်အတွက် ကစားပေးရလိမ့်မယ်၊ ဒါက နှစ်ဖက်လုံးအတွက် ကောင်းတဲ့ကိစ္စပါပဲ၊ ဒီအတွက် ကျွန်တော်ကျေနပ်ပါတယ်”လို့ ပြောဆိုခဲ့သေးတာပါ။

ရေရှည်မှာ သူ့ရဲ့ ကြံ့ခိုင်ရေး အခြေအနေနဲ့ ပတ်သက်လို့ ဟန်ဒါဆန်က သူ့ရဲ့ယုံကြည်မှုကို ပြောပြခဲ့ပြီး သူ့အနေနဲ့ လာမယ့်နှစ်တွေမှာလဲ ကလပ်နဲ့ နိုင်ငံအတွက် သူ့နေရာကို ဆက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေကြောင်း ဆိုပါတယ်။

“ ကျွန်တော် အသက် ၃၀ ပဲ ရှိပါသေးတယ်၊ ကြံ့ခိုင်မှုပိုင်းကတော့ အကောင်းဆုံး အနေအထားမှာရှိနေပြီး ၂၅နှစ်လောက်လို့ပဲ ခံစားရဆဲပါ၊ ကျွန်တော် တတ်နိုင်သလောက် အချိန်အကြာကြီးကစားရအောင် ကြိုးစားချင်ပါတယ်၊ ကျွန်တော်ပွဲတွေကို သဘောကျဆဲဖြစ်ပြီး အင်္ဂလန်နဲ့ လီဗာပူးအတွက် တတ်နိုင်သလောက် ကစားပေးချင်ပါတယ်။

ကျွန်တော်က အမြဲတမ်း မှန်ကန်တဲ့နည်းလမ်းနဲ့ နေထိုင်ခဲ့တာပါ၊ အချိန်မှန်စား၊ အချိန်မှန်အိပ်တယ်၊ အကောင်းဆုံး နည်းလမ်းနဲ့ ကျွန်တော့်ဘဝကို ရှေ့ဆက်တယ်၊ ဒါကြောင့် နောက် ၆နှစ်၊ ၇နှစ်နေရင်တောင် အမြင့်ဆုံးအဆင့်မှာ ဆက်လက် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်၊ အခုချိန်မှာ ကျွန်တော့်ခံစားချက် အရမ်းကောင်းနေပြီး လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ကျွန်တော်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက အကောင်းအဆိုး မျှတတယ် ထင်ပါတယ်။

ကျွန်တော် မနှစ်က ရာသီကုန်မှာ ဒူးဒဏ်ရာရပြီးတော့ အနည်းငယ် အတားအဆီးနဲ့ ကြုံခဲ့ရတာ ကံမကောင်းခဲ့ဘူးဆိုပေမယ့် ပြန်လည်ကောင်းမွန်လာခဲ့တဲ့နောက် အခု တကယ်ကို အဆင်ပြေနေပါပြီ” လို့ ဟန်ဒါဆန်က ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ အျမင့္ဆုံးအဆင့္မွာ တတ္ႏိုင္သေလာက္ အခ်ိန္အၾကာႀကီး ဆက္ကစားဖို႔ ေမွ်ာ္လင့္ေနသလို ႀကံ့ခိုင္မႈပိုင္းမွာ အေကာင္းဆုံးအေနအထားမွာ ရွိေနတယ္လို႔ ယုံၾကည္ေနပါတယ္။

ဟန္ဒိုဟာ ၿပီးခဲ့တဲ့လက ႂကြက္သားဒဏ္ရာေၾကာင့္ ကြင္းေဘးထြက္ေနခဲ့ရတဲ့ေနာက္ ႀကံ့ခိုင္ေရး ျပန္လည္ေကာင္းမြန္လာဖို႔ ႀကိဳးစားရင္းအခု ႏိုင္ငံအသင္းနဲ႔အတူ တာဝန္ထမ္းေဆာင္ေနတာျဖစ္ပါတယ္။

ႏိုင္ငံတကာ သီတင္းပတ္ မတိုင္ခင္မွာေတာ့ ယာဂန္ကေလာ့ပ္က “ဟန္ဒါဆန္ အေနနဲ႔ အဂၤလန္အတြက္ ကစားေပးရလိမ့္မယ္၊ ဒါက ႏွစ္ဖက္လုံးအတြက္ ေကာင္းတဲ့ကိစၥပါပဲ၊ ဒီအတြက္ ကြၽန္ေတာ္ေက်နပ္ပါတယ္”လို႔ ေျပာဆိုခဲ့ေသးတာပါ။

ေရရွည္မွာ သူ႔ရဲ႕ ႀကံ့ခိုင္ေရး အေျခအေနနဲ႔ ပတ္သက္လို႔ ဟန္ဒါဆန္က သူ႔ရဲ႕ယုံၾကည္မႈကို ေျပာျပခဲ့ၿပီး သူ႔အေနနဲ႔ လာမယ့္ႏွစ္ေတြမွာလဲ ကလပ္နဲ႔ ႏိုင္ငံအတြက္ သူ႔ေနရာကို ဆက္ထိန္းသိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ဆိုပါတယ္။

“ ကြၽန္ေတာ္ အသက္ ၃၀ ပဲ ရွိပါေသးတယ္၊ ႀကံ့ခိုင္မႈပိုင္းကေတာ့ အေကာင္းဆုံး အေနအထားမွာရွိေနၿပီး ၂၅ႏွစ္ေလာက္လို႔ပဲ ခံစားရဆဲပါ၊ ကြၽန္ေတာ္ တတ္ႏိုင္သေလာက္ အခ်ိန္အၾကာႀကီးကစားရေအာင္ ႀကိဳးစားခ်င္ပါတယ္၊ ကြၽန္ေတာ္ပြဲေတြကို သေဘာက်ဆဲျဖစ္ၿပီး အဂၤလန္နဲ႔ လီဗာပူးအတြက္ တတ္ႏိုင္သေလာက္ ကစားေပးခ်င္ပါတယ္။

ကြၽန္ေတာ္က အၿမဲတမ္း မွန္ကန္တဲ့နည္းလမ္းနဲ႔ ေနထိုင္ခဲ့တာပါ၊ အခ်ိန္မွန္စား၊ အခ်ိန္မွန္အိပ္တယ္၊ အေကာင္းဆုံး နည္းလမ္းနဲ႔ ကြၽန္ေတာ့္ဘဝကို ေရွ႕ဆက္တယ္၊ ဒါေၾကာင့္ ေနာက္ ၆ႏွစ္၊ ၇ႏွစ္ေနရင္ေတာင္ အျမင့္ဆုံးအဆင့္မွာ ဆက္လက္ စြမ္းေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ အခုခ်ိန္မွာ ကြၽန္ေတာ့္ခံစားခ်က္ အရမ္းေကာင္းေနၿပီး လြန္ခဲ့တဲ့ ၁၀ႏွစ္အတြင္း ကြၽန္ေတာ္ႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံေတြက အေကာင္းအဆိုး မွ်တတယ္ ထင္ပါတယ္။

ကြၽန္ေတာ္ မႏွစ္က ရာသီကုန္မွာ ဒူးဒဏ္ရာရၿပီးေတာ့ အနည္းငယ္ အတားအဆီးနဲ႔ ႀကဳံခဲ့ရတာ ကံမေကာင္းခဲ့ဘူးဆိုေပမယ့္ ျပန္လည္ေကာင္းမြန္လာခဲ့တဲ့ေနာက္ အခု တကယ္ကို အဆင္ေျပေနပါၿပီ” လို႔ ဟန္ဒါဆန္က ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။