Goal က ရွေးချယ်တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီ အကောင်းဆုံး ခေါ်ယူမှုထဲ အာဆင်နယ်မှ တော်ရဲရား ပါဝင်နေပါတယ်။ ၄င်းကို ပြီးခဲ့တဲ့နွေကမှ ဆမ်ဒိုးရီးယားအသင်းကနေ ယူရို ၃၁.၁ သန်း နဲ့ ခေါ်ယူခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တော်ရဲရားဟာ အာဆင်နယ်အသင်းရဲ့ နှစ်ပေါင်းများစွာ လိုအပ်ချက်ဖြစ်ခဲ့တဲ့ ကွင်းလယ်အဖျက်နေရာမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်စွဲရင် ကားနဲ့လှည့်လည် အောင်ပွဲခံဖို့ အတွက် မတ်လဆန်းပိုင်းတည်းက ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်က အပြောင်းအရွှေ့ကာလမှာ အသင်းက ထွက်ခွာသွားနိုင်သလား မေးခွန်းကို – ပြောင်းဖို့ မရှိနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်အသင်း ခံစစ်မှူး လစ်ခ်ျစတိုင်နာက အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အကောင်းဆုံး ကူညီပေးပြီးရင် ရာသီကုန်မှာ အသင်းမှ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ ခံစစ်မှူးကြီးက အမ်းမရိတ်သို့ ၁၂ လ စာချုပ်နဲ့သာ ရောက်ရှိလာတာ ဖြစ်လို့ စာချုပ်လည်း ကုန်ဆုံးတော့မှာပါ။

ပွဲဦးထွက် ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ် ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို အာဆင်နယ်အသင်းက လက်ရှိလစာရဲ့ နှစ်ဆ ပေါင် ၇သောင်းခွဲ ထိ တိုးပေးဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်အသင်းခေါ်ယူဖို့ကြိုးစားနေတဲ့ ရန်းစ်တောင်ပံကစားသမား အစ္စမာလီယာဆားကို လက်စတာ အသင်းကပါ ခေါ်ယူဖို့ ကြိုးစား လာပါတယ်။ အသက် ၂၁ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်ဟာ ဒီရာသီရန်းစ်အသင်းအတွက် ၄၈ ပွဲကစားထားပေးခဲ့ရာတွင် သွင်းဂိုး ၁၂ ဂိုးနှင့် ဖန်တီးပေးမူ ၁၁ ကြိမ် ပြုလုပ်ထားကာ ကစားသမားအတွက် တန်ကြေးဟာ ပေါင် ၂၅ သန်းခန့်ရှိနေကြောင်းလည်းသိရသည်။