လီဗာပူး ဦးဆောင်တဲ့ ပရီးမီးယားလိဂ် ကြီး ၆ ကြီးက လိဂ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုမို တိုးမြင့်မယ့် အစီအစဉ်အပေါ် ပရီးမီးယားလိဂ်က တုန့်ပြန်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး ရှေ့ထွက်လာခဲ့ပြီး ယူနိုက်တက်ကလည်း ပူးပေါင်း ထောက်ပံ့ပေးထားတဲ့ ဒီကိစ္စဟာ ၂၀၁၇ ခုနှစ်တည်းက စတင်နေတာပါ။ ၁၉၉၂ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ဖြစ်ကာ လိဂ်တွေရဲ့ တည်ဆောက်ပုံတွေကိုပါ အသစ် ပြုပြင်မှုကြီးတွေ ပါဝင်မှာဖြစ်တယ်။

‘Project Big Picture’ လို့ နာမည်ပေးထားတဲ့ ဒီအစီအစဉ်ဟာ ကြီး ၆ ကြီးကို လုပ်ပိုင်ခွင့် ပိုရစေမှာဖြစ်ကာ ၎င်းကလပ်တွေရဲ့ လွှမ်းမိုးမှုကို ပိုကြီးစေမှာပါ။ အဓိက အားဖြင့် ကလပ်တစ်သင်းမှာ မဲတစ်မဲပဲ ပေးခွင့်ရှိတာက ထိပ်သီးအသင်းတွေရဲ့ ဥရောပရေးရာ ကိစ္စတွေမှာ အကြီးကြီး နစ်နာစေခဲ့တာကနေ စတင်လာခြင်းလည်း ဖြစ်ပါတယ်။

ကြီး ၆ ကြီးကတော့ တစ်သင်းကို မဲတစ်ခုဆိုတဲ့ စနစ်နဲ့ ၎င်းတို့ရဲ့ ဥရောပပြိုင်ဆိုင်မှုကို ဒုက္ခပေးနေတဲ့ လိဂ်ဖလားလို ပြိုင်ပွဲကိုပါ ဖယ်ထုတ်လိုက်လိုနေပါတယ်။ အရေးကြီးဆုံးကတော့ ကလပ် ၂၀ အစား ၁၈ သင်းထိ လျော့ချကာ အင်္ဂလန် ထိပ်သီးကလပ်တွေကို ပွဲစဉ်တွေ ပိုနည်းလာစေဖို့ ကြိုးစားလိုနေတာဖြစ်တယ်။

ပရီးမီးယားလိဂ်က ထုတ်ပြန်တဲ့ စာမှာတော့ “ အင်္ဂလန် ဘောလုံးလောကကို ပြန်လည် တည်ဆောက်မယ့် အစီအစဉ်တစ်ခုကို ဗီဒီယာတွေက ချပြလာခဲ့တာကို မြင်ခဲ့ရပါတယ်။

အင်္ဂလိပ်ဘောလုံးက ကမ္ဘာပေါ်မှာ လူကြည့်အများဆုံးဖြစ်တယ်။ အားမာန်အပြည့်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ လိဂ်ပြိုင်ပွဲလည်းဖြစ်တာကြောင့် ကမ္ဘာအနှံ့က စိတ်ဝင်စားခြင်းကို ခံထားရပါတယ်။

ဒီအခြေအနေကို ဆက်ထိန်းဖို့ဆိုရင် အားလုံး အတူတကွ ကြိုးစားဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်ကော အက်ဖ်အေကပါ အနာဂတ် ဘောလုံးပွဲတွေနဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက်တွေကို ကျယ်ပြန့်စွာ ဆွေးနွေးနေပါတယ်။ ပြိုင်ပွဲရဲ့ တည်ဆောက်မှု၊ ပြက္ခဒိန်ကအစ ကိုဗစ်-၁၉ မှာ သက်ရောက်ခဲ့တဲ့ ဘဏ္ဍာရေး အခြေအနေ အားလုံးပါပဲ။

ဘောလုံးမှာ ရှယ်ယာပိုင်ရှင်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအလုပ်ဟာ အားလုံးသော ရှယ်ယာရှင်တွေကို ပါဝင်ပက်သက်စေတဲ့ အခွင့်အရေးကို ပေးဖို့ လိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ရှုထောင့်ကနေ ပြောရမယ်ဆိုရင် ဒီကနေ့မှာ ထွက်ပေါ်လာတဲ့ အဆိုပြုမှု အစီအစဉ်တွေက ကစားပွဲ တစ်ခုလုံးကို ပြင်းထန်တဲ့ သက်ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို EFL ဥက္ကဌက ထောက်ခံမှု လုပ်ပေးထားတာကို သိရတာအတွက်လည်း သိပ်ကို စိတ်ပျက်ရတယ်။

ပရီးမီးယားလိဂ်က ကလပ်တွေနဲ့ ကောင်းမွန်တဲ့ ယုံကြည်မှုဖြင့် အတူ အလုပ်တွဲလုပ်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ကိစ္စမှာ လိုအပ်တဲ့ ရန်ပုံငွေတွေ ရှာပေးဖို့ ကြိုးစားနေပါတယ်။ ဒါကို ဆက်လက် ညိနှိုင်းသွားမှာပါ ” လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ဦးေဆာင္တဲ့ ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီးက လိဂ္ရဲ႕ လုပ္ပိုင္ခြင့္ေတြကို ပိုမို တိုးျမင့္မယ့္ အစီအစဥ္အေပၚ ပရီးမီးယားလိဂ္က တုန္႔ျပန္လာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူး ေရွ႔ထြက္လာခဲ့ျပီး ယူႏိုက္တက္ကလည္း ပူးေပါင္း ေထာက္ပံ့ေပးထားတဲ့ ဒီကိစၥဟာ ၂၀၁၇ ခုနွစ္တည္းက စတင္ေနတာပါ။ ၁၉၉၂ ခုႏွစ္မွာ ေရးဆြဲခဲ့တဲ့ ပရီးမီးယားလိဂ္ စည္းမ်ဥ္းေတြကို ျပင္ဆင္ဖို႔ျဖစ္ကာ လိဂ္ေတြရဲ႕ တည္ေဆာက္ပံုေတြကိုပါ အသစ္ ျပဳျပင္မႈၾကီးေတြ ပါဝင္မွာျဖစ္တယ္။

‘Project Big Picture’ လို႔ နာမည္ေပးထားတဲ့ ဒီအစီအစဥ္ဟာ ၾကီး ၆ ၾကီးကို လုပ္ပိုင္ခြင့္ ပိုရေစမွာျဖစ္ကာ ၄င္းကလပ္ေတြရဲ႕ လႊမ္းမိုးမႈကို ပိုၾကီးေစမွာပါ။ အဓိက အားျဖင့္ ကလပ္တစ္သင္းမွာ မဲတစ္မဲပဲ ေပးခြင့္ရွိတာက ထိပ္သီးအသင္းေတြရဲ႕ ဥေရာပေရးရာ ကိစၥေတြမွာ အၾကီးၾကီး နစ္နာေစခဲ့တာကေန စတင္လာျခင္းလည္း ျဖစ္ပါတယ္။

ၾကီး ၆ ၾကီးကေတာ့ တစ္သင္းကို မဲတစ္ခုဆိုတဲ့ စနစ္နဲ႔ ၄င္းတို႔ရဲ႕ ဥေရာပျပိဳင္ဆုိင္မႈကို ဒုကၡေပးေနတဲ့ လိဂ္ဖလားလို ျပိဳင္ပြဲကိုပါ ဖယ္ထုတ္လိုက္လိုေနပါတယ္။ အေရးၾကီးဆံုးကေတာ့ ကလပ္ ၂၀ အစား ၁၈ သင္းထိ ေလ်ာ့ခ်ကာ အဂၤလန္ ထိပ္သီးကလပ္ေတြကို ပြဲစဥ္ေတြ ပိုနည္းလာေစဖို႔ ၾကိဳးစားလိုေနတာျဖစ္တယ္။

ပရီးမီးယားလိဂ္က ထုတ္ျပန္တဲ့ စာမွာေတာ့ “ အဂၤလန္ ေဘာလံုးေလာကကို ျပန္လည္ တည္ေဆာက္မယ့္ အစီအစဥ္တစ္ခုကို ဗီဒီယာေတြက ခ်ျပလာခဲ့တာကို ျမင္ခဲ့ရပါတယ္။

အဂၤလိပ္ေဘာလံုးက ကမၻာေပၚမွာ လူၾကည့္အမ်ားဆံုးျဖစ္တယ္။ အားမာန္အျပည့္နဲ႔ ျပိဳင္ဆုိင္မႈ ျပင္းထန္လြန္းတဲ့ လိဂ္ျပိဳင္ပြဲလည္းျဖစ္တာေၾကာင့္ ကမၻာအႏွံ႔က စိတ္ဝင္စားျခင္းကို ခံထားရပါတယ္။

ဒီအေျခအေနကို ဆက္ထိန္းဖို႔ဆိုရင္ အားလံုး အတူတကြ ၾကိဳးစားဖို႔ လိုပါတယ္။ ပရီးမီးယားလိဂ္ေကာ အက္ဖ္ေအကပါ အနာဂတ္ ေဘာလံုးပြဲေတြနဲ႔ ပက္သက္ျပီး ဆံုးျဖတ္ခ်က္ေတြကို က်ယ္ျပန္႔စြာ ေဆြးေႏြးေနပါတယ္။ ျပိဳင္ပြဲရဲ႕ တည္ေဆာက္မႈ၊ ျပကၡဒိန္ကအစ ကိုဗစ္-၁၉ မွာ သက္ေရာက္ခဲ့တဲ့ ဘ႑ာေရး အေျခအေန အားလံုးပါပဲ။

ေဘာလံုးမွာ ရွယ္ယာပိုင္ရွင္ေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ဒီအလုပ္ဟာ အားလံုးေသာ ရွယ္ယာရွင္ေတြကို ပါဝင္ပက္သက္ေစတဲ့ အခြင့္အေရးကို ေပးဖို႔ လိုပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ရႈေထာင့္ကေန ေျပာရမယ္ဆိုရင္ ဒီကေန႔မွာ ထြက္ေပၚလာတဲ့ အဆိုျပဳမႈ အစီအစဥ္ေတြက ကစားပြဲ တစ္ခုလံုးကို ျပင္းထန္တဲ့ သက္ေရာက္မႈ ျဖစ္ႏုိင္ပါတယ္။ ဒီကိစၥကို EFL ဥကၠဌက ေထာက္ခံမႈ လုပ္ေပးထားတာကို သိရတာအတြက္လည္း သိပ္ကို စိတ္ပ်က္ရတယ္။

ပရီးမီးယားလိဂ္က ကလပ္ေတြနဲ႔ ေကာင္းမြန္တဲ့ ယံုၾကည္မႈျဖင့္ အတူ အလုပ္တြဲလုပ္ေနတာျဖစ္ျပီး ကိုဗစ္-၁၉ ကိစၥမွာ လိုအပ္တဲ့ ရန္ပံုေငြေတြ ရွာေပးဖို႔ ၾကိဳးစားေနပါတယ္။ ဒါကို ဆက္လက္ ညိႏိႈင္းသြားမွာပါ ” လို႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။