လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီရာသီ PFA awards အတွက် သူကိုယ်တိုင်က ဒီဘရိုင်းကို မဲပေးခဲ့ကြောင်း ဝန်ခံပါတယ်။

ဟန်ဒါဆန်ဟာ ၂၀၂၀ ခုနှစ်ရဲ့ PFA awards ကို ဒီဘရိုင်း၊ မာနေးနည်းတူ ရေပန်းစား ကစားသမားဖြစ်ခဲ့သူပါ။ ကပ်ဘေးကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေအတွက် ဟန်ဒါဆန်ရဲ့ ကြိုးစားမှုဟာ အသိအမှတ်ပြုဖွယ် ဖြစ်ခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကောင်းယူဖို့ထက် လိဂ်ကစားသမားတွေ အားလုံးနဲ့ တွဲဘက်ပြီး ကူညီရေးကိုပဲ အားသွန်ခဲ့တာဖြစ်တယ်။

လူမှုရေးရာကိစ္စမှာ ဦးဆောင်ဦးရွက် လုပ်နိုင်ခြင်းကြောင့်လည်း ဟန်ဒါဆန်ကို ဗြိတိန်အားကစား ကလောင်ရှင်တွေက ၂၀၂၀ အတွက် အကောင်းဆုံး ကစားသမားကို ပေးခဲ့သေးတာ ဖြစ်ပါတယ်။

ဟန်ဒါဆန်က “ PFA awards အတွက် ကျနော် ဒီဘရိုင်းကို မဲပေးခဲ့ပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ သူနဲ့ ပက်သက်ပြီး လုံလောက်အောင် စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်တော့ပါဘူး။

ကီဗင်က ကမ္ဘာအဆင့် ကစားသမားပါ။ ကမ္ဘာအကောင့်ဆုံး ကွင်းလယ်လူတောင် ဖြစ်နိုင်ပါတယ်။ သူက ကွင်းထဲမှာကော ကွင်းပြင်မှာပါ အဆင့်အတန်းရှိတဲ့ ကစားသမားလို့ ကျနော် ခံစားရတယ်။ ကျနော် ကိုယ်တိုင်ကလည်း ကီဗင်ရဲ့ ပရိသတ်ဖြစ်ပါတယ် ” လို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဒန်ဟန်ဒါဆန်က ပြိုင်ဘက်ပင် ဖြစ်လင့်ကစား လေးစားထိုက်သူကို လေးစားမှုပေးတဲ့ အားကစားစိတ်ဓါတ်ကောင်းကို ပြသခဲ့တာဖြစ်ပြီး မန်စီးတီးကွင်းလယ်လူကို ဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဒီရာသီ PFA awards အတြက္ သူကိုယ္တုိင္က ဒီဘရိုင္းကို မဲေပးခဲ့ေၾကာင္း ဝန္ခံပါတယ္။

ဟန္ဒါဆန္ဟာ ၂၀၂၀ ခုႏွစ္ရဲ႕ PFA awards ကို ဒီဘရိုင္း၊ မာေနးနည္းတူ ေရပန္းစား ကစားသမားျဖစ္ခဲ့သူပါ။ ကပ္ေဘးကာလအတြင္း က်န္းမာေရးဝန္ထမ္းေတြအတြက္ ဟန္ဒါဆန္ရဲ႕ ၾကိဳးစားမႈဟာ အသိအမွတ္ျပဳဖြယ္ ျဖစ္ခဲ့ေပမယ့္ သူကိုယ္တိုင္ နာမည္ေကာင္းယူဖို႔ထက္ လိဂ္ကစားသမားေတြ အားလံုးနဲ႔ တြဲဘက္ျပီး ကူညီေရးကိုပဲ အားသြန္ခဲ့တာျဖစ္တယ္။

လူမႈေရးရာကိစၥမွာ ဦးေဆာင္ဦးရြက္ လုပ္ႏုိင္ျခင္းေၾကာင့္လည္း ဟန္ဒါဆန္ကို ျဗိတိန္အားကစား ကေလာင္ရွင္ေတြက ၂၀၂၀ အတြက္ အေကာင္းဆံုး ကစားသမားကို ေပးခဲ့ေသးတာ ျဖစ္ပါတယ္။

ဟန္ဒါဆန္က “ PFA awards အတြက္ က်ေနာ္ ဒီဘရိုင္းကို မဲေပးခဲ့ပါတယ္။ ကစားသမား တစ္ေယာက္အေနနဲ႔ သူနဲ႔ ပက္သက္ျပီး လံုေလာက္ေအာင္ စကားလံုးေတြနဲ႔ေတာင္ မေဖာ္ျပႏုိင္ေတာ့ပါဘူး။

ကီဗင္က ကမၻာအဆင့္ ကစားသမားပါ။ ကမၻာအေကာင့္ဆံုး ကြင္းလယ္လူေတာင္ ျဖစ္ႏုိင္ပါတယ္။ သူက ကြင္းထဲမွာေကာ ကြင္းျပင္မွာပါ အဆင့္အတန္းရွိတဲ့ ကစားသမားလို႔ က်ေနာ္ ခံစားရတယ္။ က်ေနာ္ ကိုယ္တုိင္ကလည္း ကီဗင္ရဲ႕ ပရိသတ္ျဖစ္ပါတယ္ ” လို႔ ထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။

ေဂ်ာ္ဒန္ဟန္ဒါဆန္က ျပိဳင္ဘက္ပင္ ျဖစ္လင့္ကစား ေလးစားထိုက္သူကို ေလးစားမႈေပးတဲ့ အားကစားစိတ္ဓါတ္ေကာင္းကို ျပသခဲ့တာျဖစ္ျပီး မန္စီးတီးကြင္းလယ္လူကို ဂုဏ္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။