အင်္ဂလန်အသင်းဟာ ညက ဘယ်လ်ဂျီယံနဲ့ ဝင်ဘာလေမှာ ကန်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာတော့ လက်ရှိ ကမ္ဘာ့အဆင့် ၁ ဖြစ်နေတဲ့ ဘယ်လ်ဂျီယံ အသင်းကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံဘက်က လူကာကူရဲ့ ပင်နယ်တီ ဂိုးနဲ့ အရင် ဦးဆောင်ခဲ့တာ ဖြစ်ပြီး အင်္ဂလန်ကလည်း မကြာခင်ပဲ ရက်ဖို့ဒ်က ပင်နယ်တီကနေ တစ်ဆင့် ချေပဂိုး သွင်းယူခဲ့ကာ ဒုတိယပိုင်းမှာ မောင့်က တစ်ဂိုး ထပ်သွင်းခဲ့တာကြောင့် နိုင်ပွဲကောင်း ရရှိခဲ့ပါတယ်။

အင်္ဂလန် ချေပဂိုး ရခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ ပင်နယ်တီဟာ ဟန်ဒါဆန်ကြောင့် ရရှိခဲ့တာ ဖြစ်ပြီး လီဗာပူး အသင်းခေါင်းဆောင်ဟာ အလွယ်တကူ လဲချ ပြခဲ့တယ်လို့ ပွဲအပြီးမှာ ဘယ်လ်ဂျီယံ အသင်းသား မူနီယာက လှောင်ပြောင်ကာ အမူအယာနဲ့ လုပ်ပြခဲ့ပါတယ်။ မူနီယာက ပွဲချိန် အတွင်းမှာ ဟန်ဒါဆန်ရဲ့ ပခုံးကို ခပ်ဖွဖွသာ ထိခဲ့တယ်လို့ ယူဆပြီး အင်္ဂလန်သားကို ရန်စခဲ့တယ် ယူဆရပါတယ်။

ဘယ်လ်ဂျီယံ ခံစစ်မှူးက အလွယ်တကူ လဲကျသွားဟန် လုပ်ပြခဲ့ပေမယ့် ဟန်ဒါဆန်ကတော့ ပြေပြေလည်လည် ပြောဆို ဖြေရှင်းခဲ့ပုံရကာ အချင်းချင်း ပွေ့ဖက်နှုတ်ဆက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ပွဲပြီး ခရာမှုတ်ချိန်မှာ မူနီယာနဲ့ ဟန်ဒါဆန်တို့ ထိုသို့ အပြန်အလှန် ပြောဆိုနေကြတာကို ကင်မရာတွေက မှတ်တမ်းတင်ခဲ့ပြီး ဟန်ဒါဆန်ကတော့ ပါးနပ်စွာ ကိုင်တွယ်ကာ ကောင်းမွန်တဲ့ ပြောဆိုမှု အဖြစ် အဆုံးသတ်နိုင်ခဲ့တာ တွေ့ရပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ဟန်ဒါဆန်က – ” ကျနော့်လူတွေ အရှေ့ကိုသွားနေတုန်း နောက်ကနေ သူ ပခုံးကို လှမ်းဆွဲလိုက်တယ် ခံစားမိခဲ့တယ်။ အဲဒါကလည်း တကယ်ကို ပင်နယ်တီလို့ ကျနော် ထင်ပါတယ်။ ” လို့ ရယ်ရယ် မောမော ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းကတော့ ပွဲအပြီးမှာ ဟန်ဒါဆန် ပင်နယ်တီ ယူခဲ့တဲ့ အနေအထားက ပွဲအတွင်းမှာ မလုပ်သင့်တဲ့ အပြုအမူလို့ ထုတ်ဖော် ဝေဖန်ခဲ့ပါသေးတယ်။ ဟန်ဒါဆန်ဟာ ဒီပွဲမှာ အင်္ဂလန်အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူပြီး အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။

Zawgyi – အဂၤလန္အသင္းဟာ ညက ဘယ္လ္ဂ်ီယံနဲ႕ ၀င္ဘာေလမွာ ကန္ခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာေတာ့ လက္ရွိ ကမၻာ့အဆင့္ ၁ ျဖစ္ေနတဲ့ ဘယ္လ္ဂ်ီယံ အသင္းကို ၂ဂိုး ၁ဂိုးနဲ႕ အနုိင္ရရွိခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံဘက္က လူကာကူရဲ႕ ပင္နယ္တီ ဂိုးနဲ႕ အရင္ ဦးေဆာင္ခဲ့တာ ျဖစ္ျပီး အဂၤလန္ကလည္း မၾကာခင္ပဲ ရက္ဖို႔ဒ္က ပင္နယ္တီကေန တစ္ဆင့္ ေခ်ပဂိုး သြင္းယူခဲ့ကာ ဒုတိယပိုင္းမွာ ေမာင့္က တစ္ဂိုး ထပ္သြင္းခဲ့တာေၾကာင့္ နုိင္ပြဲေကာင္း ရရွိခဲ့ပါတယ္။

အဂၤလန္ ေခ်ပဂိုး ရခဲ့တဲ့ ရက္ဖို႔ဒ္ရဲ႕ ပင္နယ္တီဟာ ဟန္ဒါဆန္ေၾကာင့္ ရရွိခဲ့တာ ျဖစ္ျပီး လီဗာပူး အသင္းေခါငး္ေဆာင္ဟာ အလြယ္တကူ လဲခ် ျပခဲ့တယ္လို႔ ပြဲအျပီးမွာ ဘယ္လ္ဂ်ီယံ အသင္းသား မူနီယာက ေလွာင္ေျပာင္ကာ အမူအယာနဲ႕ လုပ္ျပခဲ့ပါတယ္။ မူနီယာက ပြဲခ်ိန္ အတြင္းမွာ ဟန္ဒါဆန္ရဲ႕ ပခံုးကို ခပ္ဖြဖြသာ ထိခဲ့တယ္လို႔ ယူဆျပီး အဂၤလန္သားကို ရန္စခဲ့တယ္ ယူဆရပါတယ္။

ဘယ္္လ္ဂ်ီယံ ခံစစ္မွဴးက အလြယ္တကူ လဲက်သြားဟန္ လုပ္ျပခဲ့ေပမယ့္ ဟန္ဒါဆန္ကေတာ့ ေျပေျပလည္လည္ ေျပာဆို ေျဖရွင္းခဲ့ပံုရကာ အခ်င္းခ်င္း ေပြ႔ဖက္ႏႈတ္ဆက္ခဲ့တာကိုလည္း ေတြ႔ရပါတယ္။ ပြဲျပီး ခရာမႈတ္ခ်ိန္မွာ မူနီယာနဲ႕ ဟန္ဒါဆန္တို႔ ထိုသို႔ အျပန္အလွန္ ေျပာဆိုေနၾကတာကို ကင္မရာေတြက မွတ္တမ္းတင္ခဲ့ျပီး ဟန္ဒါဆန္ကေတာ့ ပါးနပ္စြာ ကိုင္တြယ္ကာ ေကာင္းမြန္တဲ့ ေျပာဆိုမႈ အျဖစ္ အဆံုးသတ္နုိင္ခဲ့တာ ေတြ႔ရပါတယ္။

ပြဲအျပီး အင္တာဗ်ဴးမွာ ဟန္ဒါဆန္က – ” က်ေနာ့္လူေတြ အေရွ႕ကိုသြားေနတုန္း ေနာက္ကေန သူ ပခံုးကို လွမ္းဆြဲလိုက္တယ္ ခံစားမိခဲ့တယ္။ အဲဒါကလည္း တကယ္ကို ပင္နယ္တီလို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ ရယ္ရယ္ ေမာေမာ ေျဖၾကားခဲ့ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ရြိဳင္ကိန္းကေတာ့ ပြဲအျပီးမွာ ဟန္ဒါဆန္ ပင္နယ္တီ ယူခဲ့တဲ့ အေနအထားက ပြဲအတြင္းမွာ မလုပ္သင့္တဲ့ အျပဳအမူလို႔ ထုတ္ေဖာ္ ေ၀ဖန္ခဲ့ပါေသးတယ္။ ဟန္ဒါဆန္ဟာ ဒီပြဲမွာ အဂၤလန္အသင္း ေခါင္းေဆာင္ အျဖစ္ တာ၀န္ယူျပီး အေကာင္းဆံုး ဦးေဆာင္နိုင္ခဲ့ပါတယ္။